
သန်း ၆၀ မှာတကြိမ် ကြုံတောင့်ကြုံခဲဖြစ်တဲ့ ၅ မြွှာပူး ကလေးမွေးဖွားမှု တရုတ်နိုင်ငံ ဝူဟန်မှာ ဖြစ်ပွားခဲ့ပါတယ်။
ဝူဟန်မှာရှိတဲ့ အမျိုးသမီးတယောက်ဟာ ဖေဖော်ဝါရီ ၂၆ ရက်က ကလေး ၅ မြွှာပူး မွေးခဲ့တာဖြစ်ပြီး ယောကျ်ားလေးတယောက်နဲ့ မိန်းကလေး ၄ ယောက်တို့ မွေးဖွားခဲ့တာပါ။
မွေးကင်းစကလေးတွေကိုတော့ အထူးစောင့်ရှောက်မှုကို လွှဲပြောင်းထားရတယ်လို့ ရိုက်တာသတင်း က ဖော်ပြထားပါတယ်။
အသက် ၂၄ နှစ်အရွယ် အမျိုးသမီးတယောက်က ၅ မြွှာပူး မွေးခဲ့တာဖြစ်ပြီး လက်ရှိ မိခင်ရောကလေးတွေပါ ကျန်းမာရေး ကောင်းမွန်တယ်လို့ Global Time သတင်းမှာ ဖော်ပြပါတယ်။
၅ မြွှာပူးမွေးဖွားမှုကို ကျန်းမာရေးဝန်ထမ်း အယောက် ၂၀ ကျော်နဲ့ စောင့်ရှောက်နေတယ်လို့လည်း ဆိုပါတယ်။
ကလေးတွေရဲ့ အလေးချိန်က ၈၇၀ ဂရမ်ကနေ ၁၀၃၀ ဂရမ်ကြား ရှိလို့ ၁ ပေါင်ကနေ ၂ ပေါင်ကြား ပဲရှိပါတယ်။
ဒီလို ကလေးအမြောက်အမြား ကိုယ်ဝန်ဆောင်မှုဟာ သန္ဓေသားပျက်ကျမှု အန္တရာယ်များခဲ့ပြီး မွေးဖွားရ ခက်ခဲလေ့ရှိပေမဲ့ ပြီးခဲ့တဲ့ကြာသပတေးနေ့က အောင်အောင်မြင်မြင် မွေးဖွားနိုင်ခဲ့တာ ဖြစ်ပါတယ်။
ဒီလို ၅ မြွှာပူး ကလေးမွေးဖွားမှုမျိုး ၂၀၂၅ ခုနှစ်၊ ဩဂုတ် ၁၉ ရက်တုန်းက အမေရိကန်နိုင်ငံ တက္ကဆက်ပြည်နယ်ရှိ အမျိုးသမီးတယောက်လည်း မွေးခဲ့ဖူးတယ်လို့ ABC သတင်းဌာနက ဖော်ပြခဲ့ဖူးပါတယ်။
ထရီဆာဆိုတဲ့ အသက် ၃၆ နှစ်အရွယ်ရှိတဲ့ အမျိုးသမီးဟာ ၂၀၂၅ ခုနှစ်၊ ဇွန် ၃ ရက်မှာ ၅ မြွှာပူး မွေးခဲ့တဲ့ Single Mom အဖြစ် လူသိများခဲ့ဖူးပါတယ်။
ထရီဆာကိုယ်တိုင်က မွေးချင်းအစ်ကို ၃ ယောက်နဲ့အတူ ၄ မြွှာပူးအဖြစ် မွေးဖွားခဲ့သူဖြစ်တယ်လို့ အဲဒီတုန်းက ဖော်ပြခဲ့ပါတယ်။
Souece: Reuters











