DVB Logo
Home
နိုင်ငံတကာ
ဘယ်လိုစတေးမှုမျိုးပဲရှိရှိ လက်နက်မချဟု ဟစ်ဇ်ဘိုလာ ခေါင်းဆောင်ပြော
DVB
·
March 6, 2026
ဘယ်လိုစတေးမှုမျိုးပဲရှိရှိ လက်နက်မချဟု ဟစ်ဇ်ဘိုလာ ခေါင်းဆောင်ပြော
Donate to DVB

အစ္စရေးရဲ့ လက်ဘနွန်အပေါ် လက်ရှိတိုက်ခိုက်မှုတွေဟာ ကြိုတင်ပြင်ဆင်ထားတဲ့ ရန်လိုမှု ဖြစ်တယ်လို့ ဟစ်ဇ်ဘိုလာအဖွဲ့ရဲ့ ခေါင်းဆောင်သစ် နာအီးမ်ကက်ဆမ်က ပြောကြားလိုက်ပါတယ်။

အစ္စရေးအနေနဲ့ စစ်ရေးလှုပ်ရှားမှုတွေကို ရပ်တန့်ပြီး တောင်ပိုင်းလက်ဘနွန်ကနေ စစ်တပ်တွေကို ရုပ်သိမ်းပေးဖို့ တောင်းဆိုခဲ့ပါတယ်။

ဒါဟာ တိုက်ပွဲတွေ စတင်ဖြစ်ပွားပြီးနောက်ပိုင်း ပထမဆုံးအကြိမ် ရုပ်သံမိန့်ခွန်းပြောကြားခဲ့တာ ဖြစ်ပါတယ်။

ကက်ဆမ်က “အစ္စရေးက ဒုံးကျည်တွေနဲ့ အပစ်ခံရပြီးမှ ပြန်တိုက်တာ မဟုတ်ပါဘူး။ သူတို့ဟာ ဒီကျူးကျော်မှုအတွက်ရော၊ ပစ်မှတ်တွေအတွက်ရော ကြိုတင်ပြင်ဆင်ထားခဲ့တာပါ” လို့ ပြောဆိုပါတယ်။

အစွမ်းကုန် စတေးခံပြီး ရင်ဆိုင်ဖို့ရှိပြီး ဘယ်လိုစတေးမှုမျိုးပဲရှိရှိ လက်နက်ချမှာ မဟုတ်ဘူလို့လည်း ကက်ဆမ်က ဆိုပါတယ်။

“ကျနော်တို့ဟာ လက်ဘနွန်နိုင်ငံမှာ ကျနော်တို့လူထု၊ ကျနော်တို့ ကလေးတွေရဲ့ အနာဂတ်နဲ့ ကျနော်တို့နိုင်ငံကို ကာကွယ်ဖို့ တိုက်ပွဲဝင်နေကြတာ ဖြစ်ပါတယ်။ ဒီတိုက်ပွဲဟာ တခြားဘယ်တိုက်ပွဲနဲ့မှ မပတ်သက်ပါဘူး။ ကျနော်တို့ လိုချင်တာက အစ္စရေးနဲ့ အမေရိကန်တို့ရဲ့ တိုက်ခိုက်မှုတွေ ရပ်တန့်ပြီး အစ္စရေးဘက်က ဆုတ်ခွာသွားဖို့ပါပဲ။”

မတ် ၂ ရက်မှာ ဟစ်ဇ်ဘိုလာက အစ္စရေးကို ဒရုန်းတွေ၊ ဒုံးကျည်တွေနဲ့ စတင်တိုက်ခိုက်ခဲ့တာကြောင့် အစ္စရေးဘက်က လက်တုံ့ပြန် တိုက်ခိုက်ခဲ့ရာမှာ လူပေါင်း ဒါဇင်နဲ့ချီ သေဆုံးခဲ့ရပါတယ်။

ဟစ်ဇ်ဘိုလာအဖွဲ့ကတော့ အမေရိကန်နဲ့ အစ္စရေးတို့ရဲ့ တိုက်ခိုက်မှုကြောင့် အီရန်ရဲ့ အမြင့်ဆုံးခေါင်းဆောင် အယာတိုလာ အလီ ခါမနီ သေဆုံးခဲ့မှုအတွက် တုံ့ပြန်တာလို့ ဆိုပါတယ်။

အစ္စရေးစစ်တပ် ပြောရေးဆိုခွင့်ရှိသူ အက်ဖီဒက်ဖရင်ကတော့ အစ္စရေးစစ်တပ်ဟာ ၄၈ နာရီအတွင်း လက်ဘနွန်နိုင်ငံ အနှံ့ရှိ ဟစ်ဇ်ဘိုလာပစ်မှတ်ပေါင်း ၂၅၀ ကျော်ကို တိုက်ခိုက်ခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်။

အစ္စရေးဟာ ၁၉၇၈ ခုနှစ်ကတည်းက လက်ဘနွန်ကို အကြိမ်ကြိမ် ကျူးကျော်ခဲ့သလို တောင်ပိုင်းဒေသတချို့ကိုလည်း ၂၀၀၀ ပြည့်နှစ်အထိ သိမ်းပိုက်ထားခဲ့တာပါ။

အဲဒီနောက်မှာတော့ ဟစ်ဇ်ဘိုလာတွေရဲ့ ပြောက်ကျားစစ်ကြောင့် အစ္စရေးစစ်တပ်ဟာ ပြန်ဆုတ်ခွာပေးခဲ့ရတာ ဖြစ်ပါတယ်။

Source: Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013