DVB Logo
Home
မြန်မာသတင်း
မြန်မာဘက်က ပစ်ခတ်မှုကြောင့် ဒဏ်ရာရ ဘင်္ဂလားဒေ့ရှ် မိန်းကလေးငယ် သေဆုံး 
DVB
·
February 9, 2026
မြန်မာဘက်က ပစ်ခတ်မှုကြောင့် ဒဏ်ရာရ ဘင်္ဂလားဒေ့ရှ် မိန်းကလေးငယ် သေဆုံး 
Donate to DVB

မြန်မာနိုင်ငံဘက်ကနေ ပစ်ခတ်လိုက်တဲ့ သေနတ်ကျည်ထိမှန်ခဲ့တာကြောင့် ဒဏ်ရာ အပြင်းအထန်ရရှိခဲ့တဲ့ အသက် ၉ နှစ်အရွယ် ဘင်္ဂလားဒေ့ရှ် မိန်းကလေးငယ် တယောက် သေဆုံးသွားခဲ့တဲ့အကြောင်း bdnews24 သတင်းမှာ ဖေဖော်ဝါရီ ၇ ရက်က ဖော်ပြပါတယ်။

တက္ကနက်ဖ်ဒေသက ဟူဇိုင်ဖာဆူလ်တာနာအက်ဖ်နန် အမည်ရတဲ့ မိန်းကလေးဟာ ပြီးခဲ့တဲ့ လတုန်းက ဘင်္ဂလားဒေ့ရှ်-မြန်မာနယ်စပ်၊ နတ်မြစ်ထဲက ဝိုင်းကောင်းဧရိယာအတွင်း ဖြစ်ပွားခဲ့တဲ့ ပစ်ခတ်မှု အတွင်း ဦးခေါင်းမှာ ပြင်းထန်ဒဏ်ရာ ရရှိခဲ့သူ ဖြစ်ပြီး ဒါကာမြို့က အမျိုးသား အာရုံကြောသိပ္ပံနဲ့ ဆေးရုံမှာ ဆေးကုသမှုခံယူ နေချိန် ပြီးခဲ့တဲ့ စနေနေ့မနက်ပိုင်းက သေဆုံးသွားခဲ့တာပါ။

သူဟာ ရက်အတော်ကြာ အသက်ရှူစက်နဲ့ ဆေးကုသမှုခံယူနေခဲ့ရတဲ့အကြောင်း ဦးလေးဖြစ်သူ ရှောင်ကတ် အလီက ပြောပါတယ်။

ဝိုင်းကောင်းဒေသ၊ လွန်ဘာဘေးလ်ကျေးရွာမှာ နေထိုင်သူ ဟူဇိုင်ဖာဟာ အဲဒီနေ့က အဘိုးဖြစ်သူနဲ့အတူ အနီးနားက ဆိုင်တဆိုင်မှာ မနက်စာ သွားရောက်ဝယ်ယူချိန်မှာ သေနတ်ကျည်ထိမှန်ကာ ဒဏ်ရာရ ရှိခဲ့တာလို့ ဆိုပါတယ်။

အဲဒီနောက် ဦးလေးဖြစ်သူ ရှောင်ကတ်က သူ့ကို တက္ကနက်ဖ်က စစ်တကောင်းဆေးရုံဆီ ဆေးကုသမှုအတွက် ခေါ်ဆောင်သွားခဲ့ပြီး အဲဒီညမှာပဲ ဆရာဝန်တွေက ခွဲစိတ်ကုသပေးခဲ့ပေမဲ့ ဦးနှောက်အတွင်း စိုက်ဝင်နေတဲ့ ကျည်ဆန်ကို ဖယ်ရှားပေးနိုင်ခြင်း မရှိခဲ့တာကြောင့် နောက်ပိုင်းမှာ ဒါကာဆီ ပြောင်းရွှေ့ခဲ့ရတာလို့ ဆိုပါတယ်။

နယ်စပ်တလျှောက် သေနတ်ပစ်ခတ်သံတွေကြောင့် ဇန်နဝါရီ ၁၀ ရက်ည တလျှောက်လုံး နယ်စပ်ဒေသခံတွေ ထိတ်လန့်နေခဲ့ကြရပြီး နောက်တနေ့ မနက်ပိုင်းမှာတော့ အခြေအနေတွေ ပြန်လည်ငြိမ်သက်သွားခဲ့ကြောင်း ရှောင်ကတ်က ပြောပါတယ်။

မြန်မာနိုင်ငံဘက်ခြမ်း ရခိုင်ပြည်နယ်အတွင်း ပဋိပက္ခတွေ ပြင်းထန်လာတာကြောင့် ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၇ ရက်က စတင်ကာ ကော့ဘဇားခရိုင်ထဲက အူခီယာနဲ့ တက်ကနက်ဖ်နယ်စပ်တွေမှာသာမက ဘန်ဒရီဘန်က နိုင်ခေါင်ဆာရီနယ်စပ်တလျှောက်မှာလည်း ပေါက်ကွဲသံတွေ၊ ပစ်ခတ်သံတွေကို အဲဒီနေ့က အကြိမ်ကြိမ် ကြားနေခဲ့ရတယ်လို့ သတင်းမှာ ဖော်ပြပါတယ်။

Source: bdnews24 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013