
၁၅၁ နှစ်မြောက် ကရင်နီအမျိုးသားနေ့ အထိမ်းအမှတ်အဖြစ် လူသားချင်းစာနာထောက်ထားမှုကို အလေးထားတဲ့အနေနဲ့ ကရင်နီပြည် အကျဉ်းထောင်နဲ့ အကျဉ်းစခန်းအသီးသီးမှာ ပြစ်ဒဏ်ကျခံနေရတဲ့ အကျဉ်းသူ၊ အကျဉ်းသား စုစုပေါင်း ၃၉ ယောက် ကို ပြစ်ဒဏ်လွတ်ငြိမ်းချမ်းသာခွင့် ပေးလိုက်ပါတယ်။
ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC) က ဒီကနေ့ ဇွန် ၂၁ ရက်မှာ အမိန့်ကြော်ငြာစာအမှတ် (၁၃/၂၀၂၆) နဲ့ ကောင်စီဥက္ကဋ္ဌ ခူဦးရယ် လက်မှတ်ရေးထိုး ထုတ်ပြန်လိုက်တာပါ။
အမိန့်ကြော်ငြာစာအရ ဇွန် ၂၁ ရက် ဒီနေ့မတိုင်မီက ပြစ်မှုတခုခုနဲ့ စပ်လျဉ်းပြီး ပြစ်ဒဏ်ချမှတ်ခံထားရတဲ့ အကျဉ်းသားတွေကို ကရင်နီပြည်ရဲ့ ကြားကာလအစီအမံ အပိုဒ် (၇၅)၊ အပိုဒ်ခွဲ (ခ) အရ အခုလို လွတ်ငြိမ်းချမ်းသာခွင့်ပြုလိုက်တာလို့ ဆိုပါတယ်။










