DVB Logo
Home
နိုင်ငံတကာ
ဩစတြေးလျ အမြင့်ဆုံး မိုးမျှော်အဆောက်အအုံ ထရမ့်ပ်ကုမ္ပဏီ တည်ဆောက်မည်
DVB
·
February 24, 2026
ဩစတြေးလျ အမြင့်ဆုံး မိုးမျှော်အဆောက်အအုံ ထရမ့်ပ်ကုမ္ပဏီ တည်ဆောက်မည်
Donate to DVB

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်ရဲ့ မိသားစုကုမ္ပဏီ Trump Organization ဟာ ဩစတြေးလျနိုင်ငံမှာ အမြင့်ဆုံး မိုးမျှော်အဆောက်အအုံ တည်ဆောက်သွားမယ်လို့ သားဖြစ်သူ အဲရစ်က ထုတ်ပြန်ပါတယ်။

ဒီအဆောက်အအုံကို ကွင်းစလန်ပြည်နယ်၊ ဂိုးဒ်ကို့စ်မြို့မှာ တည်ဆောက်မှာဖြစ်ပြီး ၃၃၅ မီတာ (ပေ ၁,၁၀၀) အထိ မြင့်မားမှာပါ။

အထပ်ပေါင်း ၉၁ ထပ် ပါဝင်မဲ့ ဒီစီမံကိန်းအတွက် အမေရိကန်ဒေါ်လာ ၁ ဘီလီယံ အနည်းဆုံး ကုန်ကျနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။

အဆောက်အအုံမှာ ဟိုတယ်အခန်းတွေ၊ ဇိမ်ခံလူနေတိုက်ခန်းတွေနဲ့ ကမ္ဘာကျော် ကမ်းခြေကလပ်တွေ ပါဝင်မှာဖြစ်ပြီး လာမဲ့ ဩဂုတ်လမှာ စတင်တည်ဆောက်သွားမှာပါ။

ဒါဟာ ဩစတြေးလျနိုင်ငံမှာ ကုမ္ပဏီရဲ့ ပထမဆုံး တရားဝင်စီမံကိန်းဖြစ်ပြီး ကမ္ဘာ့အဆင့်မီ ဇိမ်ခံဘရန်းတခုရဲ့ ဂုဏ်ဒြပ်ကို ယူဆောင်လာမယ်လို့ အဲရစ်က ဆိုပါတယ်။

ဒါပေမဲ့ ဒီအဆောက်အအုံတည်ရှိမဲ့ ကမ်းခြေတလျှောက်မှာပဲ နောက်ထပ် မီတာ ၅၀ ပိုမြင့်မဲ့ အထပ် ၁၀၁ ထပ်ပါ အမြွှာမိုးမျှော်တိုက် စီမံကိန်းတခုလည်း ရှိနေပါတယ်။

ဒါကြောင့် ဩစတြေးလျရဲ့ အမြင့်ဆုံး အဆောက်အအုံနေရာအတွက် ပြိုင်ဆိုင်မှုတွေ ရှိနေတာပါ။

ထရမ့်ပ် သမ္မတတာဝန်ယူထားချိန်မှာ သူ့ရဲ့ဩဇာလွှမ်းမိုးမှုနဲ့ ကုမ္ပဏီအတွက် အကျိုးအမြတ် ရယူနေတယ်ဆိုတဲ့ ဝေဖန်မှုတွေလည်း ထွက်ပေါ်နေပါတယ်။

ဒါပေမဲ့ ထရမ့်ပ်ကတော့ သမ္မတတာဝန် ထမ်းဆောင်နေချိန်မှာ စီးပွားရေးလုပ်ငန်းတွေနဲ့ ပတ်သက်မှာ မဟုတ်ဘူးလို့ ကတိပြုထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013