DVB Logo
Home
နိုင်ငံတကာ
ဂျာမနီတွင် NATO တပ်ဖွဲ့ဝင် ၁၀,၀၀၀ ခန့် စစ်ရေးလေ့ကျင့်
DVB
·
February 19, 2026
ဂျာမနီတွင် NATO တပ်ဖွဲ့ဝင် ၁၀,၀၀၀ ခန့် စစ်ရေးလေ့ကျင့်
Donate to DVB

ဂျာမနီနိုင်ငံဟာ လက်ရှိမှာ မြောက်အတ္တလန္တိတ် စစ်ရေးမဟာမိတ်အဖွဲ့ (NATO) ရဲ့ STEADFAST DART 26 လေ့ကျင့်ခန်းကို အိမ်ရှင်အဖြစ် လက်ခံကျင်းပနေပြီး မဟာမိတ် တုံ့ပြန်မှုတပ်ဖွဲ့ရဲ့ စစ်ဆင်ရေးဖြန့်ကြက်မှုကို စမ်းသပ်လေ့ကျင့်ဖို့ ရည်ရွယ်ထားပါတယ်။

ဖေဖော်ဝါရီ ၁၈ ရက်က ပူ(တ်)လိုစ် ဂျာမန်စစ်ဘက်လေ့ကျင့်ရေးဌာနရဲ့ ကမ်းခြေတခုမှာ ယာဉ်တွေနဲ့ စစ်သားတွေက ကုန်းရေနှစ်သွယ်မောင်းနိုင်တဲ့ သင်္ဘောတွေရဲ့ ကမ်းတက်လေ့ကျင့်ခန်းတွေကို လေ့ကျင့်နေခဲ့ပါတယ်။

နိုင်ငံ ၁၁ နိုင်ငံက စစ်သား အယောက် ၁၀,၀၀၀ လောက်ဟာ မဟာမိတ်ရဲ့ အရှေ့ဘက်ခြမ်းက အလားအလာရှိတဲ့ ခြိမ်းခြောက်မှုတွေကို တုံ့ပြန်ဖို့ လေ့ကျင့်နေကြတာပါ။

ရုရှားရဲ့ ရောစပ် စစ်ပွဲခြိမ်းခြောက်မှုတွေ တိုးလာတာ၊ ရုရှားရဲ့ အရိပ်တပ်ဖွဲ့က ရေအောက် အခြေခံအဆောက်အအုံတွေကို ဖျက်ဆီးတာ၊ ဒရုန်းတွေက သတ်မှတ်ဧရိယာတွေပေါ်ကနေ ပျံသန်းတာနဲ့ ဘောလ်တစ်ပင်လယ်မှာ စစ်ရေးအင်အား တိုးမြှင့်ထားရှိမှု အပါအဝင် ဘောလ်တစ်ပင်လယ်ဒေသမှာ လုံခြုံရေးစိုးရိမ်မှုတွေ မြင့်တက်လာတာနဲ့အမျှ ဒီလေ့ကျင့်ခန်း ပေါ်ပေါက်လာခဲ့တာပါ။

ဂျာမန်ကာကွယ်ရေးဝန်ကြီး ဘောရစ် ပစ္စတိုးရီးယပ်စ်က NATO ဟာ ဂျာမနီကို အဓိကဗဟိုချက်အဖြစ် အားကိုးနိုင်တယ်လို့ ပြောပါတယ်။

ဂျာမန်ကာကွယ်ရေးဝန်ကြီးက ဖေဖော်ဝါရီ ၁၈ ရက်မှာ ပူ(တ်)လို့စ် စစ်ရေး လေ့ကျင့်ရေးစခန်းဆီ သွားရောက်လည်ပတ်ချိန်မှာ ခုလိုပြောလိုက်တာပါ။

ဒီလေ့ကျင့်ခန်းတွေဟာ NATO ရဲ့ စည်းလုံးညီညွတ်မှုနဲ့ စစ်ဆင်ရေးအသင့်ဖြစ်မှုကို ပြသနေတယ်လို့လည်း သူက ပြောပါတယ်။

“အရှေ့ဘက်ခြမ်းမှာ တခုခုဖြစ်လာရင် NATO တပ်ဖွဲ့တွေကို မြန်မြန်ဆန်ဆန် တပ်ဖြန့်ချထားရမှာ ဖြစ်ပြီး အဲဒါက ဂျာမနီနိုင်ငံကနေတဆင့်ပါ။ ကျနော်တို့ရဲ့ NATO မိတ်ဖက်တွေဆီပေးတဲ့ သတင်းစကားက ရှင်းပါတယ်။ NATO က ဂျာမနီကို အဓိကဗဟိုချက်အဖြစ် အားကိုးနိုင်တယ်” လို့လည်း ပစ္စတိုးရီးယပ်စ်က ပြောခဲ့ပါတယ်။

Source: Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013