
ဟောင်ကောင်မီဒီယာလုပ်ငန်းရှင်ကြီး ဂျင်မီလိုင်ကို ဟောင်ကောင် အမျိုးသားလုံခြုံရေးတရားရုံးက ဖေဖော်ဝါရီ ၉ ရက်မှာ စွဲချက် ၃ ခုအတွက် စုစုပေါင်း ထောင်ဒဏ် နှစ် ၂၀ ချမှတ်ခဲ့ပါတယ်။
နိုင်ငံခြားတပ်ဖွဲ့တွေနဲ့ ပူးပေါင်းကြံစည်မှု စွဲချက် ၂ ခု၊ ပုန်ကန်လှုံ့ဆော်ရေးပစ္စည်းတွေ ထုတ်ဝေမှု စွဲချက်တခုတို့အတွက် စီရင်ချက်ချတာ ဖြစ်ပါတယ်။
လိုင်ကို ရုံးတင်စစ်ဆေးမှုဟာ ဘဏ္ဍာရေးဗဟိုချက် ဟောင်ကောင်ရဲ့ အထင်ရှားဆုံး အမျိုးသားလုံခြုံရေးဆိုင်ရာအမှု ဖြစ်ပါတယ်။
၅ နှစ်နီးပါးကြာ တရားရေးဆိုင်ရာဇာတ်လမ်းတပုဒ် အပြီးမှာ ပြစ်ဒဏ်ချမှတ်ခဲ့တာပါ။
အခုအခါ ပိတ်ထားပြီဖြစ်တဲ့ Apple Daily သတင်းစာကို တည်ထောင်သူ လိုင်ဟာ စွဲချက် ၃ ခုလုံးအတွက် ဒီဇင်ဘာ ၁၅ ရက်မှာ ပြစ်ဒဏ်ချမှတ်ခံခဲ့ရပါတယ်။
သူ့ကို ၂၀၂၀ ခုနှစ် ဩဂုတ်လမှာ ပထမဆုံး ဖမ်းဆီးခဲ့တာပါ။ ဆီးချိုရောဂါနဲ့ သွေးတိုးရောဂါ အပါအဝင် ကျန်းမာရေးပြဿနာတွေကို ခံစားနေရတဲ့ လိုင်က စွဲချက် ၃ ခုအတွက် အပြစ်မရှိဘူးလို့ ထွက်ဆိုခဲ့ပါတယ်။
Source: Reuters










