DVB Logo
Home
နိုင်ငံတကာ
ရုရှားအပေါ်  စီးပွားရေးပိတ်ဆို့မှုအသစ် ချမှတ်ရန် G7 နိုင်ငံများ သဘောတူ
DVB
·
June 17, 2026
Photo: Reuters
Photo: Reuters
Donate to DVB

G7 အဖွဲ့ဝင် နိုင်ငံ့ခေါင်းဆောင်တွေက ရုရှားစီးပွားရေးအပေါ် ဖိအားတိုးမြှင့်မှုအဖြစ် ရေနံနဲ့ သဘာဝဓာတ်ငွေ့ အပါအဝင် စွမ်းအင်ဆိုင်ရာ အရေးယူပိတ်ဆို့မှု အသစ်တွေကို ချမှတ်ဖို့အတွက် ကတိပြုခဲ့ပါတယ်။

ဇွန် ၁၇ ရက် မနက်ပိုင်း ကြေညာချက်အရ ယူကရိန်းအတွက် “လေကြောင်းကာကွယ်ရေး စွမ်းဆောင်ရည်တွေ၊ အပိုဆောင်းစနစ်တွေနဲ့ ကြားဖြတ်ပစ်ချရေး အပါအဝင် တာဝေးပစ်ခတ်နိုင်တဲ့ လက်နက်တွေပါ ထပ်တိုးပေးပို့သွားဖို့ ကျနော်တို့ သဘောတူထားတယ်” လို့ ဆိုပါတယ်။

“ဟော်မုဇ်ရေလက်ကြား ပြန်ဖွင့်ရေးနဲ့ ပတ်သက်ပြီး ကျနော်တို့ ထောက်ခံတဲ့ သဘောတူညီချက် တရပ်ကို သမ္မတထရမ့်ပ်က ဆောင်ကြဉ်းပေးနိုင်ခဲ့ပါတယ်။ ဒါဟာ ရုရှားအပေါ်  နောက်ထပ် အရေးယူမှုတွေ ဆက်လက်လုပ်ဆောင်နိုင်မဲ့ အချိန်ကောင်းတခုအဖြစ် ယူဆထားပါတယ်” လို့ ကြေညာချက်ထဲမှာ ဖော်ပြထားပါတယ်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ် ကလည်း အီရန်စစ်ပွဲကာလမှာ ရေနံဈေးကျဖို့အတွက် ဖြေလျှော့ပေးထားတဲ့ ရုရှားအပေါ် ပိတ်ဆို့မှုတွေကို ပြန်လည်အသက်သွင်းလို့ ရပြီဖြစ်တဲ့အကြောင်း ပြောသွားပါတယ်။

လွန်ခဲ့တဲ့လပိုင်းအတွင်း အီရန်စစ်ပွဲအပေါ်မှာသာ ထရမ့်ပ်အစိုးရ အနေနဲ့ အာရုံစိုက်နေရတဲ့ အလျောက် ယူကရိန်းအတွက် ထောက်ပံ့ရေးတာဝန်ကို မဟာမိတ်ဖြစ်တဲ့ ဥရောပနိုင်ငံတွေက ထမ်းထားပေးခဲ့ပါတယ်။

ဒါကြောင့် G7 အဖွဲ့ကြီးက ပထမဆုံး တရားဝင် အစည်းအဝေးကို ယူကရိန်းအရေးနဲ့ စတင်ခဲ့ပြီး သမ္မတ ဗိုလိုဒီမာ ဇလန်းစကီးဟာ အထူးဧည့်သည်တော်အနေနဲ့ တက်ရောက်ခဲ့ပါတယ်။

အလားတူ ဥရောပသမဂ္ဂ (EU) ဟာ ယူရိုငွေ ၉၀ ဘီလီယံဖိုး ချေးငွေအသစ်နဲ့အတူ ယူကရိန်းအတွက် ဘဏ္ဍာရေးအရ အများဆုံးထောက်ပံ့ပေးနေတဲ့ အဖွဲ့အစည်းလည်း ဖြစ်ပါတယ်။

ဥရောပကော်မရှင်ဥက္ကဋ္ဌ အာဆူလာ ဗွန်ဒါ လေယန်ကတော့ “ယူကရိန်းအတွက် ဒီရေ ပြောင်းလဲနေပါပြီ။ ၂၀၂၆ အခြေအနေဟာ ၂၀၂၅ ခုနှစ်နဲ့ အတော်လေး ကွာခြားပါတယ်။ ယူကရိန်းဘက်က ရှေ့တန်းစစ်မျက်နှာကို ရဲရဲဝံ့ဝံ့ ထိန်းထားနိုင်ပါတယ်။ ရုရှားဘက်မှာတော့ စစ်ပန်းနေပြီဆိုတာ သိသာထင်ရှားလာတယ်” လို့ မှတ်ချက်ပြုပါတယ်။

ဒါ့အပြင် တာဝေးပစ်ဒရုန်းတွေနဲ့ တိုက်ခိုက်တာလိုမျိုး ယူကရိန်းရဲ့ ဒရုန်းစစ်ဆင်ရေးဟာ ရုရှားဘက်က ရှေ့တိုးသိမ်းပိုက်လာမှုကို တန်ပြန်နိုင်ခဲ့တဲ့ အဓိကအကြောင်းအရင်းတခု ဖြစ်တယ်လို့လည်း ဆိုပါတယ်။

လက်ရှိ ယူကရိန်းစစ်ပွဲ အဆုံးသတ်နိုင်ဖို့အတွက် “ရုရှားအနေနဲ့ သဘောတူညီမှုတခု ပြုလုပ်သင့်တယ်” ဆိုပြီး ထရမ့်ပ်က “သူတတ်နိုင်တာမှန်သမျှကို လုပ်ဆောင်ပေးသွားမှာ” ဖြစ်ကြောင်း ဖြည့်စွက်ပြောပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013