DVB Logo
Home
နိုင်ငံတကာ
အရှေ့အလယ်ပိုင်းက တပ်ဖွဲ့များ တိုက်ခိုက်ခံရဖြင့် အီရန်ကို အမေရိကန်က အပြင်းအထန်တုံ့ပြန်
DVB
·
July 30, 2026
Photo: Reuters
Photo: Reuters
Donate to DVB

အရှေ့အလယ်ပိုင်းက အမေရိကန်တပ်ဖွဲ့တွေကို လျှပ်တပြက်တိုက်ခိုက်ဖို့ ကြိုးစားခဲ့မှုအပေါ် လက်တုံ့ပြန်တဲ့အနေနဲ့ အီရန်အပေါ် ပြင်းပြင်းထန်ထန် တိုက်ခိုက်မှုတွေ စတင်နေပြီလို့ အမေရိကန်စစ်ဘက်က ကြေညာပါတယ်။

ဇူလိုင် ၂၈ ရက်က ဂျော်ဒန်နိုင်ငံရှိ အမေရိကန်စစ်စခန်းတွေနဲ့ ဟော်မုဇ်ရေလက်ကြားက သင်္ဘောတွေကို အီရန်က ပစ်ခတ်ခဲ့တဲ့အပေါ် အခုလို အင်အားသုံး တုံ့ပြန်လိုက်တာလို့ အမေရိကန် ဗဟိုစစ်ဌာနချုပ်က ပြောပါတယ်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က အီရန်ကို ပြင်းပြင်းထန်ထန် လက်တုံ့ပြန်မယ်လို့ ဇူလိုင် ၂၉ ရက်မှာ သတင်းထောက်တွေကို ပြောကြားအပြီး နာရီပိုင်းအကြာမှာပဲ အခုလို တိုက်ခိုက်ခဲ့တာပါ။

အီရန်တော်လှန်ရေး အစောင့်တပ်ဖွဲ့ (IRGC) ကတော့ အမေရိကန်စစ်တပ်ရဲ့ ကျူးကျော်မှုတွေကို တုံ့ပြန်တဲ့အနေနဲ့ ဂျော်ဒန်နိုင်ငံက အမေရိကန် လေတပ်စခန်းနဲ့ ကွပ်ကဲရေးစင်တာကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် သတိပေးချက်တွေကို လျစ်လျူရှုပြီး တရားမဝင် ရေကြောင်းလမ်းကနေ ဖြတ်သန်းသွားလာတဲ့ ရေနံတင်သင်္ဘော ၃ စင်းကိုလည်း တိုက်ခိုက်ခဲ့တယ်လို့ အီရန်ဘက်က ထုတ်ပြန်ထားပါတယ်။

အခုလို အီရန်ကို တိုက်ရိုက်မတိုက်ခိုက်ခင် တရက်အလိုမှာလည်း အီရတ်နိုင်ငံမှာရှိတဲ့ အီရန်ကျောထောက်နောက်ခံပြု အဖွဲ့တွေကို အမေရိကန်နဲ့ ဆော်ဒီအာရေဗျတို့ ပူးပေါင်း တိုက်ခိုက်ခဲ့ပါသေးတယ်။

အဲဒီ ပူးပေါင်းတိုက်ခိုက်မှုကြောင့် အီရန်လိုလားတဲ့ ပြည်သူ့စစ်အဖွဲ့ (PMF) အဖွဲ့ဝင် အနည်းဆုံး ၂၀ သေဆုံးခဲ့ပါတယ်။

အီရတ်သမ္မတရုံးကတော့ ဒီတိုက်ခိုက်မှုဟာ လက်သင့်ခံနိုင်စရာမရှိဘဲ အီရတ်နိုင်ငံရဲ့ အချုပ်အခြာအာဏာကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်တာလို့ ရှုတ်ချထားပါတယ်။

ဒါပေမဲ့ အဲဒီတိုက်ခိုက်မှုတွေကို အီရတ်အစိုးရနဲ့ ကြိုတင်ညှိနှိုင်းဆောင်ရွက်ခဲ့တာလို့ ထရမ့်ပ်က ဖြေကြားခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013