DVB Logo
Home
နိုင်ငံတကာ
တရုတ်နိုင်ငံသား ၂ ဦးကို ဩစတြေးလျ တရားစွဲ
DVB
·
February 12, 2026
တရုတ်နိုင်ငံသား ၂ ဦးကို ဩစတြေးလျ တရားစွဲ
Donate to DVB

သြစတြေးလျရဲတပ်ဖွဲ့က တရုတ်နိုင်ငံသား ၂ ယောက်ကို တရုတ်အစိုးရ လုံခြုံရေးအေဂျင်စီ ကိုယ်စား ဗုဒ္ဓဘာသာအဖွဲ့တခုအကြောင်း သတင်းအချက်အလက် လျှို့ဝှက်စုဆောင်းတဲ့အတွက် ပြည်ပဝင်ရောက်စွက်ဖက်မှုနဲ့ ဖေဖော်ဝါရီ ၁၁ ရက်မှာ တရားစွဲဆိုပြီးတဲ့နောက် တရားရုံးမှာ ရုံးထုတ်ဖို့ စီစဉ်ထားပါတယ်။

၂၀၁၈ ခုနှစ်မှာ သြစတြေးလျက ပြဋ္ဌာန်းခဲ့တဲ့ ပြည်ပဝင်ရောက်စွက်ဖက်မှု ဥပဒေတွေနဲ့ တရားစွဲခံရတဲ့ တရုတ်နိုင်ငံသားတွေ ပတ်သက်နေတဲ့ ဒုတိယအကြိမ်မြောက်အမှုဖြစ်ပြီး သူတို့ ၂ ယောက်ဟာ တရားစွဲဆိုခံရတဲ့ စတုတ္ထနဲ့ ပဉ္စမမြောက် ပုဂ္ဂိုလ်တွေ ဖြစ်ပါတယ်။

အသက် ၂၅ နှစ်အရွယ် အမျိုးသားနဲ့ အသက် ၃၁ နှစ်အရွယ် အမျိုးသမီးတို့ဟာ သြဂုတ်လမှာ တရားစွဲဆိုခံခဲ့ရတဲ့ တခြားတရုတ်အမျိုးသမီးတယောက်နဲ့ ပူးပေါင်းလုပ်ဆောင်ခဲ့ပြီး အဖွဲ့ရဲ့ ကင်ဘာရာဌာနခွဲဖြစ်တဲ့ ကွမ်ရင်စီထာ ဓမ္မတံခါးအသင်းအကြောင်း အချက်အလက်တွေကို စုဆောင်းခဲ့တယ်လို့ သြစတြေးလျ ပြည်ထောင်စုရဲတပ်ဖွဲ့က ပြောပါတယ်။

တရားခံတယောက်စီဟာ သြစတြေးလျမြို့တော်က တရားရုံးမှာ ရုံးထုတ်ရာ အများဆုံး ထောင်ဒဏ် ၁၅ နှစ်အထိ ချမှတ်နိုင်တဲ့ ပြည်ပဝင်ရောက်စွက်ဖက်မှုနဲ့ တရားစွဲဆိုခံရမှာ ဖြစ်ပါတယ်။

ဒီသတင်းထွက်လာအပြီးမှာ တရုတ်အစိုးရက တခြားနိုင်ငံရဲ့ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်မှာ မဟုတ်ဘူးလို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ လင်ကျန်းက ပုံမှန် သတင်းစာရှင်းလင်းပွဲတခုမှာ ပြောလိုက်ပါတယ်။

တရုတ်နဲ့ သက်ဆိုင်ရာနိုင်ငံတွေအကြား ပုံမှန်ဝန်ထမ်းတွေဖလှယ်မှုနဲ့ ပူးပေါင်းဆောင်ရွက်မှုကို နှောင့်ယှက်ဖို့ ပြည်ပဝင်ရောက်စွက်ဖက်မှုကို အကြောင်းပြချက်အဖြစ် သုံးတာကို တရုတ်နိုင်ငံအနေနဲ့  ပြတ်ပြတ်သားသား ဆန့်ကျင်တယ်လို့ လင်ကျန်းက ပြောပါတယ်။

တရုတ်နိုင်ငံသား ၂ ယောက်ပါတဲ့ အမှုကို “သတိရှိရှိနဲ့ စနစ်တကျ” ကိုင်တွယ်ဖြေရှင်းဖို့နဲ့ စွပ်စွဲခံတွေရဲ့ တရားဝင် အခွင့်အရေးတွေ ရတာ သေချာစေဖို့ ဩစတြေးလျအစိုးရကို တိုက်တွန်းခဲ့ပါတယ်။

ရဲတပ်ဖွဲ့က နိုင်ငံခြားဝင်ရောက်စွက်ဖက်မှုနဲ့ တရားစွဲဆိုပြီးနောက် ဩစတြေးလျမှာ ရုံးတင်စစ်ဆေးဖို့ စီစဉ်ထားတဲ့ တရုတ်နိုင်ငံသားတွေရဲ့ အသေးစိတ်အချက်အလက်တွေကို မသိဘူးလို့ လင်က ထပ်လောင်းပြောခဲ့ပါတယ်။

Source: Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013