DVB Logo
Home
မြန်မာသတင်း
ချစ်ခင်စည်းလုံးညီညွတ်မှုကို တန်ဖိုးထားပြီး ချင်းနှင့် ရခိုင် သမိုင်းသစ် ရေးထိုးရန် ULA  တိုက်တွန်း
DVB
·
February 21, 2026
ချစ်ခင်စည်းလုံးညီညွတ်မှုကို တန်ဖိုးထားပြီး ချင်းနှင့် ရခိုင် သမိုင်းသစ် ရေးထိုးရန် ULA  တိုက်တွန်း
1 / 8
Donate to DVB

ရခိုင်ပြည်နယ်၊ ချင်းပြည်နယ်နဲ့  နိုင်ငံတဝန်း မှီတင်းနေထိုင်ကြတဲ့ ချင်းလူမျိုးနဲ့ ရခိုင်လူမျိုးတို့အကြား ရရှိပြီးသား ချစ်ခင်မှု၊ နားလည်မှု၊ ယုံကြည်မှုနဲ့ စည်းလုံးညီညွတ်မှုတွေကို တန်ဖိုးထားပြီးတော့“ချင်း” နဲ့” ရခိုင်”တို့အကြား သမိုင်းသစ်တခုရေးထိုးကြဖို့ ရက္ခိုင့်အမျိုးသားအဖွဲ့ (ULA)က ၇၈ နှစ်မြောက် ချင်းအမျိုးသားနေ့ သဝဏ်လွှာမှာ တိုက်တွန်းထားပါတယ်။

ဖေဖော်ဝါရီ ၂၀ ရက်က ကျရောက်တဲ့ ၇၈ နှစ်မြောက် ချင်းအမျိုးသားနေ့မှာ ချင်းလူမျိုး၊ ချင်းမျိုးနွယ်စုဝင်တွေ အနေနဲ့လည်း အမျိုးသားရေးတန်းတူရေးနဲ့အတူ အာရက္ခတိုင်းပြည် တည်ဆောက်ရေး၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းကဏ္ဍတွေမှာ အတူတကွပါဝင်တည်ဆောက်ကြဖို့ ကိုလည်း ULA ကတိုက်တွန်းထားပါတယ်။

၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၁၃ ရက်နေ့က စတင်ခဲ့တဲ့ အာရက္ခတပ်တော်ရဲ့ စစ်ဆင်ရေးရလဒ်တွေ အောင်မြင်မှု အသီးအပွင့်တွေဟာ အာရက္ခဒေသအတွင်း၊ အပြင်နဲ့ အိမ်နီးချင်း လူမျိုးပေါင်းစုံအသီးသီးအနေနဲ့လည်း စစ်အာဏာရှင်စနစ် အရိပ်အောက်က လွတ်မြောက်မှုနဲ့ အတူ လွတ်လပ်တဲ့ဒေသ၊ လွတ်လပ်တဲ့ လူမျိုးတွေအဖြစ် ရောက်ရှိခဲ့ကြလို့ ULA ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။

အခုလို အခြေအနေတွေကို ရောက်ရှိလာဖို့အတွက် အာရက္ခအချုပ်အခြာအာဏာ ကျရှုံးကတည်းက ဒီနေ့အထိ မဆုတ်မနစ်တဲ့ ဇွဲ့လုံ့လအပြည့်နဲ့  မရပ်မနား တော်လှန်တိုက်ပွဲဝင်ခဲ့ကြတာဖြစ်ပြီး၊ အခု လွတ်လပ်မှုတွေ ပြန်လည်မဆုံးရှုံးသွားစေဖို့ အာရက္ခဒေသနေ ပြည်သူအားလုံးမှာ တာဝန်ရှိတဲ့ အသိတရားနဲ့စုပေါင်းကာကွယ်ကြဖို့ကိုလည်း တိုက်တွန်းထားပါတယ်။

ပြီးခဲ့တဲ့ နှစ်တွေတုန်းက လူမျိုးအသီးသီးဟာ သူ့တို့ရဲ့ အမျိုးသားနေ့တွေကို စစ်အာဏာရှင် လက်အောက်မှာ အနှစ်သာရပြည့်ဝစွာ ကျင်းပခွင့် ကင်းမဲ့ခဲ့ကြပေမဲ့ အာရက္ခဒေသက မြို့နယ်အများကို အာရက္ခတပ်တော်က ထိန်းချုပ်လိုက်ပြီတဲ့နောက် လူမျိုးတိုင်းရဲ့ အမျိုးသားနေ့ အခမ်းအနားတွေကို ဂုဏ်ယူဝင့်ကြွားစွာ ကျင်းပခွင့် ရရှိခဲ့ပြီလို့လည်း ထုတ်ပြန်ချက်မှာ ပြောထားပါတယ်။

အာရက္ခတပ်တော်ထိန်းချုပ်ထားတဲ့မြို့နယ်တွေထဲက  ချင်းလူမျိုးတွေ နေထိုင်ကြတဲ့ ပလက်ဝ၊ မြောက်ဦး၊မင်းပြား၊ မြေပုံ စတဲ့မြို့နယ်တွေမှာ ချင်းအမျိုးသားနေ့တွေကို ကျင်းပခဲ့ကြတယ်လို့လည်း ဒေသခံတွေဆီက သိရပါတယ်။

အဲဒီ ချင်းအမျိုးသားနေ့ အခမ်းအနားပွဲတွေကို ULA ရဲ့ ဒေသအုပ်ချုပ်ရေး တာဝန်ရှိသူတွေ၊ စစ်ဖက်တာဝန်ရှိသူတွေနဲ့ ဒေသတွင်းမျိုးနွယ်စုဝင် ခေါင်းဆောင်တက်ရောက်ခဲ့ကြတယ်လို့ သိရပါတယ်။

အာရက္ခတပ်တော်ဟာ ချင်းပြည်အခြေစိုက် ချင်းညီနောင်(CB) အဖွဲ့နဲ့လည်း မဟာမိတ် တည်ဆောက်ထားတာဖြစ်ပြီး ချင်းပြည်နယ်က မြို့သိမ်းတိုက်ပွဲတွေမှာ စစ်ရေးအရ အကူအညီပေးခဲ့တာတွေလည်း ရှိပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013