DVB Logo
Home
နိုင်ငံတကာ
ဘန်ကောက်တွင် အွန်လိုင်းလောင်းကစားဝိုင်းဖွင့်သည့် ဗီယက်နမ် ၁၀၀ နီးပါး ဖမ်းဆီးခံရ
DVB
·
March 5, 2026
ဘန်ကောက်တွင် အွန်လိုင်းလောင်းကစားဝိုင်းဖွင့်သည့် ဗီယက်နမ် ၁၀၀ နီးပါး ဖမ်းဆီးခံရ
Donate to DVB

ထိုင်းနိုင်ငံ၊ ဘန်ကောက်၊ ဟွေ့ခဝမ်နယ်မြေထဲမှာ တရားမဝင် အွန်လိုင်းလောင်းကစားမှု အမျိုးမျိုး လုပ်ဆောင်နေတဲ့ ဗီယက်နမ်နိုင်ငံသား အယောက် ၁၀၀ နီးပါးကို သက်သေခံပစ္စည်းတွေနဲ့အတူ ဖမ်းဆီးရမိတယ်လို့ ထိုင်းအမျိုးသားရဲတပ်ဖွဲ့က ပြောပါတယ်။

ဟွေ့ခဝမ်နယ်မြေ၊ ဘန်ကပီရပ်ကွက်၊ ဖရာ့ရမ်း ၉ လမ်း၊ RCA အဆင့်မြင့်ကွန်ဒိုထဲမှာ  နိုင်ငံခြားသားတွေ မသင်္ကာဘွယ်ရာ အလုပ်လုပ်နေကြောင်း တိုင်ကြားချက်ရတာကြောင့်  ဆိုင်ဘာရဲတပ်ဖွဲ့၊ မက္ကဆန်နယ်မြေရဲတပ်ဖွဲ့၊ လဝကနဲ့ အုပ်ချုပ်ရေးပိုင်းတို့ ပါဝင်တဲ့ ပူးပေါင်းအဖွဲ့ဟာ မတ် ၄ ရက် ညနေက သွားရောက်စစ်ဆေးခဲ့ကြတယ်လို့ ထိုင်းအမျိုးသားရဲတပ်ဖွဲ့ ဒုရဲချုပ် ဝပ်ဆန်ဒေချ အက္ခရကဆေမ်က ပြောပါတယ်။

အဆိုပါနေရာဟာ အဆင့်မြင့်ကွန်ဒို ပထမထပ်မှာ တည်ရှိပြီး အစောင့်နဲ့ အဝင်အထွက်တံခါးကို အမြဲပိတ်ထားတယ်၊ သန့်ရှင်းရေးအလုပ်သမားတောင်မှ အထဲထိဝင်လို့မရဘဲ ဧည့်မျက်နှာစာထိသာ သန့်ရှင်းရေးလုပ်ရတယ်၊ နိုင်ငံခြားသား အဝင်အထွက် အမြဲရှိပြီး ၂၄ နာရီ အလုပ်လုပ်တယ်ဆိုပြီး တိုင်ကြားချက် ရထားတယ်လို့ ဆိုပါတယ်။

တာဝန်ရှိသူတွေ သွားရောက်စစ်ဆေးရာမှာ အထဲမှာ လူ ၉၄ ယောက် ကွန်ပြူတာတွေ၊ ဖုန်းတွေနဲ့ အလုပ်လုပ်နေတာ တွေ့ရတယ်၊ သူတို့အားလုံး ဗီယက်နမ်နိုင်ငံသားတွေဖြစ်ပြီး ဘောလုံးပွဲ၊ ဂိမ်းစ် အစရှိတဲ့ အွန်လိုင်းလောင်းကစား အမျိုးမျိုးဖွင့်တယ်၊ ဝင်ကစားသူတွေမှာလည်း ဗီယက်နမ်နိုင်ငံက လူတွေဖြစ်တယ်၊ အဲဒီနေရာကနေ တယ်လီဖုန်းမျိုးစုံ အလုံး ၃၀၀ ကျော်၊ ကွန်ပြူတာနဲ့ နုတ်ဘုတ် ၅၀ ကျော် သက်သေခံပစ္စည်းအဖြစ် ဖမ်းဆီးရမိတယ်လို့ ဆိုပါတယ်။

ဘာသာပြန်နဲ့ စစ်ဆေးမေးမြန်းရာမှာ တချို့က တရားဥပဒေနဲ့ညီညွတ်တဲ့ အလုပ်ကိုသာ လုပ်လိုပါကြောင်း၊  ထိုင်းဘတ် တလ ၃၀,၀၀၀ နဲ့ညီမျှတဲ့ လစာနဲ့ ကွန်ပြူတာဝန်ဆောင်မှုအလုပ် ရမယ်ဆိုလို့ ဝင်လုပ်တာ၊ တကယ်တမ်းတော့ အွန်လိုင်းလောင်းကစား ဖြစ်နေတယ်လို့ ဖွင့်ဟဝန်ခံပါတယ်။

သူတို့ဟာ ထိုင်းနိုင်ငံကို အလည်အပတ်ဗီဇာနဲ့ ဝင်ရောက်လာတယ်၊ အဆိုပါအလုပ်ရဲ့ ခေါင်းဆောင် ဘယ်သူလဲ ဆိုတာတော့ ဘယ်သူမှ မပြောနိုင်ပါဘူး။

အဆိုပါတိုက်ခန်းကို‌တော့ ဒီမတိုင်ခင်က ကုမ္ပဏီကြီးတခုက ငှားရမ်းခဲ့တယ်၊ ဒီလူတွေကတော့ ဒီနှစ် ဇန်နဝါရီလပိုင်းလောက်ကမှ ဝင်ရောက်လာတာလို့ အနီးနားနေထိုင်သူတွေက ပြောပါတယ်။

တာဝန်ရှိသူတွေက အဆိုပါ ဗီယက်နမ် ၉၄ ယောက်ကို မက္ကဆန်နယ်မြေရဲစခန်းမှာ ဖမ်းဆီးထားပြီး တရားမဝင် အွန်လိုင်းလောင်းကစားလုပ်မှု၊ နိုင်ငံခြားသားဖြစ်ပြီး ခွင့်ပြုချက်မရဘဲ အလုပ်ဝင်ရောက် လုပ်ကိုင်မှုတွေနဲ့ အရေးယူသွားမယ်၊ ကွန်ဒိုငှားရမ်းသူ အမည်ပေါက်သူနဲ့ ကွင်းဆက်တွေပါ ဆက်လက်စုံစမ်း စစ်‌ဆေးအရေးယူသွားမယ်လို့ ဆိုပါတယ်။

Source: Police TV / Bright TV

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013