DVB Logo
Home
မြန်မာသတင်း
ကရင်နီတွင် စက်သုံးဆီ ဈေးတက်ပြီး ဆီပြတ်လပ်
DVB
·
March 4, 2026
ကရင်နီတွင် စက်သုံးဆီ ဈေးတက်ပြီး ဆီပြတ်လပ်
Donate to DVB

ကရင်နီပြည်နယ်မှာ စက်သုံးဆီတွေ ဈေးတက်ပြီး ဆီဆိုင်အများစု ဆိုင်ပိတ်ကုန်တာကြောင့် ဆီပြတ်လပ်လာတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မတ် ၂ ရက် နေ့လယ်ပိုင်းလောက်ကစပြီး ဆီတလီတာကို ၃,၅၀၀ ကျပ်လောက်ကနေ ညနေပိုင်းမှာ ၄,၅၀၀ ကျပ် ဖြစ်သွားကာ ဆီဆိုင်အများစုက ညနေပိုင်းကစပြီး ပိတ်ထားကြတယ်လို့ ဆိုပါတယ်။

ဒေသခံတယောက်က “မနေ့က ၄,၅၀၀ လို့ တန်းတက်သွားတယ်၊ ညနေကျတော့ ကုန်ပြီတဲ့၊ သူတို့သိမ်းထားတာတော့ ရှိရင်ရှိမှာပေါ့၊ ဒီနေ့ဈေးက တလီတာကို ၉,၀၀၀ တဲ့၊ ဈေးက နှစ်ဆမကတက်သွားပြီ၊ ထပ်တက်ဖို့ပဲရှိမယ်ထင်တယ်” လို့ ပြောပါတယ်။

ဆီတပီပါကို ပုံမှန်ဈေး ငွေကျပ် ၆ သိန်းလောက်ကနေ သိန်း ၂၀ လောက်အထိ တက်နိုင်တယ်လို့ ပြောဆိုနေကြတာတွေလည်း ရှိနေပါတယ်။

လက်ရှိ အရှေ့အလယ်ပိုင်းဒေသမှာ စစ်ရေးပဋိပက္ခတွေ ဖြစ်ပွားနေတဲ့အတွက် လောင်စာဆီ တင်သွင်းတဲ့ သင်္ဘောတွေ သွားလာတဲ့ ရေလမ်းကြောင်းတွေမှာ အတားအဆီးတွေ၊ ပိတ်ဆို့မှုတွေ ဖြစ်နေတာကြောင့် မြန်မာနိုင်ငံ နေရာအနှံ့အပြားမှာ စက်သုံးဆီဈေးနှုန်းတွေ မြင့်တက်တာတွေ ရှိလာပြီး ဆီဆိုင်ပိတ်ထားတာတွေလည်း ရှိနေပါတယ်။

ဆီပြတ်လပ်မှုကို ဟန့်တားဖို့အတွက် စစ်ကောင်စီက မတ် ၇ ရက်ကစလို့ အများသုံးယာဉ်မှအပ စုံ ရက်တွေမှာ စုံဂဏန်းပါတဲ့ ယာဉ်၊ မ ရက်တွေမှာ မ ဂဏန်းပါတဲ့ ယာဉ်တွေပဲ မောင်းနှင်အသုံးပြု သွားလာရမယ်လို့ ထုတ်ပြန်ထားတာကြောင့် ပြည်သူလူထုကြားမှာ ဝေဖန်မှုတွေလည်း ရှိနေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013