DVB Logo
Home
Data Story
စာသင်ကျောင်းများ ပစ်မှတ်ထား တိုက်ခိုက်ခံရခြင်း (Data Story)
DVB
·
February 26, 2026
စာသင်ကျောင်းများ ပစ်မှတ်ထား တိုက်ခိုက်ခံရခြင်း (Data Story)
1 / 2
Donate to DVB

မြန်မာ့ပညာရေးရဲ့ မဏ္ဍိုင်ကို ‘စိတ်ဓာတ်၊ စည်းကမ်း၊ ပညာ’ ဆိုတဲ့ တြိဂံသင်္ကေတ အမှတ်အသားနဲ့ ပုံဖော်လေ့ရှိကြပါတယ်။ ဒါပေမဲ့ လွန်ခဲ့တဲ့ ၅ နှစ်တာအတွင်းမှာတော့ ဒီတြိဂံအမှတ်အသားဟာ ပညာသင်ကြားရာ မဏ္ဍိုင်အဖြစ်ကနေ ပစ်မှတ်ထားတိုက်ခိုက်ခံရမှုတွေ၊ သေဆုံးပျက်စီးမှုတွေနဲ့ ပြည့်နှက်နေတဲ့ ‘ကြေကွဲဖွယ်ရာ ပြရုပ်’ အဖြစ် ပြောင်းလဲသွားခဲ့ပါတယ်။

  • ဖြိုခွင်းခံလိုက်ရသော “စိတ်ဓာတ်” (တိုက်ခိုက်မှုပေါင်း ၇၉၇ ကြိမ်)

ကျောင်းသားလူငယ်တွေရဲ့ စိတ်ဓာတ်ကို မြှင့်တင်ပေးရမဲ့ စာသင်ကျောင်းတွေဟာ အကြိမ်ပေါင်း ၇၉၇ ကြိမ်တိုင်တိုင် တိုက်ခိုက်တာ ခံခဲ့ရပါတယ်။ ကျောင်းသင်ခန်းစာတွေအစား ကြောက်ရွံ့ထိတ်လန့်မှုတွေက စာသင်ခန်းထဲကို အစားထိုး ဝင်ရောက်လာပါတယ်။ ၂၀၂၁ ခုနှစ်ကနေ ၂၀၂၆ ခုနှစ်အထိ စာသင်ကျောင်းတွေကို ပစ်မှတ်ထားတဲ့ ဒီလုပ်ရပ်တွေဟာ မျိုးဆက်သစ်တွေရဲ့ စိတ်လုံခြုံမှုကို အဓိက ဖြိုခွင်းလိုက်တာပဲ ဖြစ်ပါတယ်။

  • ပျက်စီးသွားသော “စည်းကမ်း” (ပျက်စီးသွားသော ကျောင်းပေါင်း ၅၃၁ ကျောင်း)

ပညာသင်ကြားရေးရဲ့ စည်းကမ်းစနစ်တွေကို ဖော်ဆောင်ပေးရမဲ့ စာသင်ကျောင်းပေါင်း ၅၃၁ ကျောင်းဟာ ပြာပုံအတိ ဖြစ်ခဲ့ရပါတယ်။ စာသင်ခန်းတွေဟာ စစ်မြေပြင်တွေ ဖြစ်လာခဲ့ပြီး အေးချမ်းစွာ ပညာသင်ကြားခွင့်ဆိုတဲ့ အခြေခံအခွင့်အရေးတွေဟာလည်း စနစ်တကျ ချိုးဖောက်ခံလိုက်ရပါတယ်။ အထူးသဖြင့် ၂၀၂၅ ခုနှစ်မှာ ကျောင်းပေါင်း ၂၁၇ ကျောင်းအထိ တနှစ်တည်းနဲ့ ပျက်စီးခဲ့ရတာဟာ ပညာရေးယန္တရားတခုလုံးကို ရည်ရွယ်ချက်ရှိရှိ ဖျက်ဆီးခံလိုက်ရတာကို ဖော်ပြနေပါတယ်။

  •  အသက်နဲ့လဲခဲ့ရသော “ပညာ” (သေဆုံးခဲ့ရသူ ၃၆၈ ဦး)

ပညာရှာမှီးခြင်းရဲ့ အန္တိမရည်ရွယ်ချက်ဟာ ဘဝကို ရှင်သန်ရပ်တည်တိုးတက်စေဖို့ ဖြစ်ပေမဲ့ မြန်မာနိုင်ငံမှာတော့ ပညာရှာရင်း အသက်ပေးခဲ့ရတဲ့ ဆရာ၊ ဆရာမနဲ့ ကျောင်းသားပေါင်း ၃၆၈ ဦးအထိ ရှိလာခဲ့ပါတယ်။ ‘ပညာ’ မဏ္ဍိုင်ကို ခိုင်မာအောင် တည်ဆောက်ပေးမဲ့ ပညာရှင်တွေနဲ့ ပညာသင်ယူမဲ့ မျိုးဆက်သစ်တွေဟာ ၂၀၂၅ ခုနှစ်မှာတင် ၁၀၆ ဦးအထိ အစုလိုက်အပြုံလိုက် အသက်ဆုံးရှုံးခဲ့ရပါတယ်။

ဒီဒေတာတွေဟာ ကိန်းဂဏန်းသက်သက်မဟုတ်ဘဲ တိုင်းပြည်ရဲ့ အနာဂတ်မျိုးဆက်ကို ရည်ရွယ်ချက်ရှိရှိ ရိုက်ချိုးနေတဲ့ ခြိမ်းခြောက်မှုတွေ ဖြစ်ပါတယ်။ အထူးသဖြင့် ၂၀၂၅ ခုနှစ်ဟာ ပညာရေးကဏ္ဍအတွက် အမှောင်မည်းဆုံးနှစ် ဖြစ်ခဲ့သလို ၂၀၂၆ ခုနှစ် အစပိုင်းမှာလည်း ဒီအနိဋ္ဌာရုံတွေဟာ ရပ်တန့်ခြင်းမရှိသေးဘဲ ဆက်လက်ဖြစ်ပွားနေဆဲ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013