DVB Logo
Home
နိုင်ငံတကာ
ဂါဇာထူထောင်ရေး ထရမ့်ပ် ငြိမ်းချမ်းရေးဘုတ်အဖွဲ့က ဒေါ်လာ ၇ ဘီလီယံ ထည့်ဝင်
DVB
·
February 20, 2026
ဂါဇာထူထောင်ရေး ထရမ့်ပ် ငြိမ်းချမ်းရေးဘုတ်အဖွဲ့က ဒေါ်လာ ၇ ဘီလီယံ ထည့်ဝင်
Donate to DVB

ဂါဇာကမ်းမြောင် ပြန်လည်ထူထောင်ရေး ရန်ပုံငွေအတွက် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်ရဲ့ ငြိမ်းချမ်းရေးဘုတ်အဖွဲ့ဟာ ဖေဖော်ဝါရီ ၁၉ ရက်မှာ ဒေါ်လာ ၇ ဘီလီယံ ရရှိသွားပါတယ်။

အခုလိုမျိုး ထည့်ဝင်လှူဒါန်းခဲ့တဲ့ နိုင်ငံတွေထဲမှာ ဥဇဘက်ကစ္စတန်၊ ကာဇက်စတန်၊ အဇာဘိုင်ဂျန်၊ ယူအေအီး၊ မော်ရိုကို၊ ဘာရိန်း၊ ကာတာ၊ ဆော်ဒီနဲ့ ကူဝိတ်တို့ ပါဝင်တယ်လို့လည်း သိရပါတယ်။

အဲဒီငြိမ်းချမ်းရေးဘုတ်အဖွဲ့ရဲ့ ပထမဆုံးအစည်းအဝေးမှာတင် ဥက္ကဋ္ဌဖြစ်တဲ့ ထရမ့်ပ်က ဒေါ်လာ ၁၀ ဘီလီယံ ပမာဏကို မ,တည်ပေးမယ်ဆိုပြီး အတည်ပြုပါတယ်

တချိန်တည်းမှာပဲ အင်ဒိုနီးရှား၊ အယ်လ်ဘေးနီးယား၊ ကာဇက်စတန်၊ ကိုဆိုဗိုနဲ့ မော်ရိုကို စတဲ့ ၅ နိုင်ငံက ဂါဇာဒေသအတွက် တပ်ဖွဲ့ဝင်တွေကို စေလွှတ်ပေးဖို့ ကတိပြုခဲ့ကြပါတယ်။

အီဂျစ်နဲ့ ဂျော်ဒန်ကတော့ ရဲအရာရှိတွေကို သင်တန်းပေး လေ့ကျင့်ဖို့ တာဝန်ယူထားတာ တွေ့ရပါတယ်။

အမေရိကန် စစ်ဗိုလ်ချုပ်တယောက်ရဲ့ ဦးဆောင်မှုနဲ့ အင်ဒိုနီးရှားက ဒု-တပ်မှူးအဖြစ် တာဝန်ယူသွားမှာဖြစ်ပြီး ရဲတပ်ဖွဲ့အသစ်ကို ရာဖာမြို့မှာ လေ့ကျင့်ပေးသွားဖို့ ရှိနေပါတယ်။

ဒါကြောင့် ISF နိုင်ငံတကာတည်ငြိမ်ရေးတပ်ဖွဲ့ဟာ ရဲအင်အား ၁၂,၀၀၀ နဲ့ စစ်သည်အင်အား ၂၀,၀၀၀ အထိ ရှိလာဖို့အတွက် မျှော်မှန်းထားပါတယ်။

၂ နှစ်ကျော် ကြာမြင့်ခဲ့တဲ့ အစ္စရေးနဲ့ ဟားမတ်စ်ကြားက စစ်ပွဲတွေ ရပ်တန့်သွားအောင် ကူညီပေးဖို့ ဖွဲ့စည်းခဲ့တာ ဖြစ်ပေမဲ့လည်း နောက်ပိုင်းမှာတော့ ကုလသမဂ္ဂအဖွဲ့ နေရာကို အစားထိုးနိုင်ဖို့အထိ ရည်ရွယ်ထားပုံ ရပါတယ်။

အမေရိကန် ကြားဝင်ညှိနှိုင်းပေးထားတဲ့ ဂါဇာအပစ်အခတ်ရပ်စဲရေး ဒုတိယအဆင့်မှာတော့ ဟားမတ်စ်အဖွဲ့ လက်နက်ဖြုတ်သိမ်းရေးနဲ့ ဂါဇာဒေသ ပြန်လည်တည်ဆောက်ရေး လုပ်ငန်းစဉ်တွေ အဓိကထား လုပ်ဆောင်သွားရမှာပါ။

ဒါပေမဲ့ ဂါဇာစီးပွားရေးဟာ အလုံးစုံ ပျက်စီးနေပြီဖြစ်သလို အခြေခံအဆောက်အအုံနဲ့ လူနေတိုက်တာ အများစုဟာလည်း အကြီးအကျယ် ဖျက်ဆီးခံထားရပါတယ်။

အဲဒီကမ်းမြောင်ဒေသရဲ့  ပျက်စီးဆုံးရှုံးမှုတန်ဖိုးဟာ ဒေါ်လာ ၇၀ ဘီလီယံလောက် ရှိနိုင်တယ်ဆိုပြီး ကုလသမဂ္ဂက ခန့်မှန်းထားပါတယ်။

ဥရောပသမဂ္ဂ EU အဖွဲ့ဝင်နိုင်ငံတွေထဲမှာတော့ ဟန်ဂေရီနဲ့ ဘူလ်ဂေးရီးယားတို့သာ ထရမ့်ပ်ဘုတ်အဖွဲ့ထဲ တရားဝင် ပါဝင်လာကြပါတယ်။

ဗြိတိန်၊ ကနေဒါ၊ ပြင်သစ်နဲ့ ဂျာမနီ လိုမျိုး အမေရိကန်ရဲ့ အနောက်မဟာမိတ် နိုင်ငံတွေဘက်က ငြိမ်းချမ်းရေးဘုတ်အဖွဲ့ဝင်အဖြစ် ပါဝင်ဖို့ ကမ်းလှမ်းချက်ကို ပယ်ချခဲ့ကြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013