DVB Logo
Home
နိုင်ငံတကာ
အက်ပ်စ်တိန်းကိစ္စ ထရမ့်ပ်ကို ကျမ်းကျိန်ထွက်ခိုင်းရန် ဟီလာရီကလင်တန် တောင်းဆို
DVB
·
February 27, 2026
အက်ပ်စ်တိန်းကိစ္စ ထရမ့်ပ်ကို ကျမ်းကျိန်ထွက်ခိုင်းရန် ဟီလာရီကလင်တန် တောင်းဆို
Donate to DVB

လွှတ်တော်ကြားနာပွဲမှာ ဟီလာရီကလင်တန်က လိင်ပွဲစား ဂျက်ဖရီအက်ပ်စတိန်းရဲ့ ပြစ်မှုတွေကို သူ မသိရှိဘူးလို့ ငြင်းဆိုခဲ့ပြီး သမ္မတ ဒေါ်နယ်ထရမ့်ပ်ကိုလည်း ကျမ်းကျိန်ပြီးတော့ ထွက်ဆိုခိုင်းဖို့ တောင်းဆိုခဲ့ပါတယ်။

“အမှန်တရား ပေါ်ပေါက်စေချင်ပါတယ်” လို့ နိုင်ငံခြားရေးဝန်ကြီးဟောင်း ကလင်တန်က တံခါးပိတ် ကြားနာပွဲအပြီးမှာ ပြောကြားခဲ့ပါတယ်။

ခင်ပွန်းဖြစ်သူ သမ္မတဟောင်း ဘီလ်ကလင်တန်ကလည်း ဖေဖော်ဝါရီ ၂၇ ရက်မှာ လာရောက်ထွက်ဆိုဖို့ ရှိနေပါတယ်။

ဖေဖော်ဝါရီ ၂၆ ရက်က ၆ နာရီကြာ ပြုလုပ်ခဲ့တဲ့ ကြားနာပွဲမှာ လွှတ်တော်အမတ်တယောက်က ဓာတ်ပုံရိုက်ပြီး ဖြန့်ဝေခဲ့တဲ့အတွက် ကလင်တန်ရဲ့ ထွက်ဆိုမှုကို ခေတ္တရပ်နားခဲ့ရပါသေးတယ်။

ကလင်တန်က သူဟာ အက်ပ်စတိန်းနဲ့ ဘယ်တုန်းကမှ မဆုံဘူးသလို သူ့ရဲ့လေယာဉ်နဲ့ အိမ်တွေကိုလည်း သွားခဲ့ဖူးခြင်း မရှိဘူးလို့ အခိုင်အမာ ပြောဆိုထားပါတယ်။

ဒါ့အပြင် အက်ပ်စတိန်းရဲ့ မှတ်တမ်းတွေမှာ နာမည်ခဏခဏ ပါဝင်နေတဲ့ ထရမ့်ပ်ကိုလည်း လွှတ်တော်ကနေ တိုက်ရိုက်ဆင့်ခေါ်မေးမြန်းဖို့ သူမက ဖိအားပေးခဲ့ပါတယ်။

ဒီကြားနာပွဲဟာ နိုင်ငံရေးအရ အသုံးချတာဖြစ်တယ်လို့ ကလင်တန်ဇနီးမောင်နှံက ရှုမြင်ထားပြီး အက်ပ်စတိန်းနဲ့ ပတ်သက်လို့ အပြစ်ကျူးလွန်ထားတာ မရှိဘူးလို့ ငြင်းဆိုထားကြပါတယ်။

လွှတ်တော်ကော်မတီဥက္ကဋ္ဌ ဂျိမ်းစ်ကိုမာ ကတော့ ဥပဒေအထက်မှာ ဘယ်သူမှမရှိဘူး ဆိုတာကို ပြသဖို့ အခုလို ခေါ်ယူကြားနာရတာဖြစ်တယ်လို့ တုံ့ပြန်ပြောဆိုထားပါတယ်။

ဘီလ်ကလင်တန်ရဲ့ ထွက်ဆိုမှုဟာ ၁၉၈၃ ခုနှစ်နောက်ပိုင်း လွှတ်တော်မှာ အမေရိကန်သမ္မတဟောင်းတယောက် ပထမဆုံးအကြိမ် လာရောက်ထွက်ဆိုမှုလည်း ဖြစ်လာမှာပါ။

Source: Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013