DVB Logo
Home
မြန်မာသတင်း
ကန့်ဘလူ၌ ဓာတ်ဆီတလီတာ ၂၂,၀၀၀ ကျပ်ထိ မြင့်တက်ပြီး ကုန်စည်စီးဆင်းမှု ပြတ်လပ်
DVB
·
February 18, 2026
ကန့်ဘလူ၌ ဓာတ်ဆီတလီတာ ၂၂,၀၀၀ ကျပ်ထိ မြင့်တက်ပြီး ကုန်စည်စီးဆင်းမှု ပြတ်လပ်
Donate to DVB

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့မှာ စစ်ကောင်စီတပ်က မြို့အဝင်အထွက် ကုန်တင်ကားတွေကို တင်းတင်းကျပ်ကျပ် စစ်ဆေးပိတ်ဆို့နေတာကြောင့် ဓာတ်ဆီ တလီတာကို ငွေကျပ် ၂၂,၀၀၀ အထိ မြင့်တက်နေပြီး အခြေခံစားသောက်ကုန်ဈေးနှုန်းတွေလည်း အဆမတန် မြင့်တက်နေကာ ကုန်ပစ္စည်း ပြတ်လပ်မှုတွေနဲ့ပါ ကြုံတွေ့နေရတယ်လို့ မြို့ခံတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလလောက်ကစပြီး ကန့်ဘလူမြို့နယ်ထဲမှာ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်ဖွဲ့တွေအကြား တိုက်ပွဲတွေ ပြင်းထန်ခဲ့ပြီးတဲ့နောက် အခုလို ပိတ်ဆို့လိုက်တာပါ။

လက်ရှိအချိန်ထိလည်း နှစ်ဖက် စစ်ရေးတင်းမာနေပြီး လမ်းကြောင်းတလျှောက် စစ်ဆေးမှုတွေ တင်းကျပ်ထားတာကြောင့် ကုန်စည်စီးဆင်းမှု ရပ်တန့်လုနီးပါး ဖြစ်နေတာလို့ မြို့ခံတယောက်က DVB ကို ပြောပါတယ်။

“ဓာတ်ဆီက ၂၂,၀၀၀ ထိ ဖြစ်နေပြီး ဓာတ်ဆီဈေးတက်တော့ ကျန်တာတွေလည်း အကုန်လိုက်တက်တာ၊ ဈေးတက်တာထက် ဝယ်ချင်တိုင်း ဝယ်မရအောင် ပစ္စည်းပြတ်နေတာက ပိုဆိုးတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် ဆေးဝါးပစ္စည်းတွေဆိုရင် ဈေးကြီးပေးဝယ်ရင်တောင် မရတဲ့အခြေအနေ ရောက်နေပါပြီ။”

လက်ရှိမှာ စစ်ကောင်စီတပ်က မြို့အဝင်အထွက်ကို ပိတ်ဆို့ထားသလို တော်လှန်ရေး တပ်ဖွဲ့တွေကလည်း မြို့အပြင်လမ်းတွေမှာ ဂိတ်ချ စစ်ဆေးနေတာကြောင့် ကုန်တင်ကားတွေ အဝင်အထွက် မလုပ်နိုင်ကြတော့ဘဲ ခိုင်လုံတဲ့ အကြောင်းပြချက် မပြနိုင်ရင် ဘယ်ကားကိုမဆို ဝင်ထွက်ခွင့် မပြုဘူးလို့ သိရပါတယ်။

ကုန်ကားနဲ့နီးစပ်သူ ဒေသခံတယောက်က “မြို့ထဲဝင်မဲ့ ကုန်ကားတွေက လမ်းမှာ စစ်ဆေးမှုတွေ များတာရယ်၊ လမ်းကြောင်းမရှင်းတာရယ်ကြောင့် တော်တော်နဲ့ မြို့ထဲကို မရောက်နိုင်ဘဲ ရက်တွေကြာပြီး ခက်ခက်ခဲခဲ သယ်ယူနေရလို့ ကုန်ဈေးနှုန်းက အဆမတန် မြင့်တက်နေတာ” လို့ ပြောပါတယ်။

လက်ရှိမှာလည်း တိုက်ပွဲတွေကြောင့် ကန့်ဘလူမြို့ပေါ်မှာ လျှပ်စစ်မီးပြတ်တောက်နေတာ ၃ လလောက် ရှိနေပြီဖြစ်လို့ ပြည်သူတွေဟာ ရေနဲ့ မီး အခက်အခဲကိုပါ ထပ်ဆင့် ကြုံတွေ့နေရတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013