DVB Logo
Home
မြန်မာသတင်း
ပူတာအိုတွင် စစ်ကောင်စီတပ် စစ်ကြောင်းထိုး၊ ဝိုင်းမော်၌ တိုက်ပွဲငြိမ်နေ
DVB
·
February 10, 2026
ပူတာအိုတွင် စစ်ကောင်စီတပ် စစ်ကြောင်းထိုး၊ ဝိုင်းမော်၌ တိုက်ပွဲငြိမ်နေ
Donate to DVB

ကချင်ပြည်နယ်၊ ပူတာအိုမြို့နယ်ထဲမှာ စစ်ကောင်စီတပ်နဲ့ ပြည်သူ့စစ် ပူးပေါင်းတပ်ဖွဲ့တွေက တန်ဂျာအင်ခေါ် ချောင်းတကြောကို စစ်အင်အားတွေ ပို့ဆောင်ပြီး စစ်ကြောင်းထိုး လှုပ်ရှားတာတွေ ရှိနေတယ်လို့ ပူတာအိုမြို့နယ်ထဲက ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ရှေ့တန်း သတင်းရင်းမြစ်ကနေ သိရပါတယ်။

စစ်ကောင်စီတပ်နဲ့ ပြည်သူ့စစ် ပူးပေါင်းတပ်ဖွဲ့တွေက ပူတာအိုကနေတဆင့် မြစ်ကြီးနား-ဆွမ်ပရာဘွမ် လမ်းကနေ KIA ထိန်းချုပ်ထားတဲ့ တန်ဂျာ အင်ဒေါင်တောင်ဘက်ကို စစ်ကြောင်းထိုး လှုပ်ရှားနေတာ ဖြစ်တယ်လို့ ပြောပါတယ်။

“ရန်သူတွေ(စကမ/ပြည်သူ့စစ်) က တန်ဂျာဘက်၊ အင်ခေါ်ချောင်းတကြောကော၊ အင်ဒေါင်ဘွမ်နဲ့ ဆွမ်ပီယန်ဘက်တွေကို သူတို့ အင်အားဖြည့်ပြီး စစ်ကြောင်းထိုးနေတာတွေ ပြုလုပ်နေဆဲ ဖြစ်တယ်။”

စစ်ကောင်စီတပ်နဲ့ ပြည်သူ့စစ် ပူးပေါင်းတပ်ဖွဲ့တွေက ပူတာအိုကနေတဆင့် ကားလမ်းတွေကို အသုံးပြုပြီး စစ်အင်အား ဖြည့်တင်းတာတွေ ပြုလုပ်ပြီးတော့ ခြေလျင်နဲ့ စစ်ကြောင်းထိုး လှုပ်ရှား သွားလာတာတွေ ရှိနေတယ်လို့လည်း သိရပါတယ်။

ပူတာအိုမြို့နယ်ထဲမှာတော့ စစ်ကောင်စီတပ်နဲ့ ပြည်သူ့စစ် ပူးပေါင်းတပ်ဖွဲ့တွေ စစ်ရေးလှုပ်ရှားလာတာကြောင့် ဖေဖော်ဝါရီ ၂ ရက်တုန်းကလည်း တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပြီးနောက် အခုတပတ်မှာတော့ တိုက်ပွဲဖြစ်ပွားတာ မရှိသေးဘူးလို့ ပူတာအိုမြို့နယ်က သတင်းရင်းမြစ်တယောက်က ပြောပါတယ်။

“အခု ဒီရက်ပိုင်းတွေတော့ တိုက်ပွဲမရှိဘူး၊ သူတို့ လွန်ခဲ့တဲ့ ဖောဖော်ဝါရီလ ၂ ရက်နေ့ နှစ်ဖက် တိုက်ပွဲဖြစ်ကတည်းက တိုက်ပွဲပြန်ဖြစ်တာမရှိဘူး။”

လက်ရှိအချိန် နှစ်ဖက်တိုက်ပွဲတွေ မရှိပေမဲ့ စစ်ကောင်စီတပ်နဲ့ ပြည်သူ့စစ် ပူးပေါင်းတပ်ဖွဲ့တွေ ဘက်ကတော့ တန်ဂျာတကြောကို စစ်ရေးလှုပ်ရှားတာ ပုံမှန်ရှိနေတယ်လို့ သိရပါတယ်။

ပူတာအိုမြို့နယ်ထဲက PDF PUTAO ကလည်း အခုရက်ပိုင်းတွေအတွင်း ရန်သူ့နယ်မြေရှင်းလင်းတဲ့ မှတ်တမ်းဓာတ်ပုံတွေ ဝေမျှထားပြီးတော့ စစ်ကောင်စီတပ်သားတွေ အခြေချခဲ့တယ်လို့ ယူဆရတဲ့ နေရာတွေမှာ သွားလာခြင်းမပြုလုပ်ဖို့ သတိပေး ပြောဆိုထားပြီး မြေမြှုပ်မိုင်းတချို့ကို ရှင်းလင်းနိုင်ခဲ့ပေမဲ့ အများအပြား ကျန်ရှိနေဆဲ ဖြစ်တယ်လို့ ပြည်သူတွေကို သတိပေး ပြောဆိုထားပါသေးတယ်။

ကချင်ပြည်နယ်ထဲက မြစ်ကြီးနားမြို့ တဖက်က ဝိုင်းမော်မြို့က ခလရ ၅၈ ပတ်ဝန်းကျင်မှာလည်း တိုက်ပွဲတွေ ငြိမ်သက်နေတယ်လို့ ဝိုင်းမော်မြို့နယ်ထဲက ရှေ့တန်း သတင်းရင်းမြစ်တယောက်ကနေ သိရပါတယ်။

“ဝိုင်းမော်ဘက်လည်း ပြန်ပြီးငြိမ်နေတယ်။ လွန်ခဲ့တဲ့ရက်တွေတုန်းက ကာကင်းစခန်းကုန်းတခု သိမ်းလိုက်တဲ့နောက်ပိုင်းတော့ ပြန်ပြီး ငြိမ်နေသေးတယ်။”

ဝိုင်းမော်မြို့၊ လမြန်ကျေးရွာ ပတ်ဝန်းကျင်က စစ်ကောင်စီတပ်စခန်း နှစ်ဖက်ကို ဖေဖော်ဝါရီ ၂ ရက်က သိမ်းပိုက်ရရှိပြီးနောက် တိုက်ပွဲတွေ ခဏငြိမ်သက်နေတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013