DVB Logo
Home
မြန်မာသတင်း
ဗန်းမော်နှင့်  ဝိုင်းမော်တွင် စစ်ကောင်စီတပ်နေရာအချို့ကို KIA သိမ်းယူ
DVB
·
February 27, 2026
ဗန်းမော်နှင့်  ဝိုင်းမော်တွင် စစ်ကောင်စီတပ်နေရာအချို့ကို KIA သိမ်းယူ
Donate to DVB

ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ပူးပေါင်းတပ်နဲ့ စစ်ကောင်စီတပ်တို့ကြား စစ်ရေး တင်းမာနေတဲ့ ကချင်ပြည်နယ်၊ ဗန်းမော်မြို့နဲ့ ဝိုင်းမော်မြို့မှာ ဖေဖော်ဝါရီ ၂၅ ရက်က တိုက်ပွဲ ပြင်းထန်ခဲ့ပြီး လက်လွတ်ခဲ့တဲ့ နေရာအချို့ကို ပြန်လည်သိမ်းယူခဲ့တယ်လို့ KIA က ပြောပါတယ်။

စစ်ကောင်စီတပ်က စစ်ကြောင်းထိုးလာလို့ KIA ပူးပေါင်းတပ်တွေ ဆုတ်ပေးလိုက်တဲ့ ဝိုင်းမော် ခလရ (၅၈) တပ်ရင်းရဲ့ ရှေ့တန်း ကာကင်းစခန်းငယ်တခုနဲ့ ဗန်းမော် ခလရ (၂၃၆) နေရာတချို့ကို ပြန်လည်သိမ်းယူ နိုင်ခဲ့တယ်လို့ ဆိုပါတယ်။

နေရာတချို့ ပြန်ရတာ မှန်ပေမဲ့ အခိုင်မာစခန်းတွေ သိမ်းဆည်းရမိတာတော့ မရှိသေးဘူးလို့ KIA သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက DVB ကို ပြောပါတယ်။

“ဗန်းမော်မှာ တိုက်ပွဲတွေ ရှိပါတယ်။ စခန်းသိမ်းတယ်ဆိုတာ သိပ်ကြီးကြီးမားမား မဟုတ်ဘူး။ သူတို့ ထိုးစစ်ဆင်ရင်းနဲ့ ရောက်ရှိနေတဲ့ နေရာတွေကို ကျနော်တို့ ပြန်သိမ်းတာတော့ ရှိပါတယ်။ သူတို့ရဲ့ ဌာနချုပ်တွေ ကာကင်းအခိုင်မာစခန်းတွေ သိမ်းတာတော့ ကျနော်ကို ဘယ်သူမှ ပြောတာ မရှိပါဘူး။”

လက်ရှိအချိန်ထိ ဗန်းမော်၊ ဝိုင်းမော်အပြင် ဖားကန့်မှာ နှစ်ဖက် စစ်ရေးတင်းမာနေပြီး အချိန်မရွေး တိုက်ပွဲ ပြင်းထန်လာနိုင်တယ်လို့ ဗိုလ်မှူးကြီးနော်ဘူးက ပြောပါတယ်။

ဒါ့အပြင် ဖေဖော်ဝါရီလ ၂၀ ရက်နေ့ ညပိုင်းက မြစ်ကြီးနား လေဆိပ်မှာ မြန်မာအမျိုးသားလေကြောင်းလိုင်း (MNA) လေယာဉ်တစင်း ဒရုန်းဗုံး ထိမှန်ပြီး ညပိုင်းကစလို့ ဖေဖော်ဝါရီ ၂၃ ရက်အထိ KIA ထိန်းချုပ်ထားတဲ့ နေရာ ၂၄ နေရာကို လေကြောင်းနဲ့ အကြိမ်ရေ ၅၀ လောက် ဗုံး ၁၀၀ လောက်နဲ့ တိုက်ခိုက်ခဲ့ပါတယ်။ KIA အနေနဲ့ အရပ်သား လေယာဉ်ကို တိုက်ခိုက်ခဲ့တာ မရှိဘူးလို့ ပြောပါတယ်။

ဖေဖော်ဝါရီ ၂၇ ရက် ဒီနေ့မှာလည်း MNA လေယာဉ် ဒရုန်း ဗုံးထိမှန်ခဲ့တာနဲ့ ပတ်သက်ပြီး မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် (မပခ) ဝင်းအတွင်းမှာရှိတဲ့ မြစ်ကြီးနားလေဆိပ် အရှေ့မှာ လူ ၅၀ ကျော်လောက်နဲ့ KIA ကို ဆန္ဒပြခဲ့ပြီး စစ်ကောင်စီကလည်း KIA အဖွဲ့က လုပ်ဆောင်ခဲ့တာလို့ တိုက်ခိုက်ခံရတဲ့နေ့ကတည်းက ထုတ်ပြန်ထားတာပါ။  KIA ဘက်ကတော့ ဒီစွပ်စွဲချက်ကို ငြင်းဆို ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013