DVB Logo
Home
နိုင်ငံတကာ
BlackPink ကေပေါ့ပ်အဖွဲ့က “DEADLINE” ‌သီချင်းအယ်ဘမ်သစ် ဖြန့်ချိ
DVB
·
February 28, 2026
BlackPink ကေပေါ့ပ်အဖွဲ့က “DEADLINE” ‌သီချင်းအယ်ဘမ်သစ် ဖြန့်ချိ
Donate to DVB

ကမ္ဘာကျော် ကေပေါ့ပ် စူပါစတားအဖွဲ့ဖြစ်တဲ့ BlackPink ဟာ မီနီအယ်ဘမ်အမျိုးအစားဖြစ်တဲ့ “Deadline” လို့ အမည်ပေးထားတဲ့ တေးသီချင်း အယ်ဘမ်အသစ်ကို ဖြန့်ချိလိုက်ပြီ ဖြစ်ပါတယ်။

ဒီအယ်ဘမ်ဟာ BlackPink အဖွဲ့အတွက် တတိယမြောက် ထုတ်ဝေတဲ့ အယ်ဘမ်ဖြစ်ပြီး သီချင်း ၅ ပုဒ်ပါဝင်မှာ ဖြစ်ပါတယ်။

ဖေဖော်ဝါရီလ ၂၇ ရက်နေ့မှာ YG entertainment ကနေ ဖြန့်ချိတာဖြစ်ပြီး ပုံမှန်အယ်ဘမ်တွေထက် အပုဒ်ရေနည်းတဲ့ Extended Play (EP) အမျိုးအစားပဲ ဖြစ်ပါတယ်။ 

Deadline အယ်ဘမ်ထဲမှာ ၂၀၂၅ ခုနှစ် ဇူလိုင်လတုန်းက ထုတ်ထားတဲ့ Jump သီချင်းလည်း ပြန်ပါဝင်လာပါတယ်။

Jump သီချင်းဟာ အဲ့ဒီတုန်းက Billboard Global 200 စာရင်းမှာ ထိပ်ဆုံးနေရာကို ရယူနိုင်ခဲ့ပြီး လူကြိုက်များခဲ့တဲ့ သီချင်းလည်း ဖြစ်ပါတယ်။ 

ဒီ Deadline အယ်ဘမ်မှာ Jump၊ Go ၊ Me and My၊ Champion၊ Fxxxboy  စတဲ့ သီချင်း တွေ ပါဝင်ပြီး အယ်ဘမ်ရဲ့ ကြာမြင့်ချိန် ၁၄ မိနစ်နဲ့ ၅၃ စက္ကန့်ရှိပါတယ်။ 

BlackPink အဖွဲ့ဟာ Deadline အယ်ဘမ်ကိုပြုလုပ်ဖို့ တည်ထားကြောင်း ၂၀၂၃ ခုနှစ်က YG Entertainment က ပြောခဲ့ဖူးပါတယ်။ 

ဖေဖော်ဝါရီ ၂၁ ရက်နေ့က Youtube မှာ SUBSCRIBERS သန်း ၁၀၀ ပြည့်ခဲ့တဲ့ BlackPink အဖွဲ့ဟာ ဖေဖော်ဝါရီ ၂၇ ရက်နေ့ မနက် ၁၂ နာရီမှာ GO သီချင်းကို Youtube မှာ တင်ထားခဲ့ပါတယ်။ 

ဒါဟာ Deadline မီနီအယ်ဘမ်ထဲက ပထမဆုံးသီချင်းကို စတင်ခဲ့တာ ဖြစ်ပြီး ၂ နာရီအတွင်း ကြည့်ရှုသူ ၃ ဒသမ ၈ သန်းရှိခဲ့တာတွေ့ရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013