DVB Logo
Home
နိုင်ငံတကာ
ထိုင်းတွင် မိလ္လာစုပ်ကားထဲမှ စိတ်ကြွဆေး ၈၃ သိန်းကျော် ဖမ်းမိ 
DVB
·
February 19, 2026
ထိုင်းတွင် မိလ္လာစုပ်ကားထဲမှ စိတ်ကြွဆေး ၈၃ သိန်းကျော် ဖမ်းမိ 
Donate to DVB

ထိုင်းအလယ်ပိုင်း ဥထိုင်းဌာနီခရိုင်ထဲမှာ မိလ္လာစုပ်ကားတစီးထဲကနေ စိတ်ကြွဆေး ၈၃ သိန်းကျော် ဖမ်းဆီးရမိတယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။ 

နယ်မြေထဲမှာ မူးယစ်ဆေးဝါးအချီကြီး ဝင်ရောက်လာဖို့ရှိကြောင်း ကြိုတင်သတင်းပေးပို့ချက်အရ အမှတ် - ၆ တိုင်းဒေသ မူးယစ်ဆေးဝါးနှိမ်နင်းရေးတပ်ဖွဲ့၊ နယ်မြေခံရဲနဲ့ အဝေးပြေးလမ်းလုံခြုံရေး ရဲတပ်ဖွဲ့ဝင်တွေပါတဲ့ ပူးပေါင်းအဖွဲ့ဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၆ ရက်က  ထိုင်းမြောက်ပိုင်း နခွန်း ဆဝမ် နဲ့ အလယ်ပိုင်း ဥဒွန်းဌာနီကြား ဘန့်လိုက်မြို့နယ် ထပ်လုံအုပ်စုရှိ အဝေးပြေးလမ်းမ အမှတ် ၃၃၃ လမ်းမကြီးပေါ် စောင့်ဆိုင်းစစ်ဆေးခဲ့ကြပါတယ်။ 

နေ့ခင်း ၁၂ နာရီခွဲချိန်  ကြိုတင်သတင်းရထားတဲ့ ကားနဲ့ဆင်တူတဲ့ မိလ္လာစုပ်ကားတစီး ဝင်ရောက် လာပါတယ်၊ အဆိုပါကားဟာ မိလ္လာအနံ့အသက်ထွက်အောင် အဖုံးကိုတမင်ဖွင့်ထားပါတယ်၊ တာဝန်ရှိသူတွေက X-Ray စက်ထဲ ဖြတ်မောင်းစေတာမှာတော့ အထဲမှ အိတ်တွေတွေ့ရှိတာပါ။ 

မိလ္လာကားဖွင့်ကြည့်တာမှာ တိုင်ကီထဲမှာ အစိမ်းရောင်ဆာလာအိတ် ၈၄ အိတ်ပါရှိတယ်။ အဆိုပါအိတ်တွေထဲမှာတော့ စိတ်ကြွဆေးစုစုပေါင်း ၈,၃၉၄,၀၀၀ (ရှစ်သန်းသုံးသိန်းကျော်) ပါရှိပါတယ် ။ 

ယာဉ်မောင်းမှာ အသက် ၃၉ နှစ်အရွယ် နိုင်းဝုဒ်ချိုင်း ဆုန်ဆအတ်ဖြစ်ပြီး သူဟာ အဲဒီကားကို ချင်းမိုင်ခရိုင်  မဲ့အိုင်းမြို့နယ်ဘက်ကနေ  ဆုဖန်းပူးရီးခရိုင်ကို ပို့ပေးဖို့ အခကြေးငွေ ဘတ် ၅၀၀,၀၀၀ နဲ့ မောင်းလာခဲ့တာလို့ ထွက်ဆိုသွားပါတယ်။ 

အဆိုပါမူးယစ်ဆေးဝါးတွေဟာ ထိုင်းတောင်ပိုင်းဘက်ကို ဆက်လက်ပို့ဆောင်သွားဖို့ရှိပြီး ခရီးမဆုံး ခင် ခုလို ဖမ်းဆီးခံလိုက်ရတာ ဖြစ်ပါတယ်။  

မူးယစ်ကုန်သယ်တွေဟာ အဖမ်းအဆီးတွေကို ရှောင်ကွင်းဖို့ မူးယစ်ဆေးတွေကို ခြံထွက်သီးနှံယာဉ်တွေ၊ အရေးပေါ်လူနာတင်ယာဉ်တွေနဲ့ ရောနှောတင်ဆောင်လာပေမဲ့ မလွတ်ဘဲ အဖမ်းခံရတယ်၊ ဒီတချီတော့  ပုံစံသစ်အနေနဲ့ မိလ္လာစုပ်တဲ့ ကားနဲ့ပါ သယ်ဆောင်လာပါတယ်၊ ဒါပေမဲ့လည်း  စစ်ဆေးရေးဂိတ်ရဲ့  X-Ray စက်က ရအောင် စကဲင်ဖတ်ပြီး ဖော်ထုတ်နိုင်ခဲ့တာ ဖြစ်ပါတယ်။ 

Source - matichon / CH7 HD News 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013