DVB Logo
Home
နိုင်ငံတကာ

ဂါဇာ ဆေးခန်းအနီး အစ္စရေးတိုက်ခိုက်မှုကြောင့် MSF ဝန်ထမ်း ၂ ဦး သေဆုံး

DVB
·
November 29, 2026
Photo: REUTERS/Dawoud Abu Alkas
Photo: REUTERS/Dawoud Abu Alkas
Donate to DVB

 

ဂါဇာကမ်းမြောင်ဒေသကို အစ္စရေးက နိုဝင်ဘာ ၂၇ ရက်မှာ တိုက်ခိုက်လို့ ဆေးခန်းတခု အပြင်ဘက်မှာ ဆေးဘက်ဆိုင်ရာ ပရဟိတအဖွဲ့အစည်းဖြစ်တဲ့ နယ်စည်းမခြား ဆရာဝန်များအဖွဲ့ (MSF)ရဲ့ ဝန်ထမ်း ၂ ယောက်သေဆုံးခဲ့ပါတယ်။ 

ဆေးခန်းဝန်းကျင်မှာ သွေးစွန်းနေတဲ့ ကုလားထိုင်တခုနဲ့ ပေါက်ကွဲမှုကြောင့် ပျက်စီးသွားတဲ့ အရာဝတ္ထုအပိုင်းအစတွေကို နိုဝင်ဘာ ၂၈ ရက်မှာ တွေ့ရပါတယ်။ 

အဆောက်အအုံတွေမှာ MSF အမှတ်တံဆိပ်တွေကို ရှင်းရှင်းလင်းလင်း ဖော်ပြထားပြီး၊ တည်နေရာကိုလည်း အစ္စရေးစစ်တပ်ဆီ အသိပေးထားသလို သူတို့လည်း သိပြီးသားပါလို့ MSFအဖွဲ့က ပြောပါတယ်။ တာဝန်ယူမှု၊ တာဝန်ခံမှု ရှိလာစေဖို့လည်း တောင်းဆိုခဲ့ပါတယ်။ 

အစ္စရေးစစ်တပ်က တိုက်ခိုက်ခဲ့တာကို အတည်ပြုခဲ့ပေမဲ့ သေဆုံးသွားတဲ့ MSF ဝန်ထမ်း ၂ ယောက်က "လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဝန်ထမ်းတွေအဖြစ် ဟန်ဆောင်ထားတဲ့ အကြမ်းဖက်သမားတွေသာ ဖြစ်တယ်” လို့ ပြောပါတယ်။ 

ဒီ တိုက်ခိုက်မှုကြောင့် ဂါဇာမှာ သေဆုံးခဲ့ရတဲ့ MSFဝန်ထမ်းဦးရေ စုစုပေါင်း ၁၇ ယောက် ရှိလာပြီလို့  MSF က ညပိုင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ 

လုံခြုံရေးဝန်ထမ်းတွေအဖြစ် တာဝန်ထမ်းဆောင်နေတဲ့ ဝန်ထမ်းတွေနဲ့ ပတ်သက်ပြီး အစ္စရေးဘက်က စွပ်စွဲပြောဆိုချက်တွေကို MSF ဘက်က ချက်ချင်း မတုံ့ပြန်သေးပါဘူး။

ဂါဇာမှာ MSF ဝန်ထမ်း ၂ ယောက်သတ်ဖြတ်ခံရမှုအပေါ် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) အကြီးအကဲ တေဒရို အဒ်ဒါနွန် ဂေဘရီယေးဆပ်က X လူမှုကွန်ရက်ပေါ်ကနေ ရှုတ်ချခဲ့ပါတယ်။ 

အစ္စရေးဟာ ဟားမတ်စ်အဖွဲ့ကို ပစ်မှတ်ထားတယ်လို့ ပြောရင်း ဆက်ပြီး တိုက်ခိုက်နေပေမဲ့ တိုက်ခိုက်မှုတွေကြောင့် အရပ်သား အများအပြား သေဆုံးခဲ့ရပါတယ်။ 

အခြေအနေတချို့မှာ ဆေးဘက်ဆိုင်ရာ အဆောက်အအုံတွေက သူတို့ရထားတဲ့ အကာအကွယ် အပေးခံရမှု အဆင့်အတန်းကို ဆုံးရှုံးသွားနိုင်ပေမဲ့ စစ်ပွဲအတွင်း ဆေးရုံတွေကို တိုက်ခိုက်ရတဲ့ အကြောင်းရင်းကို မျှမျှတတ ရှင်းပြနိုင်မဲ့ ခိုင်လုံတဲ့ အထောက်အထားတွေကို အစ္စရေးဘက်က မတင်ပြနိုင်ဘူးလို့ လူ့အခွင့်အရေးအဖွဲ့တွေက ပြောပါတယ်။

Source: Reuters

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013