DVB Logo
Home
မြန်မာသတင်း
ကနီမြို့နယ် ချင်းတွင်းမြစ်အတွင်း ရွှေမျှောလုပ်ငန်းများ ရပ်ဆိုင်းထားရန် သတိပေး
DVB
·
February 12, 2026
ကနီမြို့နယ် ချင်းတွင်းမြစ်အတွင်း ရွှေမျှောလုပ်ငန်းများ ရပ်ဆိုင်းထားရန် သတိပေး
Donate to DVB

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ် ဧရိယာအတွင်းမှာရှိတဲ့ ချင်းတွင်းမြစ်ကြောင်းအတွင်း ရွှေမျှောလုပ်ငန်းတွေ ရပ်ဆိုင်းထားဖို့ မြို့နယ်အရေးပေါ်အုပ်ချုပ်ရေး (ဗဟို) အဖွဲ့က ဖေဖော်ဝါရီ ၁၀ ရက်မှာ အသိပေးစာ ထုတ်ပြန်ထားပါတယ်။

ယင်းမာပင်ခရိုင်၊ ကနီမြို့နယ် ချင်းတွင်းမြစ်ကြောင်းအတွင်း ရွှေမျှောလုပ်ငန်းရှင်တချို့ဟာ ရွှေမျှောလုပ်ငန်းတွေ လုပ်ကိုင်နေကြောင်းနဲ့ ဆက်လက် လုပ်ကိုင်နေပါက မြစ်ကမ်းပါးရှိ ကျေးရွာတွေ ကမ်းပါးပြိုမှုအန္တရာယ် ကျရောက်နိုင်ကြောင်း ထုတ်ပြန်စာမှာဖော်ပြပါတယ်။

ဒါ့အပြင် ခရီးသွားပြည်သူနဲ့ ကုန်သည်တွေ ရေကြောင်းကျပ်တည်းမှုနဲ့အတူ ပတ်ဝန်းကျင်ညစ်ညမ်းမှု ဖြစ်စေတာ ဒါမှမဟုတ် ဂေဟစနစ် ပျက်စီးတာတွေ ပိုမိုကြုံလာရနိုင်တယ်လို့ မြို့နယ်အရေးပေါ်အုပ်ချုပ်ရေး(ဗဟို)အဖွဲ့က ထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် ကနီမြို့နယ်က ချင်းတွင်းမြစ်ကြောင်းအတွင်းနဲ့ ချင်းတွင်းမြစ်ကြောင်း လက်ဝဲ၊ လက်ယာ ပေ ၁၅၀ အတွင်း ရွှေမျှောလုပ်ငန်း လုပ်ကိုင်မှု မပြုလုပ်ဖို့နဲ့ ပြုလုပ်နေတာကို တွေ့ရှိပါက ဥပဒေအရ ထိထိရောက်ရောက် အရေးယူ ဆောင်ရွက်သွားမယ်လို့လည်း ဆိုပါတယ်။

ကနီမြို့နယ် မြစ်ကမ်းဘေး နေထိုင်သူ ရွာသားတယောက်က “မင်းကင်းနယ်နဲ့ ကနီမြို့နယ်အစပ် ချင်းတွင်းမြစ် တနေရာမှာ လုပ်နေတာ။ ဘယ်အဖွဲ့အစည်းရဲ့ ခွင့်ပြုချက်မှ မရှိဘူး။ သူတို့ဆန္ဒနဲ့သူတို့ လုပ်နေကြတာ။‌ ကျနော်တို့ ဒေသခံတွေရဲ့ သဘောထားကတော့ မလုပ်စေချင်ဘူး။ ရွှေမျောတူးဖော်မှု ပြုလုပ်ရင် မြစ်ကမ်းပါးတွေ ပြိုကျပြီး ရွာတွေပျက်စီးမှာ ကြောက်တယ်” လို့ ပြောပါတယ်။

ကနီမြို့နယ်မှာ ချင်းတွင်းမြစ်ကမ်းပါးပြိုကျလို့ ကဲတောင်ရွာ၊ မဲဒင်ရွာ၊ ကင်းရွာ၊ ကနဲရွာ၊ ချိုင်ရွာ စတဲ့ မြစ်ကမ်းဘေးရွာတွေ ကမ်းထိန်းရေကာတာတွေ နှစ်စဉ် ပြုလုပ်နေကြရပြီး ဝက်ချောင်းကလေးရွာကတော့ မြစ်ကမ်းပြိုကြလို့ ရွာပြောင်းရွှေ့ထားရတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013