DVB Logo
Home
မြန်မာသတင်း
သရက်ချောင်းမြို့နယ်၌ စစ်တပ်က အရပ်သား ၇ ဦးကို ဖမ်းဆီး သတ်ဖြတ်
DVB
·
March 1, 2026
သရက်ချောင်းမြို့နယ်၌ စစ်တပ်က အရပ်သား ၇ ဦးကို ဖမ်းဆီး သတ်ဖြတ်
Donate to DVB

တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ်၊ စုံစင်ဖျားရွာအနီးမှာ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်က အမျိုးသမီး ၂ ယောက် အပါအဝင် အရပ်သား ၇ ယောက်ကို ဖမ်းဆီးပြီး ရက်ရက်စက်စက် သတ်ဖြတ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဖေဖော်ဝါရီ ၂၇ ရက်မှာ သရက်ချောင်းမြို့နယ်၊ ဝင်းဝရွာဘက်ကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်က အရပ်သား ၇ ယောက်ကို ဖမ်းဆီး သတ်ဖြတ်ခဲ့ပြီး အလောင်းတွေကို ဖေဖော်ဝါရီ  ၂၈ ရက်က ရာဘာတောထဲမှာ တွေ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒေသခံတယောက်က “အလောင်းတွေတော့ ရွာရောက်ပြီ။ နားကပ်တွေကအစ ချွတ်ထားပြီး နားတွေပါ လှီးထားတာ။ ဒဏ်ရာတွေက ခေါင်းတခုတည်း ပစ်သတ်ခံထားရတာပါ”လို့ ဆိုပါတယ်။

အသတ်ခံရသူတွေထဲမှာ အမျိုးသား ၅ ယောက်နဲ့ အမျိုးသမီး ၂ ယောက်တို့ ဖြစ်ကြပြီး သဲမင်းကုန်းရွာနဲ့ ဆီတောရွာက စစ်ရှောင်တွေ ဖြစ်ကြတယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ (၄) နဲ့ ဒေသခံတွေဆီက သိရပါတယ်။

KNU မြိတ်-ထားဝယ်ခရိုင် အတွင်းရေးမှူး ပဒိုစောအယ်နားက “စစ်တပ်ရဲ့ ခလရ ၄၀၉ ဦးဆောင်တဲ့ ပူးပေါင်းစစ်ကြောင်းက စစ်ကြောင်းထိုးလာပြီး အပြစ်မဲ့ ပြည်သူတွေကို ပစ်သတ်သွားတာပါ”လို့ ပြောပါတယ်။

သရက်ချောင်းမြို့နယ်မှာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ပူးပေါင်းတပ်နဲ့ စစ်ကောင်တပ်တို့ တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီဘက်က ဖေဖော်ဝါရီ ဒုတိယပတ်လောက်ကစလို့ လေကြောင်းတိုက်ခိုက်မှုတွေ တောက်လျှောက်ပြုလုပ်နေပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013