DVB Logo
Home
နိုင်ငံတကာ
ပါကစ္စတန် လေကြောင်းတိုက်ခိုက်မှုကြောင့် တာလီဘန် ၃၀၀ ကျော် သေဆုံး
DVB
·
March 1, 2026
ပါကစ္စတန် လေကြောင်းတိုက်ခိုက်မှုကြောင့် တာလီဘန် ၃၀၀ ကျော် သေဆုံး
Donate to DVB

အာဖဂန်နစ္စတန်နဲ့ ပါကစ္စတန်အကြား ကြာသပတေးနေ့ကနေ စနေနေ့အထိ ၉ နာရီအထိ နယ်စပ်ဖြတ်ကျော် တိုက်ပွဲတွေမှာ အနည်းဆုံး လူ ၃၃၁ ယောက်သေဆုံးပြီး ၅၀၀ ကျော် ဒဏ်ရာရရှိခဲ့ကြောင်း ပါကစ္စတန်ရဲ့ သတင်းအချက်အလက်နဲ့ အသံလွှင့်ဌာန ဖက်ဒရယ်ဝန်ကြီး အတ္တုလာတာရာက ပြောပါတယ်။ 

X လူမှုကွန်ရက်မှာတင်ထားတဲ့ ကြေညာချက်မှာ ပါကစ္စတန်တပ်ဖွဲ့တွေဟာ တာလီဘန်စခန်း ၁၀၄ ခုကို ဖျက်ဆီးခဲ့ပြီး တခြားစခန်း ၂၂ ခုကို သိမ်းပိုက်ခဲ့ပြီးတော့ တာလီဘန်ရဲ့ တင့်ကား ၁၆၃ စီးနဲ့ သံချပ်ကာ ယာဉ်တွေကိုလည်း ဖျက်ဆီးခဲ့ကြောင်း တာရာက ပြောပါတယ်။

အာဖဂန်နစ္စတန်နိုင်ငံအတွင်းရှိ နေရာ ၃၇ ခုမှာ လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့တာပါ။   ဒီပမာဏတွေဟာ ပါကစ္စတန် စစ်ဘက်ပြောရေးဆိုခွင့်ရှိသူ အာမက်ရှရစ်ဖ်ချောင်ဒရီက သတင်းထောက်တွေကို အစောပိုင်းက ရှင်းလင်းထားတဲ့ သေဆုံးမှု၊ ထိခိုက်ပျက်စီးမှု အရေအတွက်ကနေ ထပ်ပြီးမြင့်တက်လာတာပါ။  

အာဖဂန်စစ်သွေးကြွတွေဟာ ပါကစ္စတန်နိုင်ငံ၊ ခိုင်ဘာပက်ရှ်တွန်ခွာပြည်နယ်ရှိ နေရာ ၅၃ ခုမှာ ပစ်ခတ်တိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့တယ်လို့ ပါကစ္စတန်စစ်တပ်ရဲ့ မီဒီယာဌာနခွဲဖြစ်တဲ့ ပြည်သူ့ဆက်ဆံရေးဌာန (ISPR) ရဲ့ ညွှန်ကြားရေးမှူးချုပ် ဒုတိယဗိုလ်ချုပ်ကြီး အာမက်ရှာရစ်ဖ်ချောင်ဒရီက သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

အာဖဂန်နစ္စတန်အပေါ် ပါကစ္စတန်ရဲ့ စစ်ဆင်ရေးအားလုံးဟာ စစ်ရေးပစ်မှတ်သက်သက်ဖြစ်ပြီး တိုက်ခိုက်မှုတွေကို ထိန်းထိန်းသိမ်းသိမ်း လုပ်ဆောင်ခဲ့တာကြောင့် အရပ်သားတွေ ထိခိုက်သေဆုံးမှုမရှိဘူးလို့လည်း ချောင်ဒရီက ထောက်ပြခဲ့ပါတယ်။

ပဋိပက္ခစတင်ကတည်းက ပါကစ္စတန်စစ်သား ၁၂ ယောက် သေဆုံးပြီး ၂၇ ယောက် ဒဏ်ရာရရှိကာ တယောက် ပျောက်ဆုံးနေဆဲဖြစ်တယ်လို့လည်း သူက ဆိုပါတယ်။  

ပါကစ္စတန်လေတပ်ဟာ လေကြောင်းတိုက်ခိုက်မှုတွေကို ကာဘူးလ်၊ ကန်ဒါဟာ၊ ပက်တီးယား၊ နန်ဂါဟာ၊ ခို့စ်နဲ့ ပက်တီကာ စတဲ့ ဒေသတွေမှာ ပြုလုပ်ခဲ့တာဖြစ်ပြီး ဒီပစ်မှတ်တွေကို ထောက်လှမ်းရေးသတင်းတွေအရ သေချာရွေးချယ်ခဲ့တာလို့  အလေးအနက် ပြောကြားသွားပါတယ်။ 

နယ်စပ်ဒေသတွေမှာ စစ်သွေးကြွအကြမ်းဖက်မှုတွေ မြင့်တက်လာတာကြောင့် မကြာသေးတဲ့ ရက်ပိုင်းအတွင်း အိမ်နီးချင်း ၂ နိုင်ငံအကြား တင်းမာမှုတွေ မြင့်တက်လာခဲ့တာပါ။

ပါကစ္စတန်အစိုးရကတော့ “တာလီဘန်တွေအနေနဲ့ TTP၊ BLA၊ Daesh (IS) နဲ့ အယ်လ်ကိုင်ဒါတို့လို အကြမ်းဖက်အဖွဲ့တွေကိုပဲ ရွေးမလား၊ ဒါမှမဟုတ် ပါကစ္စတန်နဲ့ မိတ်ဆွေဖြစ်ဖို့ကိုပဲ ရွေးမလား ဆိုတာ ဆုံးဖြတ်ရပါလိမ့်မယ်" လို့ ပြောရေးဆိုခွင့်ရှိသူက သတိပေးသွားပါတယ်။

တာလီဘန်ဘက်ကတော့ သူတို့ဟာ ပါကစ္စတန်ကို တိုက်ခိုက်နေတဲ့ အကြမ်းဖက်အဖွဲ့တွေကို အားပေး ကူညီနေတယ်ဆိုတာကို ငြင်းဆိုထားပါတယ်။

ဒါပေမဲ့ ပြီးခဲ့တဲ့ ကြာသပတေးနေ့က ပါကစ္စတန်စစ်စခန်းတွေကို သူတို့ဘက်က လက်တုံ့ပြန် တိုက်ခိုက်ခဲ့တာ မှန်ကန်ကြောင်းနဲ့ အခုချိန်မှာတော့ တွေ့ဆုံဆွေးနွေးဖို့ အသင့်ရှိနေပြီလို့ ဆိုပါတယ်။ 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013