DVB Logo
Home
မြန်မာသတင်း
KNU တပ်မဟာ ၁ နယ်မြေ၌ စစ်တပ်က နေအိမ်များကို မွှေနှောက်ပြီး တပ်ပြန်ဆုတ်
DVB
·
March 6, 2026
KNU တပ်မဟာ ၁ နယ်မြေ၌ စစ်တပ်က နေအိမ်များကို မွှေနှောက်ပြီး တပ်ပြန်ဆုတ်
Donate to DVB

မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်၊ သိမ်ဇရပ်မြို့က ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ ၁ နယ်မြေကို စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ် ပြန်လည်ဆုတ်ခွာသွားပြီး အရပ်သားပိုင် ပစ္စည်းတွေကို ယူသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

သိမ်ဇရပ်မြို့မှာ တလကျော်ကြာ အင်အား ၄၀၀ ဝန်းကျင်နဲ့ စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ် ဟာ မနေ့က မနက် ၇ နာရီဝန်းကျင်မှာ တပ်ဆုတ်သွားပြီး ဖာပွန်ဘက်ကို စစ်ကြောင်း တက်သွားတယ်လို့ ဆိုပါတယ်။

ဒေသခံတယောက်က “သူတို့ ရွာတွေမှာ တပ်စွဲပြီးတော့ အရပ်သားတွေရဲ့ နေအိမ်တွေကို ဖောက်ထွင်း ဝင်မွှေသွားတာ။ တိုက်ပွဲဖြစ်တော့ ရွာသားတွေက ထွက်ပြေးနေရတယ်လေ။ ရေခဲသေတ္တာကအစ တန်ဖိုးရှိတဲ့ပစ္စည်းမှန်သမျှ ကားနဲ့သယ်ယူပြီး တပ်ပြန်ဆုတ်သွားတာ။ ကြားတာတော့ သိမ်ဇရပ်တပ်ထဲကို သယ်သွားတယ်လို့ ကြားတယ်” လို့ DVB ကို ပြောပါတယ်။

KNU တပ်မဟာ ၁ ထဲကို စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်တွေဟာ ဖေဖော်ဝါရီ ၉ ရက်က စစ်ကွင်း၊ မုက္ခမော့ရွာတွေမှာ တိုက်ပွဲဖြစ်ပြီး တော်လှန်ရေးရဲဘော် ၃ ယောက်နဲ့ စစ်ကောင်စီတပ်ဘက်က ၇ ယောက် ကျဆုံးတယ်လို့ ဆိုပါတယ်။

အဲဒီနောက် စစ်ကောင်စီတပ်ဟာ ခရွဲရွာကို စစ်ကြောင်းထပ်ထိုးလာပြီး ကျောက်ပုံကြီး၊ ကျောက်ရေတွင်း၊ ဝင်းကံရွာတွေမှာ တပ်စွဲထားတာကြောင့် တော်လှန်ရေးတပ်တွေက ရှော့တိုက်ဒုံးနဲ့ ပစ်ခတ်တာ၊ ဒရုန်းနဲ့တိုက်ခိုက်တာတွေ လုပ်ခဲ့တယ်လို့ သိရပါတယ်။

တော်လှန်ရေးရဲဘော်တယောက်က “မနေ့က တော်လှန်ရေးတပ်တွေ ရွာတွေထဲဝင်ပြီး နယ်မြေ ရှင်းလင်းတော့ စစ်ကွင်း၊ မုက္ခမော့၊ ကျောက်ပုံကြီး၊ ခရွဲ၊ ကျောက်ရေတွင်း၊ ဝင်းကံရွာတွေက နေအိမ်တွေကို စစ်ကောင်စီတပ်တွေ ဖောက်ထွင်းဝင်မွှေသွားတာ တွေ့ရတယ်” လို့ ပြောပါတယ်။

တလကျော်ကြာ ကာလအတွင်းမှာ စစ်ကောင်စီတပ်ဟာ ကျောက်ပုံကြီးရွာက ဂိတ်မှာ တပ်စွဲတာ၊ ကျောက်ရေတွင်းရွာက နေအိမ်တွေမှာ တပ်စွဲနေတာ၊ ဝင်းကံရွာက ဘုန်းကြီးကျောင်းမှာ တပ်စွဲတာ၊ ခရွဲနဲ့ မုက္ခမော့ရွာအပြင်မှာ အခြေချ တပ်စွဲတာတွေ လုပ်ခဲ့တယ်လို့ ဆိုပါတယ်။

တော်လှန်ရေးတပ်တွေနဲ့ ပြီးခဲ့တဲ့လ ၉ ရက်က တိုက်ပွဲဖြစ်ပြီးတဲ့နောက် ၁၀ ရက်နေ့ကစလို့ ခရွဲ၊ ချောင်းဝ၊ ဝင်းကံရွာတွေက KNU နဲ့ ဆပ်စပ် နေအိမ် ၅ လုံးကိုလည်း မီးရှို့ဖျက်ဆီးသွားတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate၂၀၂၅ စစ်အာဏာရှင်ရွေးကောက်ပွဲ ရလဒ်များ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013