DVB Logo
Home
မြန်မာသတင်း
ဒလတံတား တိုးဂိတ်၌ YBS ယာဉ်ပေါ်မှ ကလေးငယ် ၁ ဦး ပြုတ်ကျ သေဆုံး
DVB
·
February 24, 2026
ဒလတံတား တိုးဂိတ်၌ YBS ယာဉ်ပေါ်မှ ကလေးငယ် ၁ ဦး ပြုတ်ကျ သေဆုံး
Donate to DVB

ဒလတံတား တိုးဂိတ်မှာ ဖေဖော်ဝါရီ ၂၃ ရက်ညနေပိုင်းက YBS ယာဉ်ပေါ်က‌  အသက် ၅ နှစ်အရွယ် ကလေးငယ်တယောက်  ပြုတ်ကျသေဆုံးခဲ့တယ်လို့ စစ်ကောင်စီအောက် YRTC ကနေ သိရပါတယ်။

ကလေးငယ်ဟာ အဒေါ်ဖြစ်သူနဲ့ ရန်ကုန်ဘက် ဝါဖြေရန်သွားရောက်ပြီး အပြန်မှာ မတော်တဆ ဖြစ်ပွားခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

YRTC မှ တာဝန်ရှိသူတယောက်က “ရန်ကုန်ကနေ ဒလဘက်အပြန်မှာ ဖြစ်တာ။ သူ့အဒေါ်နဲ့ ရန်ကုန်ဘက် ဝါဖြေဖို့သွားတာ။ ဒလ တိုးဂိတ်ရောက်တော့ slow down အဖြတ်ကားရဲ့ ခြေနင်းခုံဘက် အပေါက်ကနေ ထွက်ကျပြီး ကားဘီးနဲ့ တက်ကြိတ်မိပြီး သေသွားတာ”လို့ ပြောပါတယ်။

ရန်ကုန်နဲ့ ဒလကို YBS ယာဉ်အစီးရေ ၃၀ လောက် ပြေးဆွဲနေတာဖြစ်ပြီး အဆိုပါယာဉ်အားလုံးကို မထွက်ခွာမီ စစ်ဆေးရမယ်လို့ သိရပါတယ်။

သေဆုံးသွားတဲ့ ကလေးငယ်အတွက် ယာဉ်လိုင်းကုမ္ပဏီဖြစ်တဲ့ YBPC က လျော်ကြေးငွေ ပေးသွားမှာဖြစ်ပြီး ယာဉ်မောင်းကိုလည်း သက်ဆိုင်ရာနယ်မြေရဲစခန်းမှာ စစ်ဆေးမေးမြန်းနေပါတယ်။

ရန်ကုန်မြို့တွင်းပြေးဆွဲနေတဲ့ YBS ယာဉ်အတော်များများမှာ ယာဉ်ကြံ့ခိုင်မှု အားနည်းနေတာတွေ အများကြီးရှိတယ်လို့ ခရီးသည်တွေက ဆိုပါတယ်။

YBS စီးခရီးသည်တယောက်က “တချို့ကားတွေဆို စီးဖို့တောင်မတန်ဘူး။ နင်းလိုက်တာနဲ့ ကျွံကျတော့မှာ။ အပေါက်တွေကလည်း ရှိတယ်။ အန္တရာယ်အရမ်းများတယ်။ သေချာလေး ပြန်စစ်သင့်တယ်” လို့ ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013