DVB Logo
Home
နိုင်ငံတကာ
ကိုဗစ် ပျံ့နှံ့မှု မူလအစ အချက်အလက်များ မျှဝေရန် တရုတ်ကို WHO တိုက်တွန်း
DVB
·
December 31, 2024
ကိုဗစ် ပျံ့နှံ့မှု မူလအစ အချက်အလက်များ မျှဝေရန် တရုတ်ကို WHO တိုက်တွန်း
Donate to DVB

ဝူဟန်မြို့မှာ စတင်ချိန်ကစလို့ ၅ နှစ်တာကာလ၊ ကိုဗစ်ပျံ့နှံ့မှု မူလအစ အချက်အလက်တွေ မျှဝေဖို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က တရုတ်ကို တိုက်တွန်းလိုက်ပါတယ်။

ကိုဗစ် ၅ နှစ်သမိုင်းမှတ်တမ်း အထိမ်းအမှတ်အဖြစ် ထုတ်ပြန်တဲ့ WHO ကြေညာချက်မှာ ဒီလိုထုတ်ပြန်ပေးဖို့ ဆိုတာဟာ ကျင့်ဝတ်ပိုင်းအရရော၊ သိပ္ပံသဘောတရားအရပါ မရှိမဖြစ် လိုအပ်တဲ့ကိစ္စ ဖြစ်တယ်လို့ ဆိုပါတယ်။

နိုင်ငံတွေအကြားမှာ ပွင့်လင်းမြင်သာမှု၊ မျှဝေမှု၊ ပူးပေါင်းဆောင်ရွက်မှုမရှိဘဲ ကမ္ဘာကြီးဟာ အနာဂတ် ကပ်ရောဂါတွေ၊ ကူးစက်ရောဂါတွေ ပျံ့နှံ့မှုကို သင့်တော်သလို ဟန့်တားနိုင်မှာ မဟုတ်ပါဘူးလို့ WHO ကြေညာချက်မှာ ဖော်ပြပါတယ်။

ဗိုင်းရပ်စ်ဟာ တိရစ္ဆာန်ကနေ လူသားတွေဆီကို သဘာဝအတိုင်း ပျံ့နှံ့တယ်လို့ သိပ္ပံပညာရှင် အများအပြားက ယူဆထားပါတယ်။

ဒါပေမဲ့ တချို့တွေကတော့ ဝူဟန် ဓာတ်ခွဲခန်းတခုကနေ လွတ်မြောက်လာတာ ဖြစ်တယ်ဆိုတဲ့ သံသယကို ကိုင်စွဲထားဆဲ ဖြစ်ပါတယ်။

ကိုဗစ်ပျံ့နှံ့မှုဟာ ဓာတ်ခွဲခန်းက ပျံ့နှံ့တာထက် ဈေးတခုထဲမှာ ကူးစက်ခံထားရတဲ့ တိရစ္ဆာန်တွေကနေ စတင်ပျံ့နှံ့ခဲ့တယ်လို့ သံသယရှိစရာမလိုကြောင်း သိပ္ပံပညာရှင်အဖွဲ့တဖွဲ့က ထုတ်ပြန်ခဲ့ပါတယ်။

၂၀၂၀ ဇန်နဝါရီမှာ ဝူဟန်က ကောက်ယူရရှိခဲ့တဲ့ နမူနာ ရာနဲ့ချီပြီး ဆန်းစစ်ခဲ့အပြီးမှာ အဲဒီကောက်ချက် ထုတ်ပြန်ခဲ့တာပါ။

လွန်ခဲ့တဲ့ ၅ နှစ် ၂၀၁၉ ခုနှစ် ဒီဇင်ဘာ ၃၁ ရက်မှာ ဝူဟန်မြူနီစပယ် ကျန်းမာရေးကော်မရှင်က သူတို့ဝက်ဘ်ဆိုက်မှာ တရုတ်၊ ဝူဟန်က ဗိုင်းရပ်စ်ကြောင့် ဖြစ်တဲ့ နမိုးနီးယား အဆုတ်ရောင်ရောဂါ ဖြစ်စဉ်တွေအကြောင်း သတင်းထုတ်ပြန်ခဲ့မှုကို ကိုဗစ်ရဲ့အစလို့ WHO က သတ်မှတ်တာ ဖြစ်ပါတယ်။

Source : Reuters

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013