
Warner Bros ကို ဝယ်ယူဖို့ လေလံဈေးတိုးမြှင့်ပြီး ကမ်းလှမ်းဖို့ Netflix က ငြင်းဆိုထားပါတယ်။
ဖေဖော်ဝါရီ ၂၆ ရက်က Warner Bros ကို ဝယ်ယူဖို့ Paramount ရဲ့ ကမ်းလှမ်းတဲ့ နောက်ဆုံးဈေးက Netflix ကမ်းလှမ်းချက်ထက် ပိုများနေတဲ့နောက် လေလံဈေးတိုးပြီး ကမ်းလှမ်းဖို့ ငြင်းဆိုထားတာပါ။
Warner Bros ကို ရောင်းချဖို့ ပြီးခဲ့တဲ့နှစ်က ပြုလုပ်ခဲ့တာဖြစ်ပြီး လက်ရှိအချိန်မှာ Paramount က ဈေးအများဆုံး ကမ်းလှမ်းထားတာလည်း ဖြစ်ပါတယ်။
Netflix က Warner Bros ကို ဈေးတိုးမြှင့်ပြီး ဝယ်ယူမှာ မဟုတ်တဲ့ အကြောင်းက CEO ဆာရန်ဒို အိမ်ဖြူတော်ကို ကြာသပတေးနေ့က အလည်အပတ်ရောက်ပြီး နာရီပိုင်းအကြာမှာ ထုတ်ပြန်ခဲ့ တာပါ။
“ဒီအရောင်းအဝယ်ဟာ သတ်မှတ်ဈေးအတိုင်းဆိုရင် မှန်ကန်တဲ့ဝယ်ယူမှု ဖြစ်မှာပါ။ ဘယ်ဈေးနဲ့ ဖြစ်ဖြစ် ဝယ်မယ်ဆိုတာမျိုးကတော့ မှန်ကန်တဲ့ဝယ်ယူမှု မဟုတ်ပါဘူး” လို့ Netflix အမှုဆောင်တွေ က ပြောခဲ့ပါတယ်။
Warner Bros ဟာ ကယ်လီဖိုးနီးယားရဲ့ စီးပွားရေးမှာ အရေးပါတဲ့ ဖျော်ဖြေရေးလုပ်ငန်းဖြစ်ပြီး ဝယ်ယူဖို့ Paramount Skydance ဟာ အမေရိကန်တရားရေးဌာနနဲ့ ဥရောပအဖွဲ့စည်းတွေဆီကနေ ထောက်ခံမှုရဖို့ လိုတယ်လို့လည်း သတင်းတွေက ဖော်ပြပါတယ်။
Paramount Skydance နဲ့ Warner Bros တို့ အရောင်းအဝယ်တွေကြားမှာ အမေရိကန်ရဲ့ အကြီးဆုံးသတင်းဌာနဖြစ်တဲ့ CNN ရဲ့ အနာဂတ်ကလည်း အလှုပ်ခတ်ဆုံးဖြစ်လာမယ်လို့ ဆိုပါတယ်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က Warner Bros ကို ရောင်းချရင် CNN ကိုပါ ရောင်း ချသင့်တယ်လို့ ဒီဇင်ဘာလတုန်းက ပြောခဲ့ဖူးပါတယ်။
CNN ဟာ သူ့ရဲ့မူဝါဒတွေကို ဝေဖန်ခဲ့တာကြောင့် ထရမ့်ပ်က မကြာခဏ တိုက်ခိုက်ပြောဆိုလေ့ ရှိတာလည်း တွေ့ရပါတယ်။
ပြီးခဲ့တဲ့ ဒီဇင်ဘာလတုန်းက Netflix ရဲ့ ကမ်းလှမ်းချက်တချို့ကို Warner Bros က သဘောတူခဲ့ပေမဲ့ Paramount Skydance က အပြိုင်ကမ်းလှမ်းခဲ့တာ ဖြစ်ပါတယ်။
ဒီဇင်ဘာလတုန်းက ရှယ်ယာတခုကို ၂၇ ဒသမ ၇၅ ဒေါ်လာနဲ့ Netflix က ကမ်းလှမ်းခဲ့တာဖြစ်ကာ Paramount က ရှယ်ယာတခုကို ဒေါ်လာ ၃၀ ကနေ ကုမ္ပဏီတခုလုံးအတွက် ၃၁ ဒေါ်လာ တိုးပေးခဲ့တာ ဖြစ်ပါတယ်။
Source: Reuters










