DVB Logo
Home
နိုင်ငံတကာ
အာဖဂန်နစ္စတန်ရှိ စစ်သွေးကြွပစ်မှတ်များကို ပါကစ္စတန် တိုက်ခိုက်
DVB
·
February 23, 2026
အာဖဂန်နစ္စတန်ရှိ စစ်သွေးကြွပစ်မှတ်များကို ပါကစ္စတန် တိုက်ခိုက်
Donate to DVB

မွတ်စလင်ဥပုသ်လမှာ တိုက်ခိုက်တာတွေ အပါအဝင် မကြာသေးမီက အသေခံဗုံးခွဲ တိုက်ခိုက်တာတွေအတွက် အိမ်နီးချင်းနယ်မြေထဲကနေ လှုပ်ရှားနေတဲ့ တိုက်ခိုက်ရေးသမားတွေကို အပြစ်တင်ပြီးတဲ့နောက် အာဖဂန်နစ္စတန်နိုင်ငံထဲက စစ်သွေးကြွပစ်မှတ်တွေကို စပြီးတိုက်ခိုက်ခဲ့တယ်လို့ ပါကစ္စတန်က ပြောလိုက်ပါတယ်။

ဖေဖော်ဝါရီ ၂၁ ရက်က တိုက်ခိုက်မှုကြောင့် သေဆုံးဒဏ်ရာရသူ အများအပြားထဲမှာ အမျိုးသမီးတွေနဲ့ ကလေးတွေ ပါတယ်လို့ အာဖဂန်နစ္စတန်ရဲ့ အာဏာရ တာလီဘန်တွေက ရိုက်တာသတင်းဌာနကို ပြောပါတယ်။

အတည်မပြုနိုင်သေးပေမဲ့ ကာကွယ်ရေးဝန်ကြီးဌာနက သင့်လျော်တဲ့အချိန်မှာ သင့်လျော်သလို တုံ့ပြန်မယ်လို့ ကတိပြုခဲ့ပါတယ်။

နယ်စပ်တလျှောက် လပေါင်းများစွာကြာအောင် ပဋိပက္ခတွေ ဖြစ်ပြီးတဲ့နောက် စိုးရိမ်မှုတွေကို လျှော့ချဖို့ ဆော်ဒီအာရေဗျရဲ့ ကြားဝင်ဆောင်ရွက်မှုနဲ့ အာဖဂန်အစိုးရက ပါကစ္စတန်စစ်သား ၃ ယောက်ကို ပြန်လွှတ်ပေးပြီးတဲ့နောက် ရက်အနည်းငယ်အကြာမှာ ခုလိုတိုက်ခိုက်မှုတွေကြောင့် တင်းမာမှုတွေ သိသိသာသာ မြင့်တက်ခဲ့ပါတယ်။

တိုက်ခိုက်မှုတွေမှာ ပါကစ္စတန် တာလီဘန်တွေအပြင် အာဖဂန်နယ်စပ်တလျှောက်က အစ္စလာမ္မစ်နိုင်ငံတော် အမည်ခံ အိုင်အက်စ် စစ်သွေးကြွတွေရဲ့ ခိုရာစံ ပြည်နယ်ပိုင် အကြမ်းဖက်စခန်း ၇ ခုနဲ့ ပုန်းအောင်းရာနေရာတွေကို “ထောက်လှမ်းရေးအခြေပြု ရွေးချယ်ပစ်မှတ်ထားခဲ့တယ်” လို့ ပါကစ္စတန်ရဲ့ သတင်းအချက်အလက်ဝန်ကြီးဌာနက ပြောပါတယ်။

ပါကစ္စတန် တာလီဘန်ကို ရည်ညွှန်းတဲ့ အသုံးအနှုန်းကို သုံးပြီး တိုက်ခိုက်မှုတွေကို ခွဲရစ်ဂျ်က လုပ်ဆောင်ခဲ့တဲ့ “အပြီးသတ်အထောက်အထား” ရှိတယ်လို့လည်း ကြေညာချက်တစောင်ထဲမှာ ထပ်လောင်းပြောခဲ့ပါတယ်။

သူတို့ဟာ “အာဖဂန်နစ္စတန်အခြေစိုက် ခေါင်းဆောင်ပိုင်းနဲ့ ကိုင်တွယ်သူတွေ” ရဲ့ ညွှန်ကြားချက်တွေကို လိုက်နာဆောင်ရွက်နေကြတာပါလို့ ဝန်ကြီးဌာနက စနေနေ့က ကြေညာချက်မှာ ပြောခဲ့ပါတယ်။

အာဖဂန် ကာကွယ်ရေးဝန်ကြီးဌာနက နိုင်ငံတော်ရဲ့ အချုပ်အခြာအာဏာကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်တာကို “နိုင်ငံတကာဥပဒေ၊ အိမ်နီးချင်းကောင်းတွေရဲ့ မူတွေနဲ့ အစ္စလာမ်တန်ဖိုးတွေကို ချိုးဖောက်ခြင်း” အဖြစ် ရှုတ်ချခဲ့ပါတယ်။

တင်းမာမှုတွေကြောင့် အဓိက နယ်စပ်ဖြတ်ကျော်ဂိတ်တွေကို အကြိမ်ကြိမ် ပိတ်ပစ်ခဲ့ရပြီး (၁,၆၀၀ မိုင်) ရှည်လျားတဲ့ နယ်စပ်တလျှောက် ကုန်သွယ်ရေးနဲ့ လှုပ်ရှားမှုတွေကို အနှောင့်အယှက် ဖြစ်ခဲ့ပါတယ်။

ပျက်စီးလွယ်တဲ့ အပစ်အခတ်ရပ်စဲရေးကို နှစ်ဖက်စလုံးက သဘောမတူခင် အောက်တိုဘာလက ပဋိပက္ခတွေမှာ လူဒါဇင်ပေါင်းများစွာ သေဆုံးခဲ့ပါတယ်။

အာဖဂန်နစ္စတန်ရဲ့ တာလီဘန်အုပ်ချုပ်သူတွေဟာ သူတို့ရဲ့နယ်မြေထဲမှာ တိုက်ခိုက်မှုတွေ လုပ်ဆောင်တဲ့ စစ်သွေးကြွတွေကို လက်ခံထားတယ်လို့ ပါကစ္စတန်က စွပ်စွဲနေဆဲဖြစ်ပြီး အာဖဂန်အစိုးရကတော့ ငြင်းဆိုထားပါတယ်။

Source: Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013