
ရန်ကုန်၊ တောင်ဒဂုံမြို့နယ်မှာ ဖေဖော်ဝါရီ ၂၁ ရက် ဒီမနက်က ကလေး ၂ ယောက်ကို ရေနစ်သေဆုံးလျက်သား တွေ့ရတယ်လို့ သိရပါတယ်။
အဲဒီကလေး ၂ ယောက်ဟာ ဖေဖော်ဝါရီ ၁၉ ရက်က ယောက်ကော်ပန်းခြံနားမှာ ကစားရာကနေ အိမ်ပြန်ရောက်မလာဘဲ ပျောက်ဆုံးနေတာပါ။
ဒီနေ့မနက်ပိုင်းမှာတော့ စက်မှုဇုန် ၆၄ အပိုင် အဆောက်အဆုံနားမှာ ရေနစ်သေဆုံးနေတယ်ဆိုတဲ့ သတင်းရလို့ သွားရောက်ကူညီဆယ်ပေးခဲ့တယ်လို့ မြို့ဦးလုလင် နာရေးကူညီမှုအသင်းဆီက သိရပါတယ်။
အသက် ၇ နှစ်အရွယ် မိန်းကလေးနဲ့ ယောကျ်ားလေးတို့ဖြစ်ပြီး ၂၅ ရပ်ကွက်နဲ့ ၂၆ ရပ်ကွက်မှာ နေထိုင်ကြပါတယ်။
သူတို့ ရုပ်အလောင်းတွေကိုဆယ်ယူပြီး စံပြဆေးရုံကို ပို့ပေးခဲ့တယ်လို့လည်း နာရေးကူညီမှုအသင်းဆီက သိရပါတယ်။










