DVB Logo
Home
နိုင်ငံတကာ
မြောက်ကိုရီးယားခေါင်းဆောင်က အရာရှိများကို စနိုက်ပါရိုင်ဖယ်အသစ်များ ပေးအပ်
DVB
·
February 28, 2026
မြောက်ကိုရီးယားခေါင်းဆောင်က အရာရှိများကို စနိုက်ပါရိုင်ဖယ်အသစ်များ ပေးအပ်
Donate to DVB

မြောက်ကိုရီးယားအလုပ်သမားပါတီရဲ့ ညီလာခံအထိမ်းအမှတ်အဖြစ် နိုင်ငံရဲ့ကာကွယ်ရေးသိပ္ပံ အကယ်ဒမီက ထုတ်လုပ်ထားတဲ့ မျိုးဆက်သစ် စနိုက်ပါရိုင်ဖယ်သေနတ်တွေကို အာဏာရပါတီ အဆင့်မြင့်အရာရှိကြီးတွေကို ကင်မ်ဂျုံအန်းက လက်ဆောင်အဖြစ် ပေးအပ်ခဲ့ပါတယ်။

ဖေဖော်ဝါရီ ၂၇ ရက်က (၉) ကြိမ်မြောက် အလုပ်သမားပါတီညီလာခံ မြောက်ကိုရီးယား ခေါင်းဆောင်က ပေးအပ်ခဲ့တာဖြစ်ပြီး အခမ်းအနားကို တက်လာတဲ့ ကင်မ်ရဲ့ သမီးကင်မ်ဂျူအဲနဲ့ ညီမ ကင်မ်ယိုးဂျုံတို့ရဲ့ ထူးခြားတဲ့လှုပ်ရှားမှုတွေကို နိုင်ငံတကာက စောင့်ကြည့်နေကြပါတယ်။

ဒီသေနတ်အသစ်တွေကို “အံ့ဖွယ်လက်နက်”လို့ ခေါ်ဆိုခဲ့ပြီး “ယုံကြည်မှုရဲ့ အမှတ်တံဆိပ်” ဆိုတဲ့ သဘောနဲ့ ပေးအပ်တာဖြစ်တယ်လို့ ကိုရီးယားဗဟိုသတင်းအေဂျင်စီ (KCNA) ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

လက်ဆောင်ပေးအပ်ပွဲမှာ ပါတီရဲ့ ဗဟိုစစ်ကော်မရှင်အဖွဲ့ဝင်တွေ၊ ကိုရီးယားပြည်သူ့တပ်မတော်ရဲ့ အကြီးတန်းတပ်မှူးတွေ၊ အစောင့်တပ်ဖွဲ့တွေရဲ့ အကြီးတန်းတပ်မှူးတွေနဲ့ အထူးကာကွယ်ရေး တပ်ဖွဲ့ဝင်တွေပါ လက်ခံရရှိခဲ့ကြပါတယ်။

အဲဒီထဲမှာ ပါတီဗဟိုကော်မတီအထွေထွေရေးရာဌာန ညွှန်ကြားရေးမှူးလည်းဖြစ်တဲ့ ညီမဖြစ်သူ ကင်မ်ယိုးဂျုံလည်း ပါဝင်ခဲ့ပါတယ်။

နိုင်ငံတော်သတင်းဌာန KCNA က ထုတ်ပြန်တဲ့ ဗီဒီယိုဖိုင်တွေအရ သေနတ်ပစ်လေ့ကျင့်ရေးကွင်းမှာ ကင်မ်ဂျုံအန်းကိုယ်တိုင် ရိုင်ဖယ်တွေနဲ့ ပစ်မှတ်တွေကို ပစ်ခတ်ခဲ့သလို ကင်မ်ယိုးဂျုံလည်း ကိုယ်တိုင် သေနတ်ပစ်တာ၊ တခြားအရာရှိတွေရဲ့ လက်နက်တွေကို စစ်ဆေးပေးပြီး အရာရှိကြီးတွေလည်း သေနတ်ပစ်လေ့ကျင့်ခဲ့ကြပါတယ်။

သမီးဖြစ်သူ ကင်မ်ဂျူအဲကလည်း လေ့ကျင့်ရေးကွင်းမှာ ကိုယ်တိုင် သေနတ်ပစ်တာ၊ မှန်ပြောင်းနဲ့ အမှတ်ပေးဘုတ်ကို ကြည့်ရှုခဲ့ပါတယ်။

တောင်ကိုရီးယား အမျိုးသားထောက်လှမ်းရေးအဖွဲ့ (NIS)ရဲ့ အဆိုအရ ကင်မ်ဂျူအဲကို အများပြည်သူရှေ့ ထင်ထင်ရှားရှား ထုတ်ဖော်လာတာဟာ မူဝါဒရေးရာပိုင်းမှာပါ ပါဝင်ဆောင်ရွက် လာနိုင်ကြောင်း သုံးသပ်ထားပြီး လက်ရှိအခြေအနေမှာလည်း သူ့ကို “ဒုတိယအာဏာအရှိဆုံး ခေါင်းဆောင်” တယောက်အဖြစ် ဆက်ဆံခံနေရပြီလို့ ယူဆရကြောင်း ဆိုပါတယ်။

ဒါ့အပြင် ကင်မ်ဂျူအဲဟာ အခုတပတ်အတွင်း ကျင်းပခဲ့တဲ့ စစ်ရေးပြအခမ်းအနားတွေကိုလည်း တက်ရောက်ခဲ့တာကြောင့် ဖခင်ဖြစ်သူရဲ့ အာဏာကို ဆက်ခံမဲ့သူအဖြစ် ပိုမိုခိုင်မာလာနိုင်တယ်လို့ လည်း သုံးသပ်နေကြပါတယ်။

မြောက်ကိုရီးယားဟာ တပတ်ကြာ ကျင်းပခဲ့တဲ့ နဝမမြောက် ပါတီကွန်ဂရက်ကို စစ်ရေးပြ အခမ်းအနားနဲ့ ပိတ်သိမ်းခဲ့ပါတယ်။

Source:Reuters

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013