DVB Logo
Home
နိုင်ငံတကာ
နှစ်ပေါင်း ၂၀ ပြည့် ခွေးအကယ်ဒမီပေးပွဲ လန်ဒန်တွင် ကျင်းပ
DVB
·
March 2, 2026
နှစ်ပေါင်း ၂၀ ပြည့် ခွေးအကယ်ဒမီပေးပွဲ လန်ဒန်တွင် ကျင်းပ
Donate to DVB

ခွေးအကယ်ဒီမီဆုချီးမြှင့်ပွဲဖြစ်တဲ့ Fido ဆု ချီးမြှင့်ပွဲကို မတ် ၁ ရက်က လန်ဒန်မြို့မှာ ကျင်းပခဲ့ပါတယ်။

၂၀၀၇ ခုနှစ်က စတင်ခဲ့တဲ့ Fido ဆုချီးမြှင့်ပွဲဟာ ဒီနှစ်မှာ နှစ်ပေါင်း ၂၀ ပြည့်နှစ်ဖြစ်ပြီး ရုပ်ရှင်ကားတွေမှာ ပါဝင်သရုပ်ဆောင်တဲ့ ခွေးလေးတွေကို ဆုချီးမြှင့်တာ ဖြစ်ပါတယ်။

Guardian သတင်းစာကတော့ Fido ဆုဟာ ခွေးလေးတွေအတွက် အော်စကာဆုဖြစ်တယ်လို့ ဖော်ပြခဲ့ဖူးပါတယ်။

ခွေးအကယ်ဒမီဆုကို ၂၀၀၇ ခုနှစ်ကတည်းက ဆုအမျိုးအစား ၆ မျိုး ပေးခဲ့တာဖြစ်ပြီး ခွေးအစစ်သရုပ်ဆောင်မှု အပါအဝင် ကာတွန်း ခွေးဇာတ်ရုပ်တွေလည်း ဒီဆုပေးပွဲမှာ ထည့်သွင်း ပေးအပ်လေ့ ရှိပါတယ်။

ဒီနှစ်အတွက် The Comedy Canine ဆုကို မာဗ်က ရရှိခဲ့ပြီး Best in World ဆိုတဲ့ နောက်ဆုံးဆုကိုတော့ အမေရိကန် bulldog အမျိုးအစားဖြစ်တဲ့ ဒိုင်ဇီက Dragonfly ဇာတ်ကားနဲ့ အကယ်ဒမီ ရခဲ့ပါတယ်။

ခွေးအကယ်ဒမီ Fido Awards ဆုကို ရုပ်ရှင်ဂျာနယ်လစ်တယောက်ဖြစ်တဲ့ တိုဘီရို့စ်က စတင် တည်ထောင်ခဲ့တာ ဖြစ်ပါတယ်။

ရုပ်ရှင်တွေမှာ ပါဝင်တဲ့ ခွေးလေးတွေကို ကမ္ဘာကနေ အသိအမှတ်ပြုဖို့ ထိုက်တန်တယ်ဆိုတာ ပြသစေချင်တဲ့ ရည်ရွယ်ချက်နဲ့ ဒီပွဲကို ပြုလုပ်တာဖြစ်ပါတယ်။

Source: Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013