
တရုတ်ဘဏ္ဍာရေးဝန်ကြီးဌာနက ဇွန် ၁၆ ရက်မှာ ဟောင်ကောင် အထူးအုပ်ချုပ်ရေးဒေသမှာ အခုနှစ်အတွင်း တတိယအသုတ်အဖြစ် ယွမ် ၁၅ ဘီလီယံ (အမေရိကန်ဒေါ်လာ ၂ ဒသမ ၂ ဘီလီယံ) တန်ဖိုးရှိတဲ့ ငွေတိုက်စာချုပ်တွေကို ထုတ်ဝေခဲ့ပါတယ်။
ဒီထုတ်ဝေမှုအပြီးမှာ ဒီနှစ်အတွက် ဟောင်ကောင် ဘဏ္ဍာရေးဝန်ကြီးဌာနက ယွမ်ငွေ ၄၄ ဒသမ ၅ ဘီလီယံ (အမေရိကန်ဒေါ်လာ ၆ ဒသမ ၆ ဘီလီယံလောက်) တန်ဖိုးရှိတဲ့ ငွေတိုက်စာချုပ်တွေကို ထုတ်ပေးခဲ့ပါတယ်။
နိုင်ငံတော်ကောင်စီက အတည်ပြုထားတဲ့ အခုနှစ်အတွက် အလုံးစုံထုတ်ပေးမှု အစီအစဉ်အရ ဘဏ္ဍာရေးဝန်ကြီးဌာနဟာ ဟောင်ကောင်မှာ ယွမ် ၈၄ ဘီလီယံ (အမေရိကန်ဒေါ်လာ ၁၂ ဒသမ ၄ ဘီလီယံလောက်) တန်ဖိုးရှိတဲ့ ငွေတိုက်စာချုပ်တွေကို အသုတ် ၆ သုတ်နဲ့ ထုတ်ဝေမှာ ဖြစ်ပါတယ်။
Source: Reuters










