DVB Logo
Home
နိုင်ငံတကာ
လစ်ဗျားကမ်းရိုးတန်း၌ ရွှေ့ပြောင်းနေထိုင်သူ ၅ ဦး၏ အလောင်းများ တွေ့ရှိ
DVB
·
February 23, 2026
လစ်ဗျားကမ်းရိုးတန်း၌ ရွှေ့ပြောင်းနေထိုင်သူ ၅ ဦး၏ အလောင်းများ တွေ့ရှိ
Donate to DVB

လစ်ဗျားနိုင်ငံ မြို့တော် ထရီပိုလီရဲ့ အရှေ့ဘက်က ကမ်းရိုးတန်းမြို့တမြို့မှာ အမျိုးသမီး ၂ ယောက် အပါအဝင် ရွှေ့ပြောင်းအလုပ်သမား ၅ ယောက်ထက်မနည်းရဲ့ အလောင်းတွေ ကမ်းပေါ် လာတင်ခဲ့တယ်လို့ ရဲအရာရှိတယောက်က ဖေဖော်ဝါရီ ၂၁ ရက်မှာ ရိုက်တာသတင်းဌာနကို ပြောပါတယ်။

ထရီပိုလီမြို့ အရှေ့ဘက် ၄၅ မိုင်အကွာက ကမ်းရိုးတန်းမြို့ ကက်ဆာ အယ်လ်-အာခယာရဲ့ အနောက်ဘက်က အမ်ဟာမစ် အယ်လ်-ရှရစ်ဖ် ကမ်းရိုးတန်းမှာ လာတင်နေတဲ့ ရွှေ့ပြောင်းနေထိုင်သူ ၃ ယောက်ရဲ့ အလောင်း​တွေကို ရိုက်တာသတင်းဌာနက ရုပ်သံထဲမှာ ပြထားပါတယ်။

ရဲအရာရှိတွေက အခင်းဖြစ်တဲ့နေရာမှာ အလောင်းတွေကို စစ်ဆေးနေပြီး တယောက်က အနက်ရောင် လေမှုတ်အသက်ကယ်ဘောကို ဝတ်ဆင်ထားဆဲပါ။

ကလေးတယောက်ရဲ့ အလောင်းက ကမ်းပေါ်လာတင်ပြီးမှ လှိုင်းအမြင့်ကြောင့် ပင်လယ်ထဲ ပြန်ရောက်သွားခဲ့ပြီး ရှာဖို့ ကမ်းခြေစောင့်တပ်ကို တောင်းဆိုခဲ့တယ်လို့ ကက်ဆာ အယ်လ်-အာခယာမြို့ ရဲစခန်းရဲ့ စုံစမ်းစစ်ဆေးရေးဌာန အကြီးအကဲ ဟာဆန် အယ်လ်-ဂါဝီလ်က ပြောပါတယ်။

အလောင်းတွေကို ပြန်ယူဖို့ လခြမ်းနီအသင်းဆီ အကြောင်းကြားခဲ့တယ်လို့ ဂါဝီလ်က ပြောခဲ့ပါတယ်။ ကမ်းခြေမှာ အလောင်းတွေ ထပ်တွေ့ဦးမယ်လို့ ထင်တယ်လို့လည်း သူက ဆက်ပြောခဲ့ပါတယ်။

၂၀၁၁ ခုနှစ်မှာ လစ်ဗျားအာဏာရှင် မွမ်မာကဒါဖီ ကျဆုံးပြီးတဲ့နောက်ပိုင်း လစ်ဗျားနိုင်ငံဟာ ပဋိပက္ခနဲ့ ဆင်းရဲမွဲတေမှုတွေကြောင့် မြေထဲပင်လယ်ကိုဖြတ်ပြီး ဥရောပဆီ ထွက်ပြေးလာတဲ့ ရွှေ့ပြောင်းနေထိုင်သူတွေအတွက် ဖြတ်သန်းသွားလာရာ လမ်းကြောင်းတခု ဖြစ်လာခဲ့ပါတယ်။

၂၀၁၄ ခုနှစ်ကစပြီး အုပ်စုကွဲပဋိပက္ခတွေကြောင့် နိုင်ငံဟာ အနောက်နဲ့ အရှေ့ပိုင်းအုပ်စုတွေအဖြစ် ကွဲထွက်သွားခဲ့ပါတယ်။

Source: Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013