DVB Logo
Home
နိုင်ငံတကာ
ကမ္ဘာ့လက်နက်ဈေးကွက်ထဲ ဂျပန်နိုင်ငံက စတင်ခြေလှမ်း
DVB
·
April 21, 2026
Photo: REUTERS/Kim Kyung-Hoon/File Photo
Photo: REUTERS/Kim Kyung-Hoon/File Photo
Donate to DVB

ဂျပန်အစိုးရဟာ ဆယ်စုနှစ်များစွာအတွင်း ကာကွယ်ရေးပို့ကုန်စည်းမျဉ်းတွေကို အကြီးမားဆုံး ပြင်ဆင်မှုအနေနဲ့ ဧပြီ ၂၁ ရက်မှာ ကာကွယ်ရေးဆိုင်ရာ ပို့ကုန်စည်းမျဉ်း တစိတ်တပိုင်းကို ပြင်ဆင်ဖို့ အတည်ပြုခဲ့ပြီး ပြည်ပလက်နက်ရောင်းချမှုအပေါ် ကန့်သတ်ချက် အများစုကို ပယ်ဖျက်ကာ စစ်သင်္ဘောတွေ၊ ဒုံးကျည်တွေနဲ့ တခြားလက်နက်တွေ တင်ပို့မှုအတွက် လမ်းဖွင့်ပေးလိုက်ပါတယ်။

ဒါဟာ စစ်ပြီးခေတ် လုံခြုံရေးမူဝါဒကို ပုံဖော်ခဲ့တဲ့ ငြိမ်းချမ်းရေးဝါဒ ကန့်သတ်ချက်တွေကနေ နောက်ထပ် ခြေတလှမ်း ခွဲထွက်လိုက်တာဖြစ်ပြီး ဂျပန်နိုင်ငံဟာ ကမ္ဘာ့လက်နက်ဈေးကွက်ထဲကို စတင်ခြေလှမ်းလိုက်တာလည်း ဖြစ်ပါတယ်။

ဒီလုပ်ဆောင်ချက်ဟာ ဆယ်စုနှစ်များအတွင်း အကြီးဆုံး ပြောင်းလဲမှုဖြစ်ပြီး ဂျပန်နိုင်ငံရဲ့ လုံခြုံရေးကို အာမခံဖို့နဲ့ ဒေသတွင်း တည်ငြိမ်ရေးကို စိတ်ချရအောင် လုပ်ဆောင်ဖို့ လိုအပ်တယ်လို့ ဂျပန်အစိုးရက ပြောပါတယ်။

ဝန်ကြီးချုပ် ဆာနာအဲတာကာအိချိ အစိုးရဟာ ကယ်ဆယ်ရေး၊ သယ်ယူပို့ဆောင်ရေး၊ သတိပေးစနစ်၊ ထောက်လှမ်းရေးနဲ့ မိုင်းရှင်းလင်းရေးပစ္စည်းတွေအထိပဲ ကန့်သတ်ထားခဲ့တဲ့ စစ်ရေးပစ္စည်းတင်ပို့မှု အမျိုးအစား ၅ ခုထဲမှာပဲ ကန့်သတ်ထားတဲ့ စစ်ဘက်ဆိုင်ရာ ပို့ကုန်မူဝါဒကို ဖယ်ရှားလိုက်တာဖြစ်ပြီး အရောင်းအဝယ် တခုချင်းစီကို စိစစ်သုံးသပ်သွားမယ်လို့ ဆိုပါတယ်။

အဲဒီအစား တာဝန်ရှိသူတွေဟာ အကျိုးကျေးဇူးပေါ် မူတည်ပြီးတော့ ဆုံးဖြတ်သွားမှာ ဖြစ်ပါတယ်။ ဂျပန်ဟာ ကာကွယ်ရေး တင်ပို့မှုတွေမှာ ထုတ်လုပ်မှုပမာဏကို တိုးစေပြီး တခုချင်း ကုန်ကျစရိတ် လျှော့ချနိုင်သလို စစ်ရေး အရေးပေါ်အချိန်မှာ အသုံးချနိုင်မဲ့ ထုတ်လုပ်မှုစွမ်းရည်ကို တိုးတက်စေမယ်လို့ မျှော်လင့်ထားပါတယ်။

ယူကရိန်းနဲ့ အရှေ့အလယ်ပိုင်းက စစ်ပွဲတွေကြောင့် အမေရိကန် လက်နက်ထုတ်လုပ်မှုမှာ ဖိအားများလာပြီး ဂျပန်အတွက် အခွင့်အလမ်းတွေ တိုးလာပါတယ်။

တချိန်တည်းမှာပဲ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ် လက်ထက်မှာ ဝါရှင်တန်ရဲ့ လုံခြုံရေး ကတိကဝတ်တွေက မသေချာတော့ဘူးလို့ မြင်လာကြတာကြောင့် ဥရောပနဲ့ အာရှက အမေရိကန် မဟာမိတ်တွေဟာ လက်နက်ဝယ်ယူရာမှာ နည်းလမ်းမျိုးစုံ ရှာလာကြပါတယ်။

ပိုလန်ကနေ ဖိလစ်ပိုင်အထိ နိုင်ငံအသီးသီးဟာ သူတို့ရဲ့ စစ်အင်အားကို အဆင့်မြှင့်တင်ဖို့အတွက် လက်နက်ဝယ်ယူရေး အခွင့်အလမ်းတွေကို လေ့လာနေကြပြီး ပထမဆုံး အရောင်းအဝယ်တွေထဲမှာ ဖိလစ်ပိုင်ကို အသုံးပြုပြီးသား စစ်သင်္ဘောတွေ တင်ပို့ဖို့ ဖြစ်နိုင်တယ်လို့ သတင်းရင်းမြစ်တွေက ဆိုပါတယ်။

ဒါပေမဲ့ ဂျပန်က တင်းကျပ်တဲ့ စစ်ဆေးမှု၊ တတိယနိုင်ငံတွေကို ပြန်လည်လွှဲပြောင်းမှုကို ထိန်းချုပ်ခြင်းနဲ့ စစ်ပွဲပါဝင်နေတဲ့ နိုင်ငံတွေကို မရောင်းချဘူး ဆိုတဲ့ အခြေခံစည်းမျဉ်း ၃ ခုကို ဆက်လက်ထားရှိမှာဖြစ်ပေမဲ့ နိုင်ငံလုံခြုံရေးအတွက် လိုအပ်တယ်လို့ သတ်မှတ်ရင် ခြွင်းချက်ပေးနိုင်တယ်လို့လည်း အစိုးရဘက်က ပြောထားတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013