ဗီယက်နမ် ဒါနန်းလေဆိပ်၌ ရုရှားစစ်လေယာဉ် ၄ စင်း ရပ်နား
ရုရှားစစ်လေယာဉ်တွေက ရုရှားနိုင်ငံ အရှေ့ဖျားဒေသကနေ တောင်ဘက်ဆီ ပျံသန်းလာချိန်မှာ ထိုင်ဝမ်နဲ့ ဂျပန် လေတပ်တွေကို စိုးရိမ်ထိတ်လန့်စေခဲ့ပြီးနောက် ဗီယက်နမ်နိုင်ငံ၊ ဒါနန်းလေဆိပ်က လေယာဉ်ရပ်နားကွင်းမှာ ရုရှားစစ်လေယာဉ် ၄ စင်း ရပ်ထားတာကို နိုဝင်ဘာ ၁၇ ရက် ရက်စွဲပါ ဂြိုဟ်တုဓာတ်ပုံတွေက ဖော်ပြထားပါတယ်။
မြောက်အတ္တလန္တိတ် စစ်ရေးမဟာမိတ်အဖွဲ့ (NATO) က ဝက်ဝံတွေလို့ နာမည်ပေးထားတဲ့ Tu-95 မဟာဗျူဟာမြောက် ဗုံးကြဲလေယာဉ် ၂ စင်းနဲ့ သူတို့ရဲ့ ဘေးတဖက်တချက်မှာ ရပ်နားထားတဲ့ ဆီဖြည့်လေယာဉ် ၂ စင်းတို့ဟာ ဗုဒ္ဓဟူးနေ့အထိ ဒါနန်းလေဆိပ် လေယာဉ်ရပ်နားကွင်းမှာ ရှိနေဆဲပါ။
ဒီလေယာဉ်တွေရဲ့ ပုံသဏ္ဌာန်နဲ့ အမြီးပိုင်းတည်ဆောက်ပုံတွေကို စစ်ဆေးပြီး ရိုက်တာ သတင်းဌာနက အတည်ပြုခဲ့ပါတယ်။
ဒါ့အပြင် နေရာဒေသ အနေအထား၊ အဆောက်အအုံတွေနဲ့ လမ်းကြောင်းပုံစံတွေက ဒါနန်းလေဆိပ် လေယာဉ်ရပ်နားကွင်းမှာ လေယာဉ် ၂ စင်း ရှိနေတာကို ပြထားတဲ့ လူမှုကွန်ရက်ပေါ်က ရုပ်သံမှတ်တမ်းတွေနဲ့ ကိုက်ညီနေပါတယ်။
ဒီပျံသန်းမှုတွေက တရုတ်နိုင်ငံတောင်ပိုင်း ရှန်ကျန်းမြို့မှာ ကျင်းပမဲ့ APEC ထိပ်သီးအစည်းအဝေးဆီ ရုရှားသမ္မတ ဗလာဒီမာပူတင် မရောက်မီ အချိန်ပိုင်းအလိုမှာ ဖြစ်ခဲ့တာပါ။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ် အပါအဝင် ခေါင်းဆောင်တွေက အာဆီယံ အစည်းအဝေးအတွက် မနီလာမြို့မှာ စုဝေးရောက်ရှိနေချိန်နဲ့လည်း တိုက်ဆိုင်နေပါတယ်။
Source: Reuters











