DVB Logo
Home
နိုင်ငံတကာ
အာဖဂန်နစ္စတန်တွင် တာလီဘန်များ အာဏာရ ၅ နှစ်ပြည့် အထိမ်းအမှတ် ကျင်းပ
DVB
·
August 16, 2026
Photo: Sayed Hassib/Reuters
Photo: Sayed Hassib/Reuters
Donate to DVB

အာဖဂန်နစ္စတန်မှာ အကျပ်အတည်းတွေ မြင့်တက်လာလိမ့်မယ်လို့ အကူအညီပေးရေးနဲ့ လူ့အခွင့်အရေးအဖွဲ့တွေက သတိပေးနေပေမဲ့ တာလီဘန်တွေက သြဂုတ် ၁၅ ရက်မှာ အာဏာရတာ ၅ နှစ်ပြည့် အထိမ်းအမှတ်အနေနဲ့ အစိုးရကို ထိန်းချုပ်ထားနိုင်သူအဖြစ် သရုပ်ဖော်ဖို့ ကြိုးပမ်းနေကြပါတယ်။

ကဘူးလ်မြို့တော်က အရင် အမေရိကန်သံရုံးအပြင်ဘက်မှာ တာလီဘန်တွေရဲ့ သံချပ်ကာယာဉ်တွေက အလံတွေနဲ့ ဆိုင်းဘုတ်တွေကိုချိတ်ဆွဲရင်း အစိုးရက အနောက်တိုင်း လွှမ်းမိုးမှုကို အောင်ပွဲခံတဲ့နေ့လို့ ဖော်ပြရင်း စစ်ရေးပြပွဲနဲ့ ဂုဏ်ပြုခဲ့ကြပါတယ်။

ပြည်သူတွေက သူတို့ရဲ့ နှစ် ၂၀ ကြာ ပုန်ကန်မှုအတွင်း တာလီဘန်တွေကို စွန့်လွှတ်အနစ်နာခံခဲ့ကြပြီး ထောက်ခံခဲ့ကြတယ်လို့ တာလီဘန်အထူးတပ်ဖွဲ့ရဲ့ အကြီးအကဲ မော်လာဝီ မိုဟာမက် အမင်ဂျန်က ပြောပါတယ်။

အခမ်းအနားတက်သူ တချို့က တာလီဘန်ကို ထောက်ခံကြောင်း ပြောခဲ့ကြပြီး လုံခြုံရေး တိုးတက်လာတယ်လို့ နူရူလာက ပြောပါတယ်။ 

ဒါပေမဲ့ တခြားဒေသခံတယောက်က လူငယ်တွေက တခြားနေရာတွေမှာ အခွင့်အလမ်းတွေရှာဖို့ နိုင်ငံကနေ ထွက်ခွာသွားရတာမျိုး မဖြစ်ရအောင် အစိုးရအနေနဲ့ ပညာရေးနဲ့ အလုပ်အကိုင်တွေကို အာရုံစိုက်ဖို့ တောင်းဆိုခဲ့ပါတယ်။ 

အာဖဂန်အမျိုးသမီးတွေဟာ ပြင်းထန်တဲ့ ကန့်သတ်ချက်တွေအောက်မှာ ရှိနေသေးတာ တစိတ်တပိုင်းဖြစ်သလို အာဖဂန်နစ္စတန်နိုင်ငံမှာ ပြီးခဲ့တဲ့ ၅ နှစ်အတွင်း ရင်ဆိုင်ခဲ့ရတဲ့ သဘာဝဘေးအန္တရာယ်နဲ့ လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ အကျပ်အတည်းတွေကို ဖြေရှင်းဖို့ တာလီဘန်တွေဟာ ရုန်းကန်နေရတယ်လို့ နိုင်ငံတကာအဖွဲ့အစည်းတွေနဲ့ ကုလသမဂ္ဂတို့က ပြောပါတယ်။

တာလီဘန်တွေဟာ ၂၀၂၁ ခုနှစ်ကစပြီး အမျိုးသမီးတွေနဲ့ မိန်းကလေးတွေအပေါ် ကန့်သတ်ချက်တွေ ကျယ်ကျယ်ပြန့်ပြန့် ချမှတ်ခဲ့တာပါ။

ကျောင်းသူ ၂ ဒသမ ၅ သန်းကို အလယ်တန်းကျောင်းတွေနဲ့ တက္ကသိုလ်တွေကနေ ဝင်ခွင့်ပိတ်ပင်ခဲ့ပြီး လွတ်လပ်စွာ သွားလာခွင့်ကို ကန့်သတ်ခဲ့တယ်လို့ ကုလသမဂ္ဂအဖွဲ့ခွဲ UNESCO က အစီရင်ခံပါတယ်။

မိုးခေါင်ရေရှားမှု၊ အသက်ဆုံးရှုံးမှု များတဲ့ မြေငလျင်တွေ၊ အိမ်နီးချင်း အီရန်နဲ့ ပါကစ္စတန်တို့က အာဖဂန်နိုင်ငံသားတွေကို နှင်ထုတ်ခြင်းတို့ကြောင့် အာဖဂန်နစ္စတန်ရဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ လိုအပ်ချက်တွေက စံချိန်တင်မြင့်မားတဲ့အဆင့်ကို ရောက်နေပြီလို့ နိုင်ငံတကာ ကယ်ဆယ်ရေးကော်မတီက သြဂုတ် ၁၄ ရက်မှာ သတိပေးခဲ့ပါတယ်။ 

၅ နှစ်ကြာ ပြီးတဲ့နောက် တာလီဘန်အစိုးရကို နိုင်ငံတကာက အသိအမှတ်မပြုသေးဘဲ ရုရှားနိုင်ငံကပဲ တရားဝင်အသိအမှတ်ပြုတဲ့ တခုတည်းသောနိုင်ငံ ဖြစ်လာပါတယ်။ 

တာလီဘန်အဖွဲ့က ဒေသတွင်း၊ တခြားနိုင်ငံတွေကို သံတမန်ရေးနဲ့ စီးပွားရေးအရ ချဉ်းကပ်ခဲ့ပြီး သူတို့ဟာ အစ္စလာမ်ရှာရီယာဥပဒေနဲ့အညီ အမျိုးသမီးတွေရဲ့ အခွင့်အရေးတွေကို လေးစားကြောင်းနဲ့ သံတမန်ဆက်ဆံရေးန၊ စီးပွားရေးသဘောတူညီချက်တွေကို ဆက်တွန်းအားပေးနေတယ်လို့ ပြောခဲ့ပါတယ်။ 

Source: Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013