DVB Logo
Home
မြန်မာသတင်း
ဗဟိုမိုဘိုင်းဖုန်း စက်ပစ္စည်းသက်သေခံစနစ် အသုံးပြုမည်ဟု စစ်ကောင်စီကြေညာ
DVB
·
March 5, 2026
ဗဟိုမိုဘိုင်းဖုန်း စက်ပစ္စည်းသက်သေခံစနစ် အသုံးပြုမည်ဟု စစ်ကောင်စီကြေညာ
Donate to DVB

ဗဟိုမိုဘိုင်းဖုန်း စက်ပစ္စည်းသက်သေခံစနစ် (CEIR) ကို မတ်လ ပထမအပတ်မှာ စတင်အသုံးပြုတော့မယ်လို့ စစ်ကောင်စီက မတ် ၅ ရက်ထုတ် သတင်းစာမှာ ကြေညာပါတယ်။

မိုဘိုင်း လက်ကိုင်ဖုန်းတွေရဲ့ IMEM နံပါတ်ကို ဗဟိုမိုဘိုင်း စက်ပစ္စည်းမှတ်ပုံတင်စနစ် CEIR မှာ မှတ်ပုံတင်ပြီးမှသာ နိုင်ငံတွင်းက ဆက်သွယ်ရေးကွန်ရက်တွေနဲ့ ချိတ်ဆက် အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။

လက်ရှိအသုံးပြုနေတဲ့ မိုဘိုင်းဖုန်းတွေကိုတော့ အခွန်ပေးဆောင်ရန်မလိုဘဲ CEIR စနစ်ထဲ ခွင့်ပြုစာရင်းမှာ အလိုအလျောက်ထည့်ပေးထားလို့ ဆက်လက်အသုံးပြုခွင့်ပေးမှာဖြစ်လို့ မတ် ၃၁ ရက် နောက်ဆုံးထားပြီး MPT၊ U9၊ ATom၊ Mytel စတဲ့ ဆင်းကတ်တွေထည့်ပြီး ဖွင့်လှစ်အသုံးပြုဖို့ လိုအပ်မှာ ဖြစ်ပါတယ်။

မိုဘိုင်းလက်ကိုင်ဖုန်းနဲ့ မိုဘိုင်းစက်သွယ်ရေးပစ္စည်းတွေကို ပြည်ပက တင်သွင်းလိုတဲ့ ကုမ္ပဏီတွေ အနေနဲ့ ကျသင့်အခွန်တွေ ပေးဆောင်ပြီးပါက CEIR စနစ်ထဲ အလိုအလျောက် ထည့်ပေးသွားမှာ ဖြစ်ပါတယ်။

ဧပြီ ၁ ရက်ကစပြီး ခွင့်ပြုစာရင်းမှာမပါတဲ့ မိုဘိုင်းလက်ကိုင်ဖုန်းတွေကို ရက်ပေါင်း ၃၀ ယာယီအသုံးပြုခွင့်ပေးမှာဖြစ်ပြီး ကျသင့်ခွန်နဲ့ ဒဏ်ငွေတွေ ပေးဆောင်ပြီးမှသာ ဆက်လက် အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။

နယ်စပ်ဒေသ အင်တာနက်ရရှိဖို့ ခက်ခဲတဲ့ဒေသတွေက ပြည်သူတွေအနေနဲ့ ပြည်တွင်းအခွန်များဦးစီးဌာနနဲ့ အကောက်ခွန်ရုံး ဦးစီးဌာနတွေမှာ ကျသင့်အခွန်နဲ့ ဒဏ်ငွေတွေ ပေးဆောင်ရမယ်လို့ ဆိုထားပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013