DVB Logo
Home
အားကစား
ချဲလ်ဆီး ယာယီနည်းပြ လုပ်ခွင့်မရသည့်အပေါ်  ဂျွန်တယ်ရီ စိတ်ပျက် 
DVB
·
February 25, 2026
ချဲလ်ဆီး ယာယီနည်းပြ လုပ်ခွင့်မရသည့်အပေါ်  ဂျွန်တယ်ရီ စိတ်ပျက် 
Donate to DVB

ပြီးခဲ့တဲ့လက မာရက်စကာကို ထုတ်ပယ်ပြီးနောက်ပိုင်း ချဲလ်ဆီးအသင်းရဲ့ ယာယီနည်းပြအဖြစ် တာဝန်ယူချင်ခဲ့ပေမဲ့ အသင်းတာဝန်ရှိသူတွေက အကယ်ဒမီ လုပ်ဖော်ကိုင်ဖက် ကလမ်မက်ဖာလန် ကိုသာ ရွေးချယ်ခဲ့တာကြောင့် စိတ်ပျက်မိကြောင်း ချဲလ်ဆီးဂန္ထဝင် ဂျွန်တယ်ရီက ဖွင့်ဟလာပါတယ်။

ဒါ့အပြင် သူ့ကို ယာယီနည်းပြအဖွဲ့ဝင်အဖြစ်တောင် ထည့်သွင်းစဉ်းစားခြင်းမရှိခဲ့တာကြောင့် ပိုပြီး စိတ်ပျက်ခဲ့ရတာလို ဆိုပါတယ်။

တယ်ရီဟာ လက်ရှိမှာ ချယ်လ်ဆီး အသက် ယူ- ၁၈ နဲ့ ယူ -၂၁ အသင်းတွေအတွက် အကြံပေးအဖြစ် တာဝန်ယူနေသူဖြစ်ပြီး မက်ဖာလန်နဲ့လည်း ရင်းနှီးတဲ့ ဆက်ဆံရေးရှိသူ ဖြစ်ပါတယ်။

ဂျွန်တယ်ရီဟာ သူ့အနေနဲ့ နည်းပြအဖွဲ့ဝင် တနေရာတော့ ရရှိခဲ့သင့်ကြောင်း၊ အသင်းပိုင်ရှင်တွေ ဖြစ်စေ၊ အားကစားဒါရိုက်တာတွေ ဖြစ်စေ၊  ဘယ်သူပဲ ဆုံးဖြတ်ခဲ့သည် ဖြစ်စေ သူ့ကို  ချန်လှပ်ထားခဲ့ရတဲ့  အကြောင်းရင်းကို နားမလည်နိုင်ကြောင်း ဂျင်မီ ဘူးလပ်ဒ်ရဲ့ 'Golf Life' ယူကျုချန်နယ်မှာ ပြောကြားခဲ့တာပါ။

တယ်ရီဟာ အသင်းကို သူ မကိုင်တွယ်ခဲ့ရပေမဲ့ လုပ်ဖော်ကိုင်ဖက်ဖြစ်သူ မက်ဖောလန်ဟာ ရလဒ်ကောင်းတွေ ဖော်ဆောင်နိုင်ခဲ့တယ်လိုလည်း အသိအမှတ်ပြုစကား ပြောခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013