DVB Logo
Home
မြန်မာသတင်း
နတ်ရေကန်တောင် တိုက်ပွဲပြင်းထန်၊ စစ်ကောင်စီတပ်က လေယာဉ် ၄ စင်းဖြင့်  တိုက်ခိုက်
DVB
·
March 4, 2026
နတ်ရေကန်တောင် တိုက်ပွဲပြင်းထန်၊ စစ်ကောင်စီတပ်က လေယာဉ် ၄ စင်းဖြင့်  တိုက်ခိုက်
Donate to DVB

အမ်း-ပဒါန်းလမ်းရှိ နတ်ရေကန်တောင် လေကြောင်းရန်ကာကွယ်ရေးစခန်းရှိ စစ်ကောင်စီတပ်တွေနဲ့ အာရက္ခတပ်တော် (AA) ပူးပေါင်းတော်လှန်ရေးတပ်တို့ တိုက်ပွဲပြင်းထန်နေပြီး ​လေတပ်က လေယာဉ် ၄ စင်းနဲ့ တိုက်ခိုက်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

မတ် ၂ ရက်က စတင်ပြီး စစ်ကောင်စီတပ်နဲ့ AA ပူးပေါင်းတော်လှန်ရေးတပ်တို့ တိုက်ပွဲ ပြင်းပြင်းထန်ထန် ဖြစ်နေတာလို့ ဒေသခံ စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

မတ် ၂ ရက် ညက ဖြစ်နေတဲ့ နတ်ရေကန်တောင်တိုက်ပွဲမှာ စစ်ကောင်စီတပ်က အထိနာပြီး စခန်းကုန်း မကျဆုံးရေးအတွက် မတ် ၃ ရက်မှာ ဂျက်တိုက်လေယာဉ် ၃ စင်း ၊ Y12 တစင်းတို့နဲ့ ၁၅ ကြိမ်ထက်မနည်း ဗုံးကြဲ တိုက်ခိုက်နေတယ်လို့ နောက်ထပ် စစ်ရေးသတင်းရင်းမြစ်ကလည်း ပြောပါတယ်။

“ပထမ ဂျက်ဖိုက်တာ ၃ စီးလာပြီး နတ်ရေကန် ပတ်ဝန်းကျင်ကို တိုက်ခိုက်တယ်၊ နောက်ထပ် Y12 လာပြီး ဗုံးကြဲတယ်။”

မနေ့ကအထိ တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီစခန်းကုန်း မကျဆုံးရေးအတွက် အခုလို လေကြောင်းအင်အားသုံးပြီး လာရောက်တိုက်ခိုက်နေတာလို့ ဒေသခံ သတင်းရင်းမြစ်က ပြောပါတယ်။

တနှစ်ဝန်းကျင် AA နဲ့ ပူးပေါင်းတော်လှန်ရေးတပ်တွေက နတ်ရေကန်တောင်ကို စားနပ်ရိက္ခာ ထောက်ပို့လမ်းကြောင်း ဖြတ်တောက်ထားပြီး အခု မတ် ၂ ရက်မှာ စစ်ကောင်စီတပ် လေကြောင်းရန်ကာကွယ်ရေး ဗျူဟာကုန်း နတ်ရေကန်တောင်ကို တော်လှန်ရေးဘက်က ပြန်လည်ထိုးစစ်ဆင်တိုက်ခိုက်လာတာပါ။

စစ်ကောင်စီဘက်ကလည်း ကပစ ၁၄၊ ဆုန်ကုန်းအမြောက်တပ်ကနေ စစ်အင်အား ၄၀၀ လောက်ကို လက်နက်ကြီးပစ်ကူပေးပြီး လမ်းဟောင်း၊ လမ်းသစ်ဘက်က စစ်ကြောင်းထိုး တိုက်ခိုက်နေပမဲ့ ဒီနေ့အထိ လမ်းဟောင်းပဇီနဲ့ လမ်းသစ်ဂုတ်ကြီးကို မကျော်နိုင်ဖြစ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013