DVB Logo
Home
နိုင်ငံတကာ
ကွန်ဂိုတွင် ဒရုန်းတိုက်ခိုက်မှုတခုအတွင်း M23 သူပုန် ပြောရေးဆိုခွင့်ရှိသူ သေဆုံး
DVB
·
February 25, 2026
ကွန်ဂိုတွင် ဒရုန်းတိုက်ခိုက်မှုတခုအတွင်း M23 သူပုန် ပြောရေးဆိုခွင့်ရှိသူ သေဆုံး
Donate to DVB

ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံ (DRC) အရှေ့ပိုင်းမှာ အခြေစိုက်တဲ့ M23 သူပုန်အဖွဲ့ရဲ့ စစ်ဘက်ပြောရေးဆိုခွင့်ရှိသူ ဝီလီငိုမာဟာ ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီ ၂၄ ရက် မနက်ပိုင်းမှာ အစိုးရတပ်ရဲ့ ဒရုန်းတိုက်ခိုက်မှုအတွင်း သေဆုံးသွားပြီဖြစ်ကြောင်း သူပုန်အဖွဲ့ အဆင့်မြင့်အရာရှိတွေ၊ ဒေသခံ သံတမန်တယောက်နဲ့ အစိုးရရဲ့ အနောက်တိုင်း အကြံပေးတယောက်တို့က ပြောကြားခဲ့ပါတယ်။

ဒီတိုက်ခိုက်မှုဟာ မြောက်ကီဗူးပြည်နယ်၊ ရူဘာယာမြို့အနီးမှာ ဖေဖော်ဝါရီ ၂၄ ရက် မနက်အစောပိုင်း ၃ နာရီလောက်မှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး ကွန်ဂိုစစ်တပ်က အဲဒီဒေသမှာ ရက်အတော်ကြာ ဒရုန်းတိုက်ခိုက်မှုတွေ ဆက်တိုက်လုပ်ဆောင်နေတဲ့ ရက်ပိုင်းအတွင်းမှာ ဖြစ်ပွားခဲ့တာလို့ M23 အရာရှိတယောက်က ရိုက်တာသတင်းဌာနကို ပြောပါတယ်။

အရပ်ဘက် လူ့အဖွဲ့အစည်း သတင်းရင်းမြစ်တွေအရ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့ကတည်းက ရူဘာယာမြို့အနီးရှိ ဒေသအများအပြားမှာ ပြင်းထန်တဲ့တိုက်ပွဲတွေကြောင့် ဒေသခံမိသားစု ရာပေါင်းများစွာ အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရပါတယ်။

M23 ပြောရေးဆိုခွင့်ရှိသူအဖြစ် တာဝန်ရှိတဲ့ ဝီလီငိုမာဟာ ၂၀၂၂ ခုနှစ်ကတည်းက ဥရောပသမဂ္ဂရဲ့ ပိတ်ဆို့အရေးယူမှု ခံထားရသူဖြစ်ပြီး၊ သူဟာ သူပုန်အဖွဲ့ကို ပြည်သူ့စစ်တပ်အဖြစ် တင်စားပြောဆိုကာ ငြိမ်းချမ်းရေး ဖော်ဆောင်နေတယ်လို့ အမြဲတမ်း ဝါဒဖြန့်လေ့ရှိသူလည်း ဖြစ်ပါတယ်။

ကွန်ဂိုသမ္မတရုံး ပြောရေးဆိုခွင့်ရှိသူက အခုဖြစ်ရပ်အပေါ် မှတ်ချက်ပေးဖို့ ငြင်းဆန်ခဲ့ပြီး ကွန်ဂိုစစ်တပ်ဘက်ကလည်း ချက်ချင်းတုံ့ပြန်မှု မရှိသေးပါဘူး။

ဒရုန်းတိုက်ခိုက်မှုတွေကြောင့် ငိုမာရဲ့ သေဆုံးမှုဟာ ကွန်ဂိုအစိုးရနဲ့ M23 တို့အကြား အပစ်အခတ်ရပ်စဲရေး ကြိုးပမ်းမှုတွေကို ဒိုဟာမြို့မှာ ကာတာနိုင်ငံက ကြားဝင်ညှိနှိုင်းပေးနေချိန်မှာ ဖြစ်ပွားခဲ့တာပါ။

ကွန်ဂိုအစိုးရနဲ့ M23 သူပုန်တပ်ဖွဲ့တွေဟာ ကာတာ၊ အမေရိကန်နဲ့ အာဖရိကန်ယူနီယံ တို့က စောင့်ကြည့်လေ့လာသူတွေအဖြစ် ပါဝင်မှာဖြစ်တဲ့ အပစ်ရပ်စောင့်ကြည့်ခြင်းနဲ့ အတည်ပြုစနစ်တရပ် ထူထောင်ဖို့ သဘောတူညီချက်တွေကို လက်မှတ်ရေးထိုးထားတာ ဖြစ်ပါတယ်။

Source: Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013