
အီရန်နဲ့ ငြိမ်းချမ်းရေးသဘောတူညီချက် မရရင် အီရန်အစိုးရကို အမြစ်ဖြတ်ချေမှုန်းနိုင်တယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က ကုလသမဂ္ဂအထွေထွေညီလာခံမှာ ခြိမ်းခြောက် လိုက်ပါတယ်။
စက်တင်ဘာ ၂၂ ရက် နယူးယောက်မြို့ မိန့်ခွန်းမှာ “သူတို့ကို ငရဲပို့ရမလား” လို့ ထရမ့်ပ်က မေးခွန်း ထုတ်ခဲ့ပါတယ်။
အီရန်ကို တိုက်ခိုက်ခဲ့တာကြောင့် နျူကလီးယားလက်နက် မရအောင် တားဆီးနိုင်ခဲ့တယ်လို့လည်း သူက ပြောပါတယ်။
အီရန်နဲ့ သဘောတူညီချက်ကိုတော့ နိုဝင်ဘာ အမေရိကန် ကြားဖြတ်ရွေးကောက်ပွဲတွေ ပြီးတာနဲ့ ရနိုင်မယ်လို့ ခန့်မှန်းခဲ့ပါတယ်။
အဲဒီနေ့မှာပဲ အမေရိကန်နဲ့ အီရန်တို့ဟာ ကြားဝင်ညှိနှိုင်းသူတွေကတဆင့် သုံးနာရီကြာ ဆွေးနွေး ခဲ့ကြတယ်လို့ ထရမ့်ပ်က ပြောပါတယ်။
ရုရှား–ယူကရိန်း စစ်ပွဲကိုလည်း လူတွေထင်ထားတာထက် စောပြီး အဆုံးသတ်နိုင်မယ်လို့ သူက ကတိပေးခဲ့ပါတယ်။
ဉာဏ်ရည်တု AI နည်းပညာမှာလည်း အမေရိကန်ရဲ့ ဦးဆောင်နေရာကို တရုတ်ဆီ လွှဲပေးမှာ မဟုတ်ဘူးလို့ ပြောပါတယ်။
“ကမ္ဘာ့အစိုးရဆိုတာ မရှိဘူး” လို့လည်း ပြောပြီး နိုင်ငံတွေရဲ့ အချုပ်အခြာအာဏာကို အလေးပေး ခဲ့ပါတယ်။
ကျူးဘားကို ကျရှုံးနေတဲ့နိုင်ငံလို့ ဝေဖန်ချိန်မှာတော့ ကျူးဘားကိုယ်စားလှယ်အဖွဲ့က ခန်းမထဲကနေ ထွက်ခွာခဲ့ပါတယ်။
ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ် ကတော့ ကမ္ဘာ့အကွဲအပြဲတွေ ပိုကြီးလာနေတယ်လို့ သတိပေးပြီး နိုင်ငံတွေ အပြန်အလှန်ပူးပေါင်းဖို့ တိုက်တွန်းခဲ့ပါတယ်။
Source:Reuters











