
ချင်းတွင်းမြစ်ကြောင်းအတိုင်း စစ်အာဏာရှင်တပ်ရဲ့ စစ်သင်္ဘော ၂ စင်းနဲ့ ဖလက်ခွံ ၁၇ စင်း စုစုပေါင်း သင်္ဘော ၁၉ စင်း ဆန်တက်လာတယ်လို့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက ပြောပါတယ်။
မန္တလေးတိုင်း မြင်းခြံမြို့နယ် ဆိပ်ညံရေတင်စခန်းကနေ စက်တင်ဘာ ၁၉ ရက်မှာ ချင်းတွင်းမြစ်ကြောင်းအတိုင်း ဆန်တက်လာတာပါ။
လက်ရှိမှာတော့ အဲ့ဒီ သင်္ဘောတွေက မုံရွာအနောက်မြောက်တိုင်း စစ်ဌာနချုပ် ( နမခ) မှာ ရောက်ရှိနေပြီး အထက်ကို ဆက်တက်ဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။
မုံရွာမြို့နယ်က တော်လှန်ရေးရဲဘော် တယောက်က “လက်ရှိတော့ မုံရွာနမခထဲမှာ နားနေကြတယ်၊ သယ်စရာက ၂ ခုပဲရှိတာ၊ လက်ပန်းတောင်းကနေ ကြေးသယ်မလား၊ အထက်ထိဆက်တက်ပြီး ဘာသယ်မလဲတော့ မသိသေးဘူး” လို့ ပြောပါတယ်။
စစ်သင်္ဘောတွေပေါ်ကနေ ချင်းတွင်းမြစ်ကြောင်းတလျှောက်က ကျေးရွာတွေကိုလည်း လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။











