DVB Logo
Home
နိုင်ငံတကာ
ပိတ်ဆို့မှုများ ရုပ်သိမ်းရန် ထရမ့်ပ်ကို ဗင်နီဇွဲလားသမ္မတ တောင်းဆို
DVB
·
February 27, 2026
ပိတ်ဆို့မှုများ ရုပ်သိမ်းရန် ထရမ့်ပ်ကို ဗင်နီဇွဲလားသမ္မတ တောင်းဆို
Donate to DVB

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ် အနေနဲ့ ဗင်နီဇွဲလားအပေါ် ချမှတ်ထားတဲ့ စီးပွားရေး ပိတ်ဆို့မှုတွေနဲ့ ကုန်သွယ်ရေးတားမြစ်မှုတွေကို အဆုံးသတ်ပေးဖို့ ဗင်နီဇွဲလားနိုင်ငံရဲ့ ကြားဖြတ်သမ္မတ ဒယ်လ်စီ ရိုဒရီဂတ်ဇ်က ဖေဖော်ဝါရီ ၂၆ ရက် မိန့်ခွန်းပြောကြားချိန်အတွင်း တောင်းဆိုလိုက်ပါတယ်။

ရိုဒရီဂတ်ဇ်ဟာ အမေရိကန်နဲ့ဆက်ဆံရေး ပုံမှန်ပြန်ဖြစ်အောင် အဓိကကျတဲ့ သဘောတူညီချက်တွေမှာ ပါဝင်ဆောင်ရွက်နေပြီး ဖေဖော်ဝါရီ ၂၄ ရက်က သမ္မတ ထရမ့်ပ် ပြောကြားခဲ့တဲ့ နိုင်ငံတော်အခြေပြမိန့်ခွန်းမှာ ဗင်နီဇွဲလားကို “မိတ်ဆွေသစ်နဲ့ မိတ်ဖက်နိုင်ငံ” အဖြစ် ရည်ညွှန်းပြောဆိုခဲ့တာကို ရိုဒရီဂတ်ဇ်က ပြန်လည်ထောက်ပြခဲ့ပါတယ်။

ကြာသပတေးနေ့က ဗင်နီဇွဲလားလူငယ်ထုနဲ့ တွေ့ဆုံပွဲတခုမှာ ရိုဒရီဂတ်ဇ်က “ဗင်နီဇွဲလားဟာ အမေရိကန်ရဲ့ရန်သူ ဘယ်တုန်းကမှ မဟုတ်ခဲ့ဘူး” လို့ ပြောကြားခဲ့ပြီး သမ္မတ ထရမ့်ပ် ကိုလည်း “မိတ်ဆွေ” လို့ ခေါ်ဝေါ် သုံးနှုန်းခဲ့ပါတယ်။

တဆက်တည်းမှာပဲ နိုင်ငံအပေါ် ချမှတ်ထားတဲ့ ပိတ်ဆို့မှုတွေကို အဆုံးသတ်ပေးဖို့ တိုက်တွန်းခဲ့ပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလအတွင်းက သမ္မတဟောင်း မာဒူရို ဖမ်းဆီးခံရပြီးကတည်းက သူ့ရဲ့ ဒုသမ္မတဟောင်း ဒယ်လ်စီ ရိုဒရီဂတ်ဇ်က ဗင်နီဇွဲလားနိုင်ငံကို ကြားဖြတ်သမ္မတအဖြစ် ဦးဆောင်အုပ်ချုပ်နေတာ ဖြစ်ပါတယ်။

အမေရိကန်ဟာ ဇန်နဝါရီလမှာ မာဒူရိုကို ဖမ်းဆီးပြီးနောက် ဗင်နီဇွဲလားရဲ့ ရေနံတင်ပို့ရောင်းချမှုတွေကို ထိန်းချုပ်ခဲ့ပြီး အဲဒီနောက်ပိုင်းမှာတော့ အမေရိကန် ဘဏ္ဍာရေးဌာနက ကုမ္ပဏီအချို့ကို ဗင်နီဇွဲလားမှာ ရေနံနဲ့ သဘာဝဓာတ်ငွေ့လုပ်ငန်းတွေ လုပ်ကိုင်ခွင့်ပြုခဲ့ပေမဲ့ ဘဏ္ဍာရေးဝန်ကြီးဌာနရဲ့ နိုင်ငံခြားပိုင်ဆိုင်မှု ထိန်းချုပ်ရေးရုံးက အထူးခွင့်ပြုချက် ရယူဖို့ ကန့်သတ်ချက်တွေတော့ ရှိနေဆဲ ဖြစ်ပါတယ်။

တဖက်မှာလည်း ဗင်နီဇွဲလားလွှတ်တော်ဟာ ယိုယွင်းနေတဲ့ ရေနံလုပ်ငန်းမှာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ ပိုပြီး ဝင်ရောက်လာအောင် ရေနံနဲ့ သဘာဝဓာတ်ငွေ့ဆိုင်ရာ ဥပဒေကို ဇန်နဝါရီလကုန်ပိုင်းမှာ ပြင်ဆင် အတည်ပြုခဲ့ပါတယ်။

အဲဒီဥပဒေအရ အစိုးရအနေနဲ့ လက်ရှိချုပ်ဆိုထားတဲ့ စာချုပ်တွေကို ပြန်လည်သုံးသပ်ဖို့ ၆ လ အချိန်ရရှိမှာ ဖြစ်ပါတယ်။

Source: Reuters

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013