DVB Logo
Home
ငြိမ်းချမ်းရေး/စစ်ရေး
ဗိုလ်ချုပ်ကြီး ရဲဝင်းဦးကို ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ရာထူးတိုးပေး
DVB
·
March 4, 2026
ဗိုလ်ချုပ်ကြီး ရဲဝင်းဦးကို ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ရာထူးတိုးပေး
Donate to DVB

ခုန်ပျံကျော်လွှားစနစ်တွေနဲ့ ရာထူးတိုးလာတဲ့ ဗိုလ်ချုပ်ကြီးရဲဝင်းဦးကို မတ် ၂ ရက်မှာ စစ်ခေါင်းဆောင်က ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ရာထူး တိုးပေးလိုက်တယ်လို့ နေပြည်တော် သတင်းအရင်းအမြစ်တွေဆီက သိရပါတယ်။

ဒုဗိုလ်ချုပ်မှူးကြီးစိုးဝင်း တာဝန်ယူထားတဲ့ ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ရာထူးကို လွှဲပေး လိုက်တာဟာ ကြံ့ခိုင်ရေးပါတီအစိုးရသစ်လက်ထက်မှာ တပ်ချုပ်နေရာကို ဗိုလ်ချုပ်ကြီးရဲဝင်းဦးကို လွှဲပေးမလားဆိုတဲ့ ခန့်မှန်းသုံးသပ်ချက်တွေလည်း စစ်တပ်အတွင်းမှာ ပြောဆိုနေတယ်လို့ နေပြည်တော်သတင်းအရင်းအမြစ်က DVB ကို ပြောပါတယ်။

"အစဥ်အလာအရ တပ်ချုပ်နေရာကို ရေချုပ်ကိုလည်းမပေးဘူး။ လေချုပ်ကိုလည်းမပေးဘူး။ ညှိနှိုင်းကွပ်ကဲရေးမှူးကိုပေးတာ။ အမှန်ဆို ကာကွယ်ရေးဦးစီးချုပ်(ကြည်း) နေရာကို ဗိုလ်ချုပ်ကြီး ကျော်စွာလင်းပေးရမှာ အဲ့ဒါမှ အဲ့ကနေ တဆင့်တက်ပြီး တပ်ချုပ်ဖြစ်မှာ။ အခုက ဗိုလ်ချုပ်ကြီး ရဲဝင်းဦးကို ပေးတယ်ဆိုတော့ ကြံ့ခိုင်ရေးအစိုးရသစ်လက်ထက်မှာ ဗိုလ်ချုပ်ကြီးရဲဝင်းဦး တပ်ချုပ်ဖြစ်လာမလား ဆိုတဲ့ ထင်ကြေးပေးတာတွေရှိတယ် "လို့ ပြောပါတယ်။

ပြည်တွင်း ပြည်ပခရီးစဥ်တွေနဲ့ နိုင်ငံတကာသံတမန်တွေနဲ့တွေ့ဆုံပွဲတွေမှာ စစ်ခေါင်းဆောင်က ဗိုလ်ချုပ်ကြီး ကျော်စွာလင်းကို နေရာပေးတာမရှိတာ စရဖချုပ်ဗိုလ်ချုပ်ကြီးရဲဝင်းဦးကို အရေးပေးလာတာကိုကြည့်ရင် တပ်ချုပ်နေရာအတွက် သူ့ကို လျာထားကြောင်းသိသာစေတယ်လို့ စစ်ရေးလေ့လာသုံးသပ်သူ တယောက်က  ထောက်ပြပါတယ်။

"စရဖချုပ်ကနေ ဗိုလ်ချုပ်ကြီးဖြစ်လာတဲ့အထိ ပြည်တွင်းခရီးစဥ်ရော ပြည်ပခရီးစဥ်မှာပါ ရဲဝင်းဦးကိုပဲ မင်းအောင်လှိုင်ကခေါ်တယ်။ နိုင်ငံတကာကို ချပြတယ် ဒါကိုကြည့်ရင် မင်းအောင်လှိုင်က သူနဲ့အချိတ်အဆက်မိမဲ့ သူကိုပဲ တပ်ချုပ်နေရာပေးချင်တဲ့ပုံစံရှိတယ်။ တနည်းအားဖြင့် ပြောရရင် ဦးသန်းရွှေက မင်းအောင်လှိုင်ကို နေရာပေးခဲ့တဲ့ပုံစံအတိုင်းပဲ သွားတာ "လို့ ပြောပါတယ်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် သမ္မတရာထူးကိုယူခဲ့ပါက ဒုဗိုလ်ချုပ်မှူးကြီး စိုးဝင်းကိုပါ ရာ ထူးကနေ အနားယူခိုင်းကာ အတိုင်အပင်ခံကောင်စီမှာ  နေရာပေးမှာဖြစ်တယ်လို့လည်း ခန့်မှန်းနေကြပါတယ်။

၁၉၈၇ ခုနှစ်မှာ OTS ၇၇ ကျောင်းဆင်းဖြစ်တဲ့ ဗိုလ်ချုပ်ကြီးရဲဝင်းဦးမှာ ၁၉၈၈ ခုနှစ် ကနေ ၂၀၀၉ ခုနှစ်အထိ ခြေလျင်ခြေမြန်တပ်ရင်းတွေမှာ ဗိုလ်ကြီးကနေဗိုလ်မှူးအထိ တာဝန်ယူခဲ့ပြီး ၂၀၁၀ မှာ ဒုဗိုလ်မှူးကြီး၊ ၂၀၁၂ ကနေ ၂၀၁၄ အထိ တပ်မ ၁၁ ဒုတပ်မမှူး ဗိုလ်မှူးကြီး၊ ၂၀၁၆ မှာ ဗိုလ်မှူးချုပ် မင်္ဂလာဒုံစစ်ဆေးရုံအုပ်ကြီး ၊ ၂၀၁၈ မှာ အနောက်တောင်တိုင်းတိုင်းမှူး ၊၂၀၂၀ ပြည့်နှစ်မှာ ဒုဗိုလ်ချုပ်ကြီး စရဖချုပ်၊ ၂၀၂၄ခုနှစ် သြဂုတ် ၂၂ ရက်မှာ ဗိုလ်ချုပ်ကြီးအဆင့်ရာထူးတိုးခဲ့တာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013