
အီရန်က အမေရိကန်စစ်သင်္ဘောတွေကို ပါရှန်းပင်လယ်ကွေ့ဆီ ဝင်ခွင့်ပိတ်ထားတယ်လို့ အောက်တိုဘာ ၂၄ ရက်က ပြောလိုက်ပါတယ်။
အမေရိကန်စစ်သင်္ဘောတွေကို ပါရှန်းပင်လယ်ကွေ့ဆီ ဝင်ခွင့်မပြုတော့ဘူးလို့ အီရန်လက်နက်ကိုင် တပ်ဖွဲ့တွေရဲ့ စစ်ဦးစီးချုပ် အလီအဗ္ဗဒိုလာဟီက ခုလိုပြောလိုက်တာပါ။
အီရန်လက်နက်ကိုင်တပ်ဖွဲ့တွေဟာ အမေရိကန်ရေတပ်ကို အောင်အောင်မြင်မြင် ထိန်းချုပ်ထားနိုင်ခဲ့ပြီး ပါရှန်းပင်လယ်ကွေ့ ဒါမှမဟုတ် အီရန်ပိုင်နက်ရေပြင်အနားက ရေပြင်တွေဆီ မချဉ်းကပ်နိုင်ဘူးလို့ အီရန်မီဒီယာတွေက စနေနေ့မှာ ဖော်ပြပါတယ်။
ပါရှန်းပင်လယ်ကွေ့ဆီ ပြန်လာဖို့ အမေရိကန်စစ်တပ်ရဲ့ မျှော်လင့်ချက်က "အိပ်မက်တခုသာ" ဖြစ်တယ်လို့လည်း သူက ပြောလိုက်ပါတယ်။
အဗ္ဗဒိုလာဟီက အမေရိကန်၊ အစ္စရေးနဲ့ သူတို့ရဲ့ စစ်ဘက်တပ်ဖွဲ့တွေဟာ သူတို့ ကိုယ်တိုင် ဖန်တီးထားတဲ့ ရွှံ့နွံထဲကို ပိုနစ်မြုပ်သွားလိမ့်မယ်လို့လည်း ပြောခဲ့ပါတယ်။ ပဋိပက္ခကြာရှည်လေ၊ ဒီအခြေအနေက ပိုဆိုးရွားလေဖြစ်တယ်လို့လည်း သူက ပြောပါတယ်။











