DVB Logo
Home
နိုင်ငံတကာ
ယူကရိန်းစစ်ပွဲ၌ ရုရှားဘက်က ကူတိုက်ပေးရန် ကင်ညာနိုင်ငံသား ၁,၀၀၀ ကျော် စုဆောင်းခံရ
DVB
·
February 21, 2026
ယူကရိန်းစစ်ပွဲ၌ ရုရှားဘက်က ကူတိုက်ပေးရန် ကင်ညာနိုင်ငံသား ၁,၀၀၀ ကျော် စုဆောင်းခံရ
Donate to DVB

ရုရှား–ယူကရိန်း စစ်ပွဲအတွင်း ရုရှားဘက်ကနေ ပါဝင်တိုက်ခိုက်ဖို့အတွက် ကင်ညာနိုင်ငံသား ၁,၀၀၀ ကျော် ခေါ်ယူစုဆောင်းခံထားရတယ်လို့ ဖေဖော်ဝါရီ ၁၈ ရက် ဗုဒ္ဓဟူးနေ့က လွှတ်တော်အမတ်တွေဆီ တင်ပြခဲ့တဲ့ ကင်ညာထောက်လှမ်းရေးအစီရင်ခံစာတစောင်မှာ ဖော်ပြ ပါတယ်။

ဒီအရေအတွက်ဟာ အာဏာပိုင်တွေ အရင်က ခန့်မှန်းထားတာထက် ၅ ဆလောက် ပိုများပြားနေတာ ဖြစ်ပါတယ်။

နိုင်ရိုဘီမြို့ရှိ ရုရှားသံရုံးကတော့ ဒီလို တရားမဝင် စုဆောင်းမှုတွေမှာ သူတို့မပါဝင်ကြောင်း ကြာသပတေးနေ့မှာ ငြင်းဆိုခဲ့ပေမဲ့ နိုင်ငံခြားသားတွေအနေနဲ့ သူတို့စိတ်ဆန္ဒအလျောက် ရုရှားတပ်မတော်မှာ ပါဝင်နိုင်ကြောင်း ပြောကြားခဲ့ပါတယ်။

ဗုဒ္ဓဟူးနေ့က ကင်ညာအမျိုးသားထောက်လှမ်းရေးဌာနရဲ့ အစီရင်ခံစာကို အမျိုးသားလွှတ်တော်ရဲ့ လူများစုခေါင်းဆောင် ကီမာနီအီချွန်ဝါက ဥပဒေပြုအမတ်တွေကို ဖတ်ကြားပြရာမှာ လူကုန်ကူးဂိုဏ်းတွေဟာ အဂတိလိုက်စားတဲ့ အစိုးရအရာရှိတချို့နဲ့ ပူးပေါင်းပြီး ကင်ညာနိုင်ငံသားတွေကို  ရုရှားဘက်မှ စစ်တိုက်ပေးဖို့ လူစုဆောင်းနေတာလို့ ပြောပါတယ်။

အဓိကအားဖြင့် စစ်သားဟောင်းတွေ၊ ရဲဟောင်းတွေနဲ့ အလုပ်လက်မဲ့တွေကို ပစ်မှတ်ထားပြီး တလကို ကင်ညာရှီလင် ၃ သိန်းခွဲ (အမေရိကန်ဒေါ်လာ ၂,၇၀၀ ကျော်) ပေးမယ်လို့ မက်လုံးပေး စည်းရုံးခဲ့ကြတာ ဖြစ်ပါတယ်။

ကီမာနီ အီချွန်ဝါက “ဒီအေးဂျင့်တွေဟာ ကင်ညာနိုင်ငံသားတွေကို လစာအပြင် ရုရှားနိုင်ငံသားအဖြစ် ခံယူခွင့်ပေးမယ်လို့ပါ မက်လုံးပေးနေကြတာပါ။ သူတို့ဟာ ဖမ်းဆီးမခံရအောင် တူရကီနဲ့ ယူအေအီးနိုင်ငံတွေကတဆင့် ခရီးသွားဗီဇာနဲ့ ထွက်ခွာကြပါတယ်။ အခုနောက်ပိုင်း လေဆိပ်တွေမှာ စစ်ဆေးမှုတင်းကျပ်လာလို့ ယူဂန်ဒါ၊ ကွန်ဂိုနဲ့ တောင်အာဖရိကနိုင်ငံတွေကတဆင့် လမ်းကြောင်းပြောင်း သွားလာနေကြပါတယ်” လို့ ပြောပါတယ်။

ဖေဖော်ဝါရီလအထိ စာရင်းတွေအရ ရုရှားကို ရောက်သွားတဲ့ ကင်ညာနိုင်ငံသားတွေထဲမှာ အယောက် ၃၀ ပြန်လည်ခေါ်ယူနိုင်ခဲ့ပါတယ်။

၈၉ ယောက်ဟာ ရှေ့တန်းစစ်မျက်နှာမှာ တိုက်ခိုက်နေပြီး၊ ၃၉ ယောက်ဆေးရုံတက်နေရကာ ၂၈ ယောက်ကတော့ ပျောက်ဆုံးနေပါတယ်။

ကင်ညာနိုင်ငံခြားရေးဝန်ကြီးဌာနက ပြီးခဲ့တဲ့အပတ်က ရုရှားမှာ သောင်တင်နေတဲ့ ကင်ညာနိုင်ငံသား ၂၇ ယောက်ကို ကယ်တင်နိုင်ခဲ့ကြောင်း ပြောကြားခဲ့ပါတယ်။

ကင်ညာနိုင်ငံခြားရေးဝန်ကြီး မူဆယ်လီယာ မူဒါဗာဒီကတော့ ဒီကိစ္စနဲ့ပတ်သက်ပြီး ဆွေးနွေးဖို့ နောက်လမှာ ရုရှားနိုင်ငံကို သွားရောက်ဖို့ စီစဉ်နေပါတယ်။ 

Source: Reuters

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013