DVB Logo
Home
နိုင်ငံတကာ
ဆီးရီးယားအစိုးရတပ်နှင့် ဒရူးဇ်လူမျိုးစုအဖွဲ့ အကျဉ်းသားလဲလှယ်
DVB
·
February 27, 2026
ဆီးရီးယားအစိုးရတပ်နှင့် ဒရူးဇ်လူမျိုးစုအဖွဲ့ အကျဉ်းသားလဲလှယ်
Donate to DVB

ဆီးရီးယားအစိုးရနဲ့ တောင်ပိုင်း ဆွေးဒါမြို့ကို ထိန်းချုပ်ထားတဲ့ ဒရူးဇ်လက်နက်ကိုင်အဖွဲ့တွေဟာ ဖေဖော်ဝါရီ ၂၆ ရက်က အကျဉ်းသားလဲလှယ်ခဲ့ကြပြီး ဒါဟာ ပြီးခဲ့တဲ့ နွေရာသီက လူမျိုးစုပဋိပက္ခတွေ ဖြစ်ပွားခဲ့ပြီးနောက်ပိုင်း ပထမဆုံးအကြိမ် လုပ်ဆောင်ခဲ့တာလို့  ဆီးရီးယားအစိုးရရဲ့ ဆွေးဒါ သတင်းပြန်ကြားရေးဌာနက ထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လအတွင်းက ရက်ပေါင်းများစွာ ကြာမြင့်ခဲ့တဲ့ သွေးထွက်သံယို တိုက်ပွဲတွေကြောင့် လူပေါင်းရာနဲ့ချီ သေဆုံးခဲ့ရပြီးနောက် အလုံးစုံ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကြောင့် တိုက်ပွဲတွေ ရပ်တန့်သွားခဲ့တာပါ။

ဒရူးဇ်လူမျိုးစုတွေ အများစုနေထိုင်ရာ ဆွေးဒါပြည်နယ်ဟာ လက်ရှိအချိန်အထိ အစိုးရရဲ့ ထိန်းချုပ်မှုအောက်မှာ မရှိသေးပါဘူး။

၁၄ နှစ်ကြာ ပြည်တွင်းစစ် ဖြစ်ပွားခဲ့ပြီးနောက် ၂၀၂၄ ခုနှစ် ဒီဇင်ဘာလမှာ သမ္မတ ဘာရှာ အယ်လ်အာဆတ်နဲ့ သူ့ရဲ့ ရဲတပ်ဖွဲ့ အုပ်ချုပ်ရေးယန္တရား ရုတ်တရက် ပြိုလဲသွားခဲ့ပါတယ်။

အဲဒီအခြေအနေကြောင့် ဆီးရီးယားနိုင်ငံဟာ လူမျိုးစု ပဋိပက္ခဒဏ်ကို အပြင်းအထန် ခံစားနေရပြီး တနိုင်ငံလုံး အခြေအနေ မတည်ငြိမ်မှုတွေနဲ့ ရင်ဆိုင်နေရပါတယ်။

ကြာသပတေးနေ့က အကျဉ်းသားလဲလှယ်မှုမှာ ဒမတ်စ်ကပ်စ် အစိုးရဟာ မြို့တော်အနီးရှိ အက်ဒြာ ဗဟိုအကျဉ်းထောင်မှာ ဖမ်းဆီးထားတဲ့ ဒရူးဇ်လက်နက်ကိုင် ၆၁ ယောက်ကို ပြန်လွှတ်ပေးခဲ့ပြီး ဒရူးဇ် အမျိုးသားအစောင့်တပ်ဖွဲ့တွေကလည်း ဖမ်းဆီးထားတဲ့ ဆီးရီးယားအစိုးရဝန်ထမ်း ၂၅ ယောက်ကို ပြန်လွှတ်ပေးခဲ့တယ်လို့ မီဒီယာရုံးက ပြောကြားခဲ့ပါတယ်။

အကျဉ်းသားလဲလှယ်မှုကို အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ  (ICRC) က ကူညီဆောင်ရွက်ပေးခဲ့တာပါ‌။

ICRC ရဲ့ ဆီးရီးယားနိုင်ငံဆိုင်ရာ အကြီးအကဲ စတီဖန်စကာလီယန်က “ဒီလုပ်ရပ်ဟာ နောက်ထပ် အကျဉ်းသားတွေ လွှတ်ပေးနိုင်ဖို့နဲ့ ပြီးခဲ့တဲ့ ဇူလိုင်လ ပဋိပက္ခအတွင်း ပျောက်ဆုံးသွားသူတွေရဲ့ ကိစ္စအပါအဝင် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ဆွေးနွေးပွဲတွေအတွက် လမ်းစတခု ဖြစ်လာလိမ့်မယ်လို့ မျှော်လင့်ပါတယ်” လို့ ပါတယ်။

အကျဉ်းသားလဲလှယ်မှု လုပ်ငန်းစဉ်ကို အမေရိကန်အခြေစိုက် လူကုန်ကူးမှု တိုက်ဖျက်ရေး အဖွဲ့ဖြစ်တဲ့ တင်မ်ဘဲလာ့ဒ်ဖောင်ဒေးရှင်းက ကြားဝင်ညှိနှိုင်းပေးခဲ့ပြီး လဲလှယ်မှုက အောင်အောင်မြင်မြင် ပြီးဆုံးသွားတယ်လို့ အစိုးရနဲ့ ဒရူးဇ် သတင်းရင်းမြစ်တွေက ရိုက်တာသတင်းဌာနကို ပြောပါတယ်။

ဒါပေမဲ့ အဲဒီ ဖောင်ဒေးရှင်းဘက်ကတော့ ဒီကိစ္စနဲ့ ပတ်သက်ပြီး လတ်တလော မှတ်ချက်ပေးတာမျိုး မရှိသေးပါဘူး။

Source: Reuters

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013