DVB Logo
Home
နိုင်ငံတကာ
နျူကလီးယားရေငုပ်သင်္ဘောအတွက် သင်္ဘောကျင်းတည်ဆောက်မှုတိုးတက်ရန် ဩစတြေးလျက  ဒေါ်လာဘီလီယံချီ သုံးမည်  
DVB
·
February 16, 2026
နျူကလီးယားရေငုပ်သင်္ဘောအတွက် သင်္ဘောကျင်းတည်ဆောက်မှုတိုးတက်ရန် ဩစတြေးလျက  ဒေါ်လာဘီလီယံချီ သုံးမည်  
Donate to DVB

အမေရိကန်၊ ဩစတြေးလျနဲ့ ဗြိတိန်တို့ပါတဲ့ သုံးပွင့်ဆိုင် AUKUS ကာကွယ်ရေး သဘောတူညီချက်အရ နျူကလီးယားစွမ်းအင်သုံး ရေငုပ်သင်္ဘောတွေကို တည်ဆောက်ရာမှာ အထောက်အကူဖြစ်စေမဲ့ သင်္ဘောကျင်း တည်ဆောက်မှု တိုးတက်စေဖို့ ဩစတြေးလျဒေါ်လာ ၃ ဒသမ ၉ ဘီလီယံ (အမေရိကန် ဒေါ်လာ ၂ ဒသမ ၇၆ ဘီလီယံ) သုံးမယ်လို့ ဩစတြေးလျက ဖေဖော်ဝါရီ ၁၅ ရက်မှာ ပြောပါတယ်။

၂၀၂၁ ခုနှစ်မှာ ကြေညာခဲ့တဲ့ AUKUS ဟာ ဩစတြေးလျရဲ့ အကြီးမားဆုံးကာကွယ်ရေး ရင်းနှီးမြှုပ်နှံမှုပါ။

၂၀၂၇ ခုနှစ်ကစလို့ အမေရိကန်ရဲ့ကွပ်ကဲမှုနဲ့ ဩစတြေးလျမှာ အခြေစိုက်တဲ့ ဗာဂျီးနီးယား အတန်းအစား ရေငုပ်သင်္ဘောတွေ၊ ၂၀၃၀ ပြည့်နှစ် ဝန်းကျင်ကစပြီး ဗာဂျီးနီးယားရေငုပ်သင်္ဘော အများအပြားတို့ကို ဩစတြေးလျဆီ ရောင်းချတာ၊ ဗြိတိန်နဲ့ ဩစတြေးလျတို့က AUKUS နျူကလီးယားစွမ်းအင်သုံး ရေငုပ်သင်္ဘောအမျိုးအစားအသစ်တခုကို တည်ဆောက်တာတို့ကို ဒီခေါင်းစဉ်အောက်မှာ မြင်တွေ့ရမှာ ဖြစ်ပါတယ်။

ဩစတြေးလျဝန်ကြီးချုပ် အန်တိုနီ အယ်လ်ဘန်နီးစ်က ဩစတြေးလျဒေါ်လာ ၃ ဒသမ ၉ ဘီလီယံကို တောင်ဩစတြေးလျပြည်နယ်၊ အယ်ဒီလိတ်မြို့ရဲ့ ဆင်ခြေဖုံးရပ်ကွက်တခုဖြစ်တဲ့ အော့စ်ဘုန်းမှာ သင်္ဘောကျင်းအသစ် တည်ဆောက်ဖို့ ကနဦးငွေပေးချေမှုအဖြစ် ဖော်ပြခဲ့ပါတယ်။

တရားဝင်ခန့်မှန်းချက်တွေအရ တည်ဆောက်မှုရဲ့ စုစုပေါင်းကုန်ကျစရိတ်ကို လာမဲ့ ဆယ်စုနှစ်တွေအတွင်း ဩစတြေးလျဒေါ်လာ ၃၀ ဘီလီယံလောက် ရှိမယ်လို့ သူက ပြောပါတယ်။

အော့စ်ဘုန်းဟာ ဩစတြေးလျ ASC နဲ့ ဗြိတိန် BAE Systems တို့က AUKUS စာချုပ်ရဲ့ အဓိက အစိတ်အပိုင်းဖြစ်တဲ့ ဩစတြေးလျရဲ့ နျူကလီးယားစွမ်းအင်သုံး ရေငုပ်သင်္ဘောတပ်ဖွဲ့ကို ပူးတွဲတည်ဆောက်မဲ့နေရာ ဖြစ်လာပါတယ်။

Source: Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013